Arc 19.2

2.3K 341 0
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂)
ရှီရှန်း သန့်စင်ခန်းထဲတွင် ခဏနေလိုက်ပြီး မူလကိုယ်၏အဝတ်အစားများကို လဲဝတ်ကာ သန့်စင်ခန်းမှ ထွက်လာလိုက်သည်။
ကံကောင်းသည်မှာ ဒီလူများက သူမမျက်နှာကို ဆွဲမညှစ်ခဲ့ကြပေ။ မဟုတ်ပါက သူတို့ ထိုအတွက် ပြန်ပေးဆပ်ရအောင် သူမ ကျိန်းသေ လုပ်ပေးလိုက်မည်ဖြစ်သည်။
ရှီရှန်း စိတ်သက်သာရာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမကုလားထိုင်ဆီသို့ ပြန်သွားလိုက်သည်။
ဒီအဖြစ်အပျက်သည် ယဲ့ဖုန်းနှင့် ဘာမျှမဆိုင်သော်လည်း ယဲ့ဖုန်းက မီးမွှေးလိုက်တာကြောင့် ဒီကိစ္စကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ဒီအရာအားလုံး၏နောက်ကွယ်ရှိ ကြိုးကိုင်သူကို ရှာခြင်းဖြစ်သည်။
ငွေသည် သူမဆီ အချိန်မရွေး ပြန်ဝင်နိုင်သည့် အရာဖြစ်သောကြောင့် သူမ ငွေနှင့်ပတ်သက်ပြီး လုံးဝ စိုးရိမ်မနေပေ...
ယဲ့ဖုန်း၏မစ်ရှင်သည် လျှိုမိသားစုကော်ပိုရေးရှင်းတစ်ခုလုံးကို ၀ယ်ရန်ဖြစ်နိုင်သည်။ သူ ရှယ်ယာအားလုံးကို မ၀ယ်မီ လျှိုမိသားစုကော်ပိုရေးရှင်းသည် ဒေဝါလီခံသွား၍ မရပေ။
ရှီရှန်း သူမမျက်လုံးများကို ကျဉ်းလိုက်သည်။
[...] Host မကောင်းတာ တစ်ခုခု လုပ်တော့မှာ ဖြစ်ရမယ် . . .

 
အစောပိုင်း ဝင်လာချိန်က ရှီရှန်း ခေါ်ခဲ့သည့် အမျိုးသမီးမှာ ဟန်ရှောင်ဖြစ်သည်။ သူမက မူလကိုယ်၏ဘက်တော်သားဖြစ်ပြီး ယုံကြည်စိတ်ချလို့ရသည့် သူတစ်ယောက်ဖြစ်သည်။
“စီအီးအိုလျှို ” ဟန်ရှောင် စိုးရိမ်နေပုံရသည်။ ခုနက အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး စီအီးအိုလျှို အဆင်ပြေပါ့မလား...
  
“ ဒီအတောအတွင်း ကုမ္ပဏီဘဏ္ဍာငွေကို စစ်ဆေးဖို့ ငါ့ကို ကူညီပေး ” ရှီရှန်း သူမကို အမိန့်ပေးရင်း ကီးဘုတ်ပေါ် စာရိုက်နေသည်။ “ ပြီးတော့ ဘယ်သူမှ မသိစေနဲ့ ”
 
ဟန်ရှောင် ခဏ အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း ၎င်းမှာ သူမ၏နှစ်ရှည်လများ တည်ရှိလာသည့် အကျင့်ဖြစ်တာကြောင့် သူမ ဘာမျှထပ်မမေးတော့ပေ။
  
စီအီးအို၏အတွင်းရေးမှူးအနေနှင့် ဟန်ရှောင်၏လုပ်ပိုင်ခွင့်သည် အတော်လေးမြင့်မားသော်လည်း ဘဏ္ဍာငွေကို ပိပိရိရိ စစ်ဆေးရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
ရှီရှန်း အလုပ်ဆင်းချိန်တွင် သူမခါးကို အားပြုပြီး အောက်ထပ်သို့ လျှောက်လာလိုက်သည်။ ဖြတ်သွားသည့် ၀န်ထမ်းတိုင်းသည် သူမအား ထူးထူးဆန်းဆန်း ကြည့်သွားကြသည်။
သို့သော်လည်း ရှီရှန်း မြေအောက်ခန်းရှိ သူမကားဆီသို့ ရောက်သွားချိန် ထိုနေရာတွင် သူမကို စောင့်နေသည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။
 
သူက သာမန်ကာလျှံကာ ဝတ်ဆင်ထားသော်လည်း ထိုသူ၏ကြည့်ကောင်းသည့် မျက်နှာနှင့် သူ၏နှစ်လိုဖွယ်ကောင်းသည့် မျက်လုံးများသည် အချစ်များဖြင့် ပြည့်နေပြီး လူများအား သူ ကြည့်သည့်ပုံစံသည် လူတိုင်းက သူ၏ ချစ်သူဖြစ်နေသကဲ့သို့ပင်။
 
ယဲ့ဖုန်း . . .
 
ဇာတ်လိုက်ကောင် ပေါ်လာပြီ။
ထိုသူက သူမကားကို မှီကာ သူမကို စောင့်နေပုံရသည်။
ယဲ့ဖုန်းက သူမ လာနေသည်ကို တွေ့လိုက်ပြီး ချက်ချင်း သူ့ကိုယ်ဟန်အနေအထားကို မတ်လိုက်ကာ သူ၏ခေတ်ဆန်ကြော့မော့သည့် ပုံကို ပြလိုက်သည်။ “ ရှန့်ကော ”
ရှီရှန်း ထိုနေရာကို ခံစားချက်မရှိသည့် မျက်နှာဖြင့် လျှောက်သွားလိုက်သည်။ “ ဟ ဟပဲ ”
ယဲ့ဖုန်း အနည်းငယ် အံ့အားသင့်မိသည်။ တစ်နေ့လုံး၊ တစ်ညလုံး အလုပ်လုပ်ဖို့ပဲ သိတဲ့ office ladyတစ်ယောက်က အင်တာနက်ဘန်းစကား ဘယ်လိုသုံးရမလဲ သိတယ်လား???
 
ရှီရှန်း တံခါးကို ဖွင့်လိုက်ပြီး ပိတ်တော့မည့် အချိန်တွင် တစ်နေရာရာမှ ထွက်လာသည့် လက်တစ်ဖက်က တံခါးကို ရုတ်တရက် ဆွဲလိုက်သည်။ အားတိုးလာသည်နှင့်အမျှ ရှီရှန်းက တံခါးကို သူမဘက်သို့ ဆောင့်ပိတ်လိုက်၏။ ထိုအပြုအမူကြောင့် ယဲ့ဖုန်း အံ့သြသွားကာ သူ့လက်ကို လွှတ်မိသွားစေသည်။
 
သူ ကားတံခါးကို ခံပြင်းစွာ ထုရိုက်လိုက်သည်။ “ ရှန့်ကော၊ လျှိုရှန့်ကော၊ ကိုယ်တို့ စကားပြောဖို့ လိုတယ် ”
 
ရှီရှန်းက လှောင်ပြုံးတစ်ခုနဲ့ ကားမှန်ကို အနည်းငယ် အောက်ချလိုက်သည်။ “ မစ္စတာယဲ့၊ ရှင်က တခြားတစ်ယောက်နဲ့ အိပ်နေတဲ့ချိန်မှာ အခု ဘယ်လိုအနေအထားမျိုးနဲ့ ကျွန်မကို ဆွေးနွေးဖို့ ကြိုးစားနေတာလဲ ”
 
သူမက သူမပါးစပ် ဖွင့်လိုက်သည်နှင့် ညစ်ပတ်သည်များ ပြောနေသောကြောင့် ယဲ့ဖုန်းမှာ အကွက်ရွှေ့ဖို့ပင် ကြောင်အမ်းသွားတော့သည်။
ရှီရှန်းက ထုရိုက်နေသည့် ယဲ့ဖုန်းကို ရှောင်ရန် ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက် ကားအင်ဂျင်ကို စဖွင့်လိုက်သောကြောင့် ယဲ့ဖုန်း နောက်ဆုတ်လိုက်ရတော့သည်။
 
သူမကားမှ ထွက်လာသည့် အိတ်ဇောငွေ့များသည် ယဲ့ဖုန်း၏မျက်နှာအနှံ့ ရှိနေခဲ့၏။
သူ စောနက ဖြစ်ပျက်သည်များကို မသေချာပေ။ ရှန့်ကော ဒေါသထွက်သွားတာလား???
……
“ Buzz- ” ယဲ့ဖုန်း၏ဖုန်း မြည်လာခဲ့သည်။ သူ ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းဖန်သားပြင်ပေါ်ရှိ နာမည်ကို မြင်လိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာခဲ့သည်။ “ ချန်ချန် ”
  
“ ယဲ့ဖုန်း၊ ကျွန်မ ခြေချင်းဝတ် လည်သွားလို့...ရှင် ကျွန်မကို လာခေါ်ပေးလို့ ရမလား ” ဖုန်းထဲမှ မကျေနပ်သံ၊ ကလူသံအနည်းငယ်ဖြင့် ချိုသာသည့် အမျိုးသမီးတစ်ဦး၏အသံသည် ထွက်လာနေသည်။ ယဲ့ဖုန်း၏ရင်ထဲတွင် ကဆုန်ပေါက်သွားကာ ချက်ချင်း သဘောတူလိုက်သည်။
ရှီရှန်း အိမ်ပြန်ရောက်သည်နှင့် ဆက်သွယ်ရေးကိရိယာအားလုံးကို ချက်ချင်း ပိတ်လိုက်တော့သည်။ ယခု ထိုသတင်းထောက်များသည် ဥထဲရှိ အက်ကြောင်းတစ်ခုကို မြင်လိုက်ရသည့် ယင်ကောင်များလိုပင်။
 
ယခုအချိန်တွင် ဆက်စပ်ဌာနမှ အကြောင်းအရာကို သူတို့ ရှာတွေ့သွားကြပြီဖြစ်သည်။ ဂျယ်လီဆောက်လုပ်ရေးစီမံကိန်းတွင် သူမ ပါဝင်ခြင်း မရှိသောကြောင့် အဆောက်အအုံများကို မလွှဲပြောင်းပေးခဲ့ပေ။ ထို့ပြင် မည်သူမျှ မသေဆုံးခဲ့သောကြောင့် ဤကိစ္စကို ဖြေရှင်းရန်မှာ မခက်ခဲပေ။ [ဂျယ်လီဆောက်လုပ်ရေး= အဖြစ်မရှိ ညံ့ဖျင်းသော ဆောက်လုပ်ရေး]
ငွေကြေးနှင့် အကြမ်းဖက်ရုံဖြင့် ဖြေရှင်းနိုင်သည့် အရာများသည် ရှီရှင်းအတွက်တော့ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
ထို့ပြင် ဒီကမ္ဘာတွင် ဒီနှစ်ခုသည် ကြိုးပမ်းမှုတိုင်းတွင် အမြဲအောင်မြင်စေလိမ့်မည်။
အရင်ဆုံး သူမ၏ပွန်းပဲ့ဒဏ်ရာများကို ကုသရန် ရှီရှန်း ဆုံးဖြတ်လိုက်သည်။
ပွန်းပဲ့ရာများဖြင့် ပြည့်နေသည့် မှန်ထဲရှိ သူမ၏ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို ကြည့်ရင်း သူမ စိတ်မချမ်းမသာဖြစ်သွားတော့သည်။ အဲ့အစောင့်တွေ အဲ့တုန်းကထက် နောက်ကျမှ ဘာလို့မလာရတာလဲ???
အနည်းဆုံးတော့ ငါ့ကို လက်စားချေခွင့်ပြုရမှာပေါ့။
ငါ သူတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီးရင် ငါ ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ကို ဆေးဖိုးပေးလိုက်မှာပေါ့။
 
သတင်းမှာ ဤအကြောင်းဖြစ်သည်။ ရှီရှန်း ထိုအရာအားလုံးကို တွေ့သည့်အခါ စိတ်တိုလာသောကြောင့် သူမက တီဗီကို ပိတ်ပြီး အင်တာနက်တွင် လျှောက်ကြည့်တော့သည်။
ယခုအချိန်တွင် ယဲ့ဖုန်းသည် လျှိုမိသားစုကော်ပိုရေးရှင်းတွင် ရှယ်ယာအများဆုံးဖြစ်သည်။ မူလကိုယ်က အစုရှယ်ယာ၏ ၁၅% ကိုသိမ်းပိုက်ထားဆဲဖြစ်သောကြောင့် အတော်လေးများသည်ဟု ယူဆရပေသည်။
ရှီရှန်း သူမမေးစေ့ကို ပင့်ကာ တွေးနေလိုက်သည်။ ဒီရှယ်ယာတွေကို ငါ ဘာလုပ်သင့်လဲ???
စျေးအများကြီး လျှော့ပြီး ရောင်းရမလား။ ဒါမှမဟုတ် တစ်ခုဝယ် တစ်ခုအလကား ပေးရမလား???
ငါ အရင်ဆုံး ပိုက်ဆံပိုရှာတာ ပိုကောင်းမယ်။ ငါသာ ပိုက်ဆံမရှာရင် ဇာတ်လိုက်က virtualပိုက်ဆံကို တကယ့်ပိုက်ဆံပြောင်းနိုင်တာ ငါ သူ့ကို ဘယ်လိုလုပ်သွားပြိုင်နိုင်တော့မှာလဲ???
……
တနေ့ပြီးတနေ့ သူတို့ရုံးခန်းတွင် အဓိကရုဏ်းတွင် ပါဝင်သူများ စုရုံးနေချိန်တွင် ဟန်ရှောင်သည် ငွေစာရင်းများ ရယူရန် အချိန်တချို့ ယူလိုက်ရသည်။ ရှီရှန်း လုပ်သည့် အရာအားလုံးမှာ ၎င်းတို့အား ကိုင်တွယ်ရန် PRသို့ သွားပြောခြင်းသာ ဖြစ်ပြီး ကျန်သည့်အရာများကို သူမက ဂရုပင် မစိုက်ပေ။ ထို့ပြင် အဓိကရုဏ်းတွင် ပါဝင်သူများကို သူတို့လုပ်ချင်သလို လုပ်ခွင့်ပြုထားသည်။

“ စီအီးအိုလျှို၊ ရှင် ဒါတွေကို ဘာအတွက်လိုအပ်တာလဲ ” ရှောင်ဟန်က ဖိုင်များကို ရှီရှန်းကို လွှဲပေးရင်း သူမကို စိုးရိမ်တကြီး မေးသည်။
  
ရှီရှန်းက ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်သည်။ “ မင်း အခု နုတ်ထွက်လို့ရပြီ ”
“ ဘယ်လို ” ဟန်ရှောင် တုန်လှုပ်သွားတော့သည်။ “စီအီးအိုလျှို၊ ကျွန်မ... ကျွန်မ ဒီကုမ္ပဏီက ထွက်ခွာဖို့ မစဉ်းစားဖူးဘူး...ရှင် ဒီအကျပ်အတည်းကို ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ် ”
သူမသည် စီအီးအိုလျှို ဇီးရိုးမှ ဟီးရိုးအထိ ရောက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူမ မည်မျှကြိုးစားအားထုတ်ခဲ့သည်ကို သူမ သိသည်။  သူတို့ ဤအကျပ်အတည်း ကြုံတွေ့နေရချိန်တွင် သူမဘေးမှ ထွက်မသွားနိုင်ပေ။
သူမ မလုပ်နိုင်ပေ။ သူမ ဤအချိန်တွင် စီအီးအိုလျှိုကို စွန့်ခွာလိမ့်မည် မဟုတ်ပေ။
ဟန်ရှောင်သည် တစ်ပြားသားမှ အလျှော့မပေးခဲ့ပေ။
“ ငါ နင့်ကို နုတ်ထွက်ခိုင်းတာ...နင့်ကို ငါ့အတွက် အလုပ်လုပ်တာ ရပ်လို့ မပြောဘူး ”
  
ဟန်ရှောင်: “ … ” အကယ်၍ ကျွန်မ နုတ်ထွက်လိုက်ရင် ကျွန်မ ရှင့်အတွက် ဘယ်လိုအလုပ်လုပ်ပေးရမှာလဲ???

“ နုတ်ထွက်ပြီး ငါ ဖုန်းခေါ်မှာကို စောင့်နေ ” ရှီရှန်းသည် ဟန်ရှောင်ကို ထွက်သွားရန် သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။
ဟန်ရှောင် ရှုပ်ထွေးစွာဖြင့် ထိုနေရာမှ ထွက်ခွာခဲ့သည်။
စီအီးအိုလျှို ဘာလုပ်ဖို့ကြိုးစားနေတာလဲ??
  
ရှီရှန်း ငွေစာရင်းများကို ရရှိခဲ့သည်။ တစ်စုံတစ်ယောက်က အရူးတစ်ယောက်လို လျှိုမိသားစုကော်ပိုရေးရှင်း၏ ရှယ်ယာများကို ၀ယ်နေသည်ကို သူမ သတိပြုမိခဲ့ပြီး ထိုအရူးမှာ ဇာတ်လိုက်ဖြစ်နိုင်သည်။
ရှီရှန်းသည် အစုရှယ်ယာဈေးကွက်တွင် သူမရှယ်ယာများကို ထည့်ရန် လှည့်ကွက်တချို့ အသုံးပြုခဲ့သည်။ သူမရှယ်ယာများကို ဇာတ်လိုက် ဝယ်ယူသည်မှာ သေချာစေပြီးနောက် အမည်မဖော်ပြသည့် သတင်းတစ်ခု ပြုလုပ်ခဲ့၏။

သူမ၏သတင်းမှားသည် ကုမ္ပဏီ၏ငွေစာရင်းနှင့် ပြိုင်တူလှုပ်ရှားခဲ့သည်။ သူမ ၎င်းကို အမည်မတပ်လျှင်ပင် သူမ၏လှည့်ကွက်သည် အတော်လေးထူးခြားသဖြင့် တခြားဌာနအားလုံး လုံးဝ သတိထားမိလိမ့်မည် မဟုတ်။
အခွန်ရှောင်ရှားခြင်းနှင့် အခွန်လိမ်လည်မှုအပြင် အဆောက်အဦးများ ပြိုကျသည့် အဖြစ်အပျက်ကြောင့် လျှိုမိသားစုကောပိုရေးရှင်းသည် စုံစမ်းစစ်ဆေးမှုအောက်တွင် ရှိနေပြီး လျှိုမိသားစုကော်ပိုရေးရှင်း၏ဂုဏ်သတင်းသည် ရွှံ့ထဲတွင် ရှိနေသည်။
လျှိုမိသားစုကော်ပိုရေးရှင်း၏ဘဏ္ဌာရေးဌာနသည် ဆွံ့အနေခဲ့သည်။ သူတို့ထဲမှ တစ်စုံတစ်ဦးက သတိပြုမိရမည်ဖြစ်သည်။ သို့သော်လည်း ထိုပမာဏသည် မသိသာသည့်အပြင် အသုံးပြုသည့် နည်းစနစ်သည် သူတို့နည်းလမ်းနှင့် လုံးဝကွာခြားနေသည်။

အရေးအကြီးဆုံးမှာ ကုမ္ပဏီ၏၀င်ငွေသည် များများစားစားမရှိသောကြောင့် ဤငွေပမာဏသည် အကြောင်းပြချက်မရှိဘဲ ရှိမည်မဟုတ်ပေ။ ကိစ္စတိုင်းသည် မူလဒေတာတွင် ခြေရာခံနိုင်သည်။ မူလဒေတာသည် ဌာနခွဲကုမ္ပဏီမှ ဌာနချုပ်သို့ တင်ပြ၍ သူတို့၏စစ်ဆေးခြင်းကို ခံရသည်။
စာရွက်မိတ္တူများ ပျောက်ကွယ်သွားသည်မှာ ပို၍ပင်ထူးဆန်းသည်။
  
၎င်းကို ပြီးခဲ့သည့်နှစ်က စတင်ခဲ့ပြီး ကုမ္ပဏီကို ပြုပြင်ပြောင်းလဲချိန်တွင် ရုံးချုပ်သည် စက္ကူမိတ္တူများကို သိမ်းဆည်းပြီး ဌာနခွဲကုမ္ပဏီများကမူ soft copiesကို သိမ်းထားလိမ့်မည်ဖြစ်သည်။
 
ကုမ္ပဏီ၏ အတည်တကျ မရှိသောရန်ပုံငွေများသည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သို့သော်လည်း ဘယ်နေရာသို့ရောက်သွားသည်ကို မည်သူမျှမသိကြပေ။
ဘဏ္ဌာရေးဌာနကို ခွေးတိုက်ပွဲအခြေအနေသို့ ကျရောက်သွားခဲ့သည်။ ထိုအခြေအနေတွင် Aက B ဟု ပြောပါက၊ Bက C လုပ်သည်ဟု ပြောလိမ့်မည်ဖြစ်ပြီး Cက Aကို အပြစ်ဖို့လိမ့်မည်ဖြစ်သည်။ [ခွေးတိုက်ပွဲ_အောင်မြင်ဖို့အတွက် အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ရုန်းကန်နေကြခြင်း]
ရှီရှန်းကတော့ ကျိန်းသေကို သူမကိုယ်တိုင် မီးထဲ ဆွဲခေါ်လိမ့်မည် မဟုတ်ပေ။ စုံစမ်းစစ်ဆေးမှုတွင် သူမ ဤအကြောင်းကို ဘာမျှမသိကြောင်းနှင့် သူမအား ညွှန်ပြနေသည့် သက်သေအထောက်အထားများ မရှိကြောင်း အတည်ပြုပြီးနောက် သူမ အိမ်ပြန်ရန် လွတ်လာတော့သည်။
လုံလောက်သော သက်သေအထောက်အထားများကြောင့် အခြားသူများ ပြောဆိုသမျှသည် သက်သေအထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ကို အကူအညီမပေးနိုင်ပေ။
လျှိုမိသားစုကော်ပိုရေးရှင်းသည် ဒဏ်ငွေပမာဏအမြောက်အမြားဖြင့် အပြစ်ပေးခံရပြီး ဒေဝါလီခံသွားရပြီဟု ကြေငြာခံလိုက်ရသည်။
  
ယဲ့ဖုန်း တုန့်ပြန်ရန် အချိန်မရသည်အထိ ဤအရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။
 
သူ့တာဝန် ကျရှုံးသောကြောင့် ဦးနှောက်ခြောက်နေတော့သည်။
အကယ်၍ ယဲ့ဖုန်းသည် သူ့တာဝန်ကို ကျရှုံးပါက သူ အပြစ်ပေးခံရမည်ဖြစ်သည်။ ထို့ကြောင့် ယဲ့ဖုန်း အမှတ် ၃၀၀၀ ဆုံးရှုံးသွားခဲ့သည်။
 
အစပိုင်းတွင် ရမှတ်များ စုဆောင်းရန် ခဲယဉ်းသည်။ ယခု သူ အမှတ် ၃၀၀၀ နှုတ်ယူခံရပြီး ဖြစ်၍ သူ့ရမှတ်များသည် အနှုတ်ဘက်သို့ ချက်ချင်း ဆင်းသွားတော့သည်။

Translated by MidnightHunterTeam

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now