Arc 19.11

1.9K 299 6
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၁)

အများပြည်သူ၏ ထင်မြင်ချက်များသည် ကြောက်မက်ဖွယ်ကောင်းမှန်း ရှီရှန်းသေချာပေါက်သိလေသည်။
သို့သော်သူမသည် အသည်းငယ်တတ်သော မိန်းကလေးငယ်လေးများကဲ့သို့ မဟုတ်ပေ။
ငါသာ အကြမ်းဖက်လိုက်လို့ရှိရင် ကမ္ဘာကြီးတစ်ခုလုံးက သူတို့ရှုံးနိမ့်သွားပါပြီးဆိုတာကိုပဲ ဝန်ခံရလိမ့်မယ်. . .

ရှီရှန်းသည် ဟန်ရှောင်၏စကားများကို ဆက်နားမထောင်လိုတော့ဘဲ သူမဆာလောင်နေသောကြောင့် ညစာချက်ပြုတ်ရန်သာ ဟန်ရှောင်ကိုခိုင်းလိုက်သည်။

ဟန်ရှောင်ကိုပထုတ်ပြီးနောက် ရှီရှန်းသည် ကွန်ပျူတာကိုဖွင့်ကာ အမျိုးစုံသော အွန်လိုင်းဖိုရမ်များကို အပေါ်အောက်လျှောက်ဆွဲနေမိသည်။
ပို့စ်များအားလုံးကို " ကျွန်တော့်ရဲ့စီအီးအို အလှလေး" ဆိုသည့် collection ထဲတွင် စုစည်းထားလေသည်။
သခင်ကြီးကတော့ သခင်ကြီးပဲ!

Web Page ကို ဆွဲကြည့်နေစဉ် ရှီရှန်းသက်ပြင်းချလိုက်မိသည်။  သက်ပြင်းချပြီးနောက် သူမကအချိန်ကြာမြင့်စွာ ဖွင့်ကြည့်ခဲ့ခြင်းမရှိသော ' တွင်း ' ထဲကို ဝင်ကြည့်ရန်သတိရသွား၏။

တစ်ခုခု တူးထုတ်ရမယ့်အချိန်ပဲ!
မျက်စိတစ်ခတ်အတွင်းမှာပဲ ရှီရှန်းသည် သူမ၏အွန်လိုင်းပေါ်မှ ချိန်းခြောက်ငွေညှစ်မှုကို မေ့သွားခဲ့သည်။

သူမဟာ အကြမ်းဖျင်းသုံးခါလောက် ဟိုဟိုဒီဒီ လှန်လှောကြည့်ပြီးသည့်အချိန်တွင် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး ဟန်ရှောင်သည် နှစ်ကြိမ်မျှ အခန်းထဲသို့ ဝင်လာခဲ့ကာ ပထမတစ်ကြိမ်မှာ သူမကို ညစာစားရန် လာခေါ်ခြင်းဖြစ်ပြီး ၊ ဒုတိယအကြိမ်သည်တော့ ထိုအစားအစာများကို အခန်းထဲသို့ ယူဆောင်လာပေးခြင်းပင်ဖြစ်၏။

သို့သော် ရှီရှန်းအပြင်သို့ ထွက်စားခါနီးတွင် Web Page ပေါ်၌ ' ကံကောင်းမှု ' ကိုဝတ်ဆင်ထားသော လျန့်ချင်းကို တွေ့လိုက်ရသည်။

သောက်ကျိုးနည်း?

လူများစွာ၏ သောင်းသောင်းဖျဖျ ကောင်းချီးပေးနေမှုများအကြားတွင်  Weibo ပေါ်၌ ကံကောင်းမှုလက်ကောက်ကို ဝတ်ဆင်ထားသည့် လျန့်ချင်း၏ဓာတ်ပုံတစ်ပုံကို ရှီရှန်းတွေ့သွားခြင်းဖြစ်သည်။
တင်ထားသည့်အချိန်မှာ လွန်ခဲ့သော နာရီဝက်ခန့်က ဖြစ်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Donde viven las historias. Descúbrelo ahora