Arc 20.5

851 92 1
                                    

Unicode


"

ဟွားမန်မန်
မင်းဒီနားမှာဘာလုပ်နေတာလဲ"
ကြီးမြတ်သောဂျူလိုင်သည် သူ့ပါးသူပွတ်ရင်းဖြင့် ရှီရှန်းကို စက်ဝိုင်းပုံလှည့်သွားနေလေသည်။

"ရှိုးကြည့်နေတာလေ"

ကြီးမြတ်သောဂျူလိုင်ဟာ သိပ်မဝေးတဲ့နေရာတစ်ခုမှာ ရှိနေတဲ့လူတစ်စုကို ကြည့်လိုက်သည်။ထို့နောက် သူ့အကြည့်ကိုပြန်ရုတ်သိမ်းပြီးနောက် "မင်းကNPCတစ်ယောက်မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီးမင်း အဲ့လိုလုပ်နိုင်နေတာလဲ??"

"ကျွန်မက ထက်မြတ်တဲ့ NPCတစ်ယောက်လေ၊
ဦးနှောက်မရှိတဲ့လူမှမဟုတ်တာ"

ရှီရှန်းသူမရဲ့မျက်လုံးကို လှည့်လိုက်ပြီး,

"ရှင်ကျွန်မရဲ့ လမ်းကိုပိတ်နေတာပဲ"

"မင်းအဲ့လိုစကားပြောတဲ့အချိန်ကြရင် လူတွေကိုတကယ် စိတ်အနှောင့်အယှက်ပေးဖို့လွယ်တယ် သိလား" ကြီးမြတ်သောဂျူလိုင် အလွန်ချစ်ဖို့ကောင်းသည့်ပုံမျိုးနဲ့ သူ့၏ပါးကိုဖောင်းလိုက်ချေသည်။

"ကျွန်မကNPCလေ,ဘယ်သူ့ကိုကြောက်နေရမှာလဲ?"
ရှီရှန်း စိတ်ကြီးဝင်စွာဖြင့် သရော်လိုက်ပေ၏။

ကြီးမြတ်သောဂျူလိုင် :......

တကယ့် အချက်ကောင်းကြီးဟ၊
ပြောစရာစကားတောင်မရှိတော့ဘူး

NPC တွေဟာ Levelတွေကျခြင်းမရှိပေ။အကယ်၍သူတို့က တစ်စုံတစ်ယောက်ဆီက အသတ်ခံရရင်တောင်မှပေါ့။သူတို့ရဲ့ equipment အချို့သာဆုံးရှုံးပြီး systemကထိုအကြောင်းကိုတွေ့ရှိသွားတဲ့အခါမှာ ပြန်အစားထိုးဖို့ equipment တွေချက်ချင်းရရှိမှာဖြစ်ပေသည်။

သူတို့ကဘယ်သူ့ကိုကြောက်ရမှာလဲ?

"မင်းသူမကိုသိတာလား?"ကြီးမြတ်သော ဂျူလိုင်ကသူ့ရဲ့ အာရုံစိုက်မှုကို သူနှင့်ဆန့်ကျင်ဖက်သဖွယ် ဖြစ်နေသောလီဂျင်း ဆီပို့လိုက်ချေသည်။ထို့နောက် ရုတ်ချည်းဆိုသလို အသံတိုးတိုးလေးအော်လိုက်ပြီး,
"အဲ့တာဒဏ္ဍာရီလာနတ်ဘုရားပိုင်ပစ္စည်းမဟုတ်ဘူးလား?"

ကြီးမြတ်သောဂျူလိုင်က ကမ္ဘာကို ကိုင်ထားရတာစိတ်လှုပ်ရှားလာခဲ့ပြီး Live streamingကို စလိုက်ချေသည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now