Part 36 (U+Z) The End!

3.9K 199 37
                                    

#Unicode

"ပါပါး"

သားတို့ခေါ်သံလေးကို ကြားလိုက်ရတော့ အိပ်ရာကနေလန့်ပြီးနိုးလာခဲ့တယ်။

နိုးထလာရတဲ့ မနက်ခင်းတိုင်းမှာ ရေးရဲ့နံနက်ခင်းတွေကို လှပစေခဲ့တဲ့ ငှက်ကလေးနှစ်ကောင်ကို လွမ်းတယ်။ အိပ်ရာနိုးလာတိုင်း ရေးရဲ့အနီးကပ်ဆုံးမှာ ရှိနေခဲ့တဲ့ ဦးဝေကို လွမ်းတယ်။

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ အေးချမ်းကြည်လင်ပြီး တည်ကြည့်ခန့်ညားတဲ့ ဦးဝေရဲ့မျက်နှာချောချောကြီး ကိုအရင်တွေ့နေကြ။ ဦးဝေရဲ့မျက်နှာကို အဝကြည့်ပြီးတာနဲ့ တစ်ဘက်ကိုလှည့်လိုက်ရင် ခေါင်းအုံးတခြား လူတခြားဖြစ်နေတတ်တဲ့ သားနှစ်ယောက်ကို တွေ့ရမှာပါ။

ခုရော . . .?

ခုနောက်ပိုင်းတော့ ရေးရဲ့နံနက်ခင်းတိုင်းက အဓိပ္ပါယ်မဲ့နေခဲ့တာကြာပါပြီ။ နေ့‌တစ်နေ့ကို မျက်ရည်တွေနဲ့ အစပြုနေကြ။ သားတို့ကို လွမ်းလို့ သားတို့အဖေကိုလွမ်းလို့။ ရေးရဲ့အိပ်ရာပေါ်လေးကနေ လှမ်းကြည့်ရင် ဦးဝေတို့ရဲ့အိမ်ကိုမြင်ရတယ်။

မနက်တိုင်းဦးဝေကို ငေးကြည့်ရတာ အလုပ်တစ်ခုဆိုရင် ဦးဝေကိုတွေ့နိုင်ဖို့ လိုက်ရှာရတာကလည်း တာဝန်တစ်ခုလိုပဲ။ တွေ့နိုင်မှ ငေးခွင့်ရနိုင်မှာကိုး။

မကြွေရုပ်ရောက်လာပြီးကတည်းက ‌ဦးဝေနဲ့ စကား‌မပြောဖြစ်တော့ပေ။ ရေးက မနက်စာစားပြီးတာနဲ့ ပိတောက်ရိပ်လွှမ်းမိုးထားတဲ့ အိမ်ရှေ့ခေါင်မိုးပေါ်လေးမှာထိုင်ပြီး ဦးဝေကိုချောင်းနေကြ။ တစ်ခါတလေ အိမ်ထဲမှာ အသံတွေကြားနေပေမဲ့ မျက်နှာ မမြင်ရတဲ့အခါတွေလည်းရှိတယ်။ တစ်ခါတလေ မကြွေရုပ်နဲ့ အတူတွဲထွက်သွားတဲ့ ဦးဝေကို မြင်နိုင်သေးတယ်။ တစ်ခါတလေ ရေးကိုလှမ်းကြည့်တတ်တဲ့ ဦးဝေကို တွေ့ခွင့်ရတယ်။

ညနေဘက်တွေဆို ဂစ်တာလေးခေါက် သီချင်းလေးဆိုပြီး ဦးဝေကြားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖိုသံပေးဖူးတယ်။ ဆိုသမျှသီချင်းတိုင်းက ဦးဝေသိနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဝေအတွက်ရည်စူးပြီး ဦးဝေရင်ကို လှုပ်ခတ်နိုင်မယ့် သီချင်းလေးတွေကိုပဲ ရွေးချယ်သီဆိုခဲ့တာတွေချည်းပါပဲ။ 'ဆု' ကတော့ မပါမဖြစ်ပေါ့။ အဖွင့်ကလည်း 'ဆု'ပဲ အပိတ်ကလည်း 'ဆု'ပဲ။ သူသိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့အတွက်ရည်စူးပြီး ဆိုခဲ့တာပါ။ သူကတော့ သိနိုင်ပါ့မလားပဲ။

OMG . . . My Future Husband is Him !!!Where stories live. Discover now