Part 32 (U+Z)

2.6K 136 23
                                    

#Unicode

အပန်းဖြေခရီးသွားဖို့ သားသားတို့ရဲ့အကြံပြုချက်ကြောင့် ရေးရဲ့ရွေးချယ်မှုဖြစ်တဲ့ ပေါင်းတည်စွယ်တော်ကို လာဖူးကြတာပါ။ ပေါင်းတည်စွယ်တော်ကအပြန်မှ ပြည်ဆံတော်ရှင်လည်း ဝင်ဖူးမယ်။ သရေခေတ္တရာပျူမြို့ဟောင်းကိုလည်းသွားမယ်။ ပြီးတော့ ဦးဝေနဲ့အတူ နဝဒေးတံတားမှာ စက်ဘီးစီးဖို့လည်း ရည်ရွယ်ထားတယ်။

ခုတော့ စွယ်တော်ကိုဖူးဖို့ အရင်ရောက်ခဲ့ကြတယ်။

"ရေးငယ်က ဒီကိုဘယ်လိုရောက်ဖူးတာလဲ"

"မေမေ့အမျိုးတွေက ဒီဘက်ကလေ။ ဟိုးငယ်ငယ်ကတော့ ရောက်ဖူးတယ်။ အခုအရွယ်ရောက်မှ မရောက်ဖူးတော့တာ။ ငယ်ငယ်ကဆို မေမေနဲ့ ပြည် - နတ်တလင်း - ပေါင်းတည်ဆိုတာ စက်ဘီးနဲ့သွားခဲ့ကြတာ။ မိသားစုတွေဆီကို အလည်သွားခဲ့ကြတာပေါ့"

"ဪ ရေးက ပဲခူးသားလေးပေါ့"

"ဟင့်အင် ဧရာဝတီတိုင်းသားပါ"

"ဟင်"

"ရေးတို့က ပဲခူးတိုင်းနဲ့နီးတဲ့ ဧရာဝတီအစပ်လေးမှာနေတာ။ ပဲခူးနဲ့ဆို ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့"

"ဪ"

"ကိုကို့ကို လိုက်ပို့ပေးရင်း နဝဒေးတံတားမှာ ကိုကိုနဲ့အတူ စက်ဘီးစီးချင်တာ"

"ရေးငယ်သဘောကျ ဖြစ်စေရမယ်"

"ချစ်တယ်"

ပေါင်းတည်စွယ်တော်ဆိုတာ ကြက်ပျံမကျစည်ကားလွန်းလှတဲ့နေရာ။ စွယ်တော်လှည့်ပွဲဆို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေလာရောက်ဖူးမြော်ကြတာမို့ လူတွေအများကြီး ကြိတ်ကြိတ်တိုးလို့ပေါ့။

ပေါင်းတည်စွယ်တော် ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း တောင်သလင်းလဆန်း ၈ရက်နေ့ကနေ တော်သလင်းလပြည့်ကျော် ၁ရက်နေ့အထိ ၉ရက်တိုင်တိုင် ကျင်းပနေကြပါ။

ယိမ်းကားလှည့်တဲ့အချိန်ကို ကြည့်ခွင့်ရတာလည်း ဘဝမှာ မမေ့နိုင်တဲ့ပျော်စရာတစ်ခုပါပဲ။ ဗုဒ္ဓမြတ်ဆွယ်တော်ကို ဆင်ကြီးပေါ်မှာတင်ပြီး တခမ်းတနား လှည့်တာပါ။ ဆင်တွေရဲ့နောက်မှာ လှည်းယဉ်လေးတွေနဲ့ ဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော်လေးတွေလည်း ပါဝင်ပါသေးတယ်။ ရေး ငယ်ဘဝကမြင်ဖူးခဲ့တာ ဝေသန္တာရာဇာတ်တော် ခုက နေမိဇာတ်တော်။

OMG . . . My Future Husband is Him !!!Where stories live. Discover now