#Unicode
"အမေ့"
သတိမရသေးတဲ့ရေးငယ်ရဲ့ နဖူးလေးကို ဖွဖွလေးမွှေးကြူလိုက်တဲ့အချိန် ရေးငယ်ရဲ့မျက်လုံးက ရုတ်တရက်ပွင့်လာတာဆိုတော့ အခွန်အံ့ဩထိတ်လန့်သွားရတယ်။
"ရေး ရေးငယ်လေး သတိရလာပြီ"
"ဦးဝေတအားငိုနေလို့လေ"
"အဟား"
ဦးဝေရှက်ရယ်ရယ်တာကို ငေးကြည့်ရင်း ရေးရဲ့ရွေးချယ်မှုကို ရေးပြုံးမိသွားတယ်။ ရေးပြန်လာဖို့ ငိုနေတဲ့ဦးဝေကို ငေးကြည့်ရင်း ရေးရင်တွေနာကျင်ခဲ့ရတယ်။
"ရေးငယ်လေးမရှိရင် မဖြစ်တာမို့ ကိုကို့ဆီကို ပြန်လာပေးပါ။ ရေးငယ်မရှိရင် ကိုကိုသေမှာ"
ဦးဝေနှုတ်က သေမှာဆိုတဲ့ စကားလေးတစ်ခွန်းက ရေးရဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်။ ဦးဝေရဲ့မျက်ရည်တွေက ရေးကိုမထားရစ်ခဲ့နိုင်အောင် တုပ်နှောင်လို့ထားခဲ့တယ်။ ဦးဝေရဲ့ ချစ်ခြင်းမေတ္တာက ရေးကိုပြန်လာစေခဲ့တာပါ။
ဒီရွေးချယ်မှုအတွက် ရေးဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ရေးရဲ့ရွေးချယ်မှု မှန်ကန်တယ်ဆိုတာကို ဦးဝေရဲ့မျက်နှာလေးက သက်သေပြနေတယ်။
အကယ်၍ ကျွန်တော့်မှာကမ္ဘာနှစ်ခု ရှိခဲ့တယ်ဆိုရင် ကျွန်တော် အခု ဦးဝေနဲ့အတူရှိခွင့်ရတဲ့ ကမ္ဘာကိုပဲ ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာနှစ်ခုမှာ အရာအားလုံး ထပ်တူတကျ တည်ရှိတယ်ဆိုရင်တောင် ဒီဘက်ကမ္ဘာမှာတော့ ဦးဝေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပိုင်ဆိုင်ပြီး ဦးဝေနဲ့အတူ နေထိုင်ခွင့်ရတယ်လေ။ ပြီးတော့ အပိုလက်ဆောင် ချူတူးနဲ့ရှူတူးဆိုတဲ့ လူသားပေါက်စလေးတွေကိုလည်း ပိုင်ဆိုင်ထားရသေးတယ်လေ။
ဘယ်အရာမှ မပြောင်းလဲဘဲ ထပ်တူတကျရှိနေမယ့်အတူတူ အပိုဆုတွေနဲ့ ပြည့်နေတဲ့ကမ္ဘာမှာပဲ ကျွန်တော်နေထိုင်ပါတော့မယ်။
မေမေ့ကိုဖုန်းဆက်နေတဲ့ ဦးဝေရဲ့မျက်နှာလေးက ပြုံးလို့ ပျော်လို့။ ချစ်ဖို့ကောင်းလိုက်တာ ကျွန်တော့်ကမ္ဘာကြီးက။
"ရေးငယ် ဗိုက်ဆာလား"
"ဗိုက်တော့မဆာဘူး။ တစ်ခုတော့ဆာတယ်"
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။