Part 9 (U+Z)

4.7K 414 30
                                    

#Unicode

စကားများပြီးကတည်းက အခန်းထဲဝင်သွားတဲ့ သားအဖသုံးယောက်က အပြင်ကို ပြန်ထွက်မလာကြတော့ပေ။ ညနေစောင်းတော့ သားအဖသုံးယောက် ရှိုးစမိုးအပြည့်နဲ့ အခန်းထဲက ထွက်လာကြတယ်။ ဘယ်သွားမှာလဲလို့ မေးချင်ပေမယ့် မမေးတော့ဘဲ မသိချင်ယောင်ဆောင်ပြီး ဂိမ်းပဲဆက်ဆော့နေလိုက်တယ်။

မသိမသာခိုးကြည့်လိုက်တော့ ချူတူးရှူတူးက အဝါရောင်အင်္ကျီ ရှပ်အပွနဲ့ ဘောင်းဘီဒူပွလေးတွေ ဝတ်ထားကြသလို ဦးဝေကလည်း အဝါရောင် တီရှပ်ကို ဝတ်ဆင်ထားတယ်။ သားအဖသုံးယောက်လုံး အင်္ကျီအရောင်တူနေတာမို့ ကြည့်လိုက်တာနဲ့ ထင်းလင်းနေတယ်။

"ဖေဖေ"

"ဗျာ"

"ပါးပါးကိုရဲ ထော်အုံးရေ"

"ပါးပါးက မလိုက်လောက်ဘူးသားရဲ့။ ဖေဖေတို့ပဲ သွားမယ်နော်"

"ဟုတ်"

ချူတူးလေးက သူ့ပါးပါးကိုပါ ခေါ်ဖို့ပြောပေမယ့် ရှူတူးကတော့ ဘေးမှာငြိမ်ပြီး ရပ်နေပါတယ်။ သားအဖသုံးယောက် ကား‌မောင်းပြီး မြို့ထဲကို ထွက်လာခဲ့လိုက်တယ်။ ပီဇာသိပ်ကြိုက်တဲ့ သားတွေကို ပီဇာလိုက်ကျွေးရမယ်လေ။

စားနေကြဆိုင်ကိုရောက်တော့ သားသားတို့အတွက် မုန့်မှာပေးနေတုန်း တစ်ချိန်က သတို့သမီးလောင်းလေးက အခွန့်ကို လာနှုတ်ဆက်ပါတယ်။

"အခွန်"

"ဟာ . . . ကြွေရုပ်ပါ့လား"

"ဟုတ်ကဲ့ ကြွေရုပ်ပါရှင့်။ မှတ်မိနေသေးတာပဲ"

"မှတ်မိပါတယ်ကွာ။ ဒါနဲ့ တစ်ယောက်တည်းလား ကြွေရုပ်"

"ဟုတ် တစ်ယောက်တည်းပဲ"

"တစ်ယောက်တည်းဆို ကိုယ်တို့နဲ့ ဝင်ထိုင်ချင်ရင် ဝင်ထိုင်လို့ရတယ်နော်"

"ကျေးဇူးအခွန်။ တို့ အခွန်တို့နဲ့ဝင်ထိုင်လိုက်မယ်နော်။ တစ်ယောက်တည်းစားရတာ အထီးကျန်လို့"

OMG . . . My Future Husband is Him !!!Where stories live. Discover now