Part 25 (U+Z)

5.5K 382 32
                                    

#Unicode

ခုရက်ပိုင်း ဦးဝေနဲ့မမြသွေး အသွာအလာစိပ်ပြီး တတွဲတွဲဖြစ်လာတယ်။ အရင်ကတည်းက ဒီလိုတတွဲတွဲဖြစ်တာကို ရေးသတိမထားမိခဲ့ဘဲ ခုမှသတိထားမိနေလို့များလား. . .။

ဘာပဲပြောပြော ဦးဝေကို မမြသွေးနဲ့အတူတွဲမြင်ရတိုင်း စိတ်ထဲမှာအဆင်မပြေဘူး။ စိတ်မကောင်းဖြစ်ရသလို စိုးရိမ်စိတ်နဲ့ စိတ်ပူရတယ်။ ဘာကိုစိုးရိမ်တာလဲမေးရင် ကိုယ့်ကိုထားခဲ့လိုက်မှာကိုတွေးပြီး စိုးရိမ်စိတ်နဲ့ကြောက်နေရတာ။ ဘာကိုစိတ်ပူတာလဲမေးရင် ဦးဝေကျွန်တော့်ကိုမချစ်တော့မှာကို စိတ်ပူတယ်။

ကျွန်တော်ကရော ဦးဝေကို ချစ်နေပြီလားလို့မေးရင် ကျွန်တော်ခုခံစားနေရတာ အချစ်လားလို့ သေချာမသိသေးပေမဲ့ သေချာတာတစ်ခုက ကျွန်တော်အချစ်ခံချင်တယ်။ ဦးဝေကျွန်တော့်ကိုပေးတဲ့ ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားမှာကိုကြောက်တယ်။ ဦးဝေကျွန်တော့်ကို မချစ်တော့မှာကိုကြောက်တယ်။ ဒါပါပဲ. . .။

"ကိုရေး"

ကောင်တာမှာထိုင်ပြီး စိုးရိမ်စိတ်နဲ့ အတွေးတွေများနေတုန်းမှာပဲ ဆိုင်က‌ကောင်လေးက ရေးနာမည်ကိုအော်ခေါ်ပြီး အမောတကောနဲ့ အနားကို ရောက်လာတယ်။

"ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ"

"ကျွန်တော်တို့ ပန်းမှာထားတဲ့ကား လမ်းမှာမှောက်လို့တဲ့ အဲဒါ လာပို့လို့ အဆင်မပြေတော့ဘူးဆိုပြီး ဖုန်းဆက်လာတယ်"

"ဟင် အဲ့လိုဆို အဆင်မပြေဘူးလေ။ လက်ခံထားတဲ့ မင်္ဂလာပွဲက မနက်ဖြန်မနက်ဆောင်မှာမို့ ညနေအပြီးပြင်ဆင်ပေးရမှာ"

"ကျွန်တော်လည်း သူတို့မေးပြောလိုက်ပါသေးတယ်။ အဆင်ပြေအောင် ဘယ်လိုလုပ်ပေးလို့ရလဲလို့"

"ဘာပြန်ပြောလဲ"

"သူတို့ကားသမားက ဆေးရုံမှာ အသက်လုနေရလို့တဲ့ သူတို့ဘက်ကလုပ်ပေးဖို့ အဆင်မပြေဘူးပြောတယ်"

"ဟင် အဲဒါဆို ဘယ်လိုလုပ်ကြပါ့မလဲ။ စိတ်ညစ်လိုက်တာကွာ"

မင်္ဂဆောင်မှာ ပန်းအလှဆင်ဖို့အတွက် လက်ခံထားတာမို့ ခုနေ့ခင်းပန်းလာပို့တဲ့ကားရောက်လာတာနဲ့ မင်္ဂလာဆောင်ကို ညနေသွားပြီးပြင်ဆင်ရမှာပါ။ မနက်ဖြန်မနက်မှာဆောင်မဲ့ မင်္ဂလာပွဲအတွက် ခုညအပြီးပြင်ပေးရမှာပါ။ ဒီအချိန်မှ ပန်းမရဘူးဆိုတော့ အလှဆင်ဖို့အတွက်ပန်းကို အနားနီးမှဘယ်မှာသွားရှာရပါ့မလဲ။ အဲလိုပဲ စိတ်တွေက အဆင်မပြေတော့ဘူးဆိုရင် အလုပ်ပါလိုက်အဆင်မပြေတော့ဘူး။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

OMG . . . My Future Husband is Him !!!Where stories live. Discover now