Part 18 (U+Z)

4.1K 343 40
                                    

#Unicode

"ရေး"

"အင်း"

"နင်အရမ်းပြောင်းလဲလာတယ်"

"ဟုတ်လား ဘယ်လိုပြောင်းလဲလာတာလဲ။ ပြောပြပါဦး"

"ဟင့်အင် ထားလိုက်ပါ။ ခုလို ပြောင်းလဲလာတဲ့ ရေးကို ပိုသဘောကျတယ်"

အကုန်လုံးပြောကြတဲ့ အရင်ကရေးခြယ်သူဆိုတာ ကျွန်တော်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အခုလက်ရှိရေးခြယ်သူကတော့ ဘယ်သူ့ကြောင့်မှ မပြောင်းလဲရသေးတဲ့ ကိုယ့်အကျင့်အတိုင်းပဲ ကိုယ်နေတတ်တဲ့ ရေးခြယ်သူပါ။

ရုပ်ရှင်ကြည့်ပြီးတော့ အိမ်မပြန်ချင်သေးတာကြောင့် ရင်ခတ်နဲ့အတူတူ အင်လျားမှာလမ်းလျှောက်ရင်း အချိန်ဖြုန်းနေမိတာပါ။ ဦးဝေနဲ့ကလေးတွေ အိပ်လောက်တဲ့အချိန်ကြမှ အိမ်ကိုပြန်ဖို့ စဉ်းစားထားတယ်။ ဘယ်လိုပဲ ကိုယ်နေချင်သလိုနေစေဦးတော့ ဦးဝေနဲ့ကလေးတွေအပေါ်လုပ်ထားတဲ့ မနက်ကလုပ်ရပ်ကြောင့် မျက်နှာချင်းမဆိုင်ရဲသေးတာတော့အမှန်။

"ရင်ခတ်"

ရေးတို့နောက်ကနေ ရင်ခတ်နာမည်ကို ခေါ်လိုက်တဲ့ ယောင်္ကျားသံကြောင့် လှည့်ကြည့်လိုက်တယ်။ ငယ်ငယ်ကတည်းက အကြောမတည့်တဲ့ နှိုင်းခန့်ဝသုန်ကို ‌တွေ့လိုက်ရတယ်။ ဝသုန်ဆိုတာ ရေးရဲ့ပြိုင်ဘက် ရင်ခတ်ကိုလုဖော်လုဖက်ပင်။

"ဘာလဲအနှိုင်း။ နင်နဲ့ငါ ဘာပြောစရာကျန်သေးလို့လဲ"

"နင်ငါ့ကိုဖြတ်ခဲ့တာ ဒီကောင့်ကြောင့်လား"

"နင်ထင်ရာတွေလျှောက်မပြောနဲ့အနှိုင်း။ ရေးနဲ့ပြန်တွေ့တာ သိပ်မကြာသေးဘူး"

"အဲ့တာကို ငါကယုံရမယ်ပေါ့"

"ယုံတာမယုံတာ နင့်အပိုင်းလေ"

"ဒီလိုကောင်ကြောင့် ထားခဲ့ခံရတာ ယုံတောင်မယုံနိုင်ဘူး"

"နင်လွန်မလာနဲ့အနှိုင်း"

တင်းမာလွန်းတဲ့အခြေအနေကို ဘေးကနေကြည့်နေရုံလေးသာ ကြည့်နေလိုက်တယ်။ ရင်ခတ်နဲ့ဝသုန့်ကြားမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကိုယ်မသိနိုင်ဘူးဆိုတော့ ကြည့်နေရုံလေးက ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ အေးဆေးရပ်ကြည့်နေတဲ့ ရေးရဲ့အနားကို ဝသုန်ကရောက်လာတယ်။ ရေးရဲ့မျက်နှာရှေ့ကို အနီးကပ်ဆုံးထိလာပြီး မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လာတာမို့ အကြည့်တို့ကိုမလွှဲဘဲ ရေးလည်း တည့်တည့်ပြန်ကြည့်လိုက်တယ်။

OMG . . . My Future Husband is Him !!!Where stories live. Discover now