Part 12 (U+Z)

4.6K 358 26
                                    

#Unicode

"လူကို ဘာလို့ အဲ့လောက်တောင် ငေးကြည့်နေတာလဲရေး"

"နင်သိပ်လှနေလို့"

"နင်အဲ့လိုပြောလိုက်မှ ငါနေတောင်မနေတတ်တော့ဘူး။ ဝင်လာကတည်းက စူးစူးစိုက်စိုက်ကြည့်နေတာ တော်ရုံပဲကြည့်ပေးပါ။ ဒီမှာ နေရထိုင်ရခက်နေပြီ"

"အရင်ကလည်း ကြည့်နေကြပဲဟာ"

"ဟင်"

ရင်ခတ်က ရေးကို မျက်လုံးလေးအဝိုင်းသားနဲ့ ငေးကြည့်လာတယ်။

"ဘာလို့ ဒီလောက်ထိ အံ့ဩသွားရတာလဲ"

"ဘယ်တုန်းကလဲ"

"ဘာကိုလဲ"

"အရင်တုန်းကလည်း ငေးကြည့်နေကြဆို။ ဘယ်တုန်းကလဲလို့"

ရင်ခတ်မသိတဲ့အချိန်တွေမှာ ရေးက ရင်ခတ်ကို ချောင်းကြည့်ခဲ့တာများလား။ ဘယ်နေရာကနေ ချောင်းကြည့်နေခဲ့တာလဲ။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စောင့်ကြည့်နေခဲ့တာလဲ။ ရင်ခတ်နဲ့ရေး ဒီလိုမထိုင်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ကြာဆို ရေးအိမ်ထောင်ကျသွားကတည်းက ဆိုပါတော့။ ငါးနှစ်လောက်ရှိပါတော့မယ်။

ရေးအိမ်ထောင်ကျပြီးနောက်ပိုင်း ဒီလိုနှစ်ယောက်တည်း အတူတူ မထိုင်ဖြစ်ခဲ့ဘူး။ သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါထိုင်ဖြစ်ခဲ့ပေမယ့် ရေးကလေး‌ရပြီးနောက်ပိုင်း ရင်ခတ်တို့မတွေ့ဖြစ်ခဲ့တာ ဒီနေ့အထိပါ။ ဒါကို အရင်ကလည်းကြည့်နေကြဆိုတော့ ဘယ်အချိန်တွေမှာ ကြည့်‌ခဲ့တာလဲ။

"Sorry ရင်ခတ်။ ငါ ဒီကြားထဲမှာ ဖြစ်ခဲ့တဲ့အရာတွေကို မေ့သွားတယ်။ ငါမှတ်မိတာ နင့်ကိုချစ်ခွင့်ပန်ခဲ့တဲ့ 2020 Happy New Year ညအထိပဲ မှတ်မိတယ်"

"ဟင် ဘယ်လိုဖြစ်လို့လဲ"

"အက်စီးဒန့်အသေးစားလေးဖြစ်ခဲ့တယ်။ ပြီးတော့ ငါးနှစ်တာကာလက အကြောင်းအရာတွေကို မေ့သွားတယ်လို့ ဆရာဝန်ကပြောတယ်။ အဲ့ဒါကြောင့် ငါ့ခေါင်းထဲမှာ နင့်ကိုအဖြေတောင်းခဲ့တဲ့အထိပဲမှတ်မိတယ်။ နင့်ကိုအဖြေတောင်းပြီး နောက်တနေ့ မေမေ့ကို အိမ်သုတ်ဆေးသုတ်ပေးရင်း လှေကားပေါ်က ပြုတ်ကျခဲ့တာက ငါ့ရဲ့နောက်ဆုံးမှတ်ဉာဏ်ပဲ"

"ဟယ် ရေးရယ်။ စိတ်မကောင်းလိုက်တာ"

"ရပါတယ်။ ငါအဆင်ပြေပါတယ်"

"ခုရော ဘယ်လိုနေသေးလဲ"

"ငါးနှစ်တာအတွင်းက ကိစ္စတွေကို စိမ်းသက်နေတာကလွဲရင် ငါအဆင်ပြေပါတယ်"

"အင်း နင်စိတ်ညစ်နေမှာပေါ့"

"အင်း နည်းနည်း။ ဒါမဲ့ အဲ့နည်းနည်းလည်း ခုတော့မရှိတော့ပါဘူး။‌ ပျောက်သွားပြီ"

"ဘာလို့လဲ"

"နင့်ကိုမြင်လိုက်ရလို့လေ"

"တော်ကီကြွယ်တာကတော့ လွန်ခဲ့တဲ့ငါးနှစ်ကျော် အိမ်ထောင်မကျခင်တုန်းက ရေးခြယ်သူအတိုင်းပါပဲ"

"အင်း"

ဟုတ်တယ် ရင်ခတ်ပြောသလိုပဲ ရေးက တော်ကီကြွယ်တယ်။ ဒါပေမဲ့ ရင်ခုန်ရတဲ့ ရင်ခတ်နဲ့မှပါ။

"နင်အခု ဘာတွေလုပ်နေလဲ ရင်ခတ်"

"ငါလား"

"အင်း"

"ငါ ကျူရှင်သင်တယ်။ ဂိုက်လိုက်ပြတယ်"

"ဆရာမကြီးပေါ့"

"ဆရာမကြီးတော့မဟုတ်ဘူး။ တပည့်တွေတော့ များနေပြီ"

ကိုယ်မှတ်မိတဲ့အထိတော့ ရင်ခတ်က ဘွဲ့ရခါစ ကောင်မလေးပေါ့။ သူငယ်ချင်းတွေနဲ့ ပျော်ပါးလို့ကောင်းတုန်းပင်။ ခုတော့ စာတွေသင်နေတဲ့ ဆရာမလေးတောင် ဖြစ်နေပြီတဲ့လား။

"ငါက နင့်ကို တခြားအလုပ်တစ်ခုခု လုပ်မယ်ထင်တာ။ စာသင်နေတယ်တဲ့လား"

"အင်း အစကတော့ ငါ့မောင်လေးကို စာပြပေးရုံပဲ။ နောက်တော့ စာသင်ပေးရတာကို ပျော်လာတယ်။ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကို ဂိုက်လုပ်ပေးရင်း နောက်တော့ ငါစာတွေပြန်လေ့လာပြီး ကျူရှင်တွေသင် ဂိုက်လိုက်ပြ လုပ်ခဲ့တာ"

"အင်း နင်အဲ့လိုအလုပ်မျိုး လုပ်လိမ့်မယ်လို့ တွေးတောင် မတွေးမိဘူး။ နင်က စာသင်ရတာကို ဝါသနာပါလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

"ငါကိုယ်တိုင်ရောပဲ"

"နင်အခု ဘယ်မှာနေလဲ"

"ငါလား သင်္ဃန်းကျွန်းမှာနေတာ"

"ငါနဲ့အဝေးကြီးကို ပြောင်းသွားတာပဲ"

"စီးပွားရေးတွေကျသွားတယ်လေ။ အရင်လို သူဌေးရပ်ကွက်မှာနေလို့အဆင်မပြေတော့ဘူး"

"အင်း ဘယ်လိုဖြစ်လို့လဲ"

"အဲ့ဒီလိုဖြစ်သွားစေလောက်တဲ့ အခြေအနေလေးတွေရှိခဲ့တယ်။ အလိမ်ခံခဲ့ရတယ်ဆိုပါတော့"

"Sorry ရင်ခတ်။ ငါစပ်စုသလို ဖြစ်သွားတယ်"

"ရပါတယ် အချင်းချင်းတွေပဲ"

ဖြတ်ကျော်ခဲ့ရတဲ့အချိန်တွေက ဘော်‌ကြော့နေ ဘော်ကြော့စားခဲ့တဲ့ သူဌေးသမီးလေး ရင်ခတ်အတွက်တော့ သိပ်ကိုခက်ခဲပြီး ပင်ပန်းလွန်းတဲ့နေ့ရက်တွေဖြစ်ခဲ့ရှာမှာပဲ။ အဲ့အချိန်တွေမှာ ကိုယ်မင်းအနားမှာ နေမပေးနိုင်ခဲ့လို့ စိတ်မကောင်းဘူး။

"ငါ့ကို ဘာလို့တွေ့ချင်တာလဲရေး"

"လွမ်းလို့"

"ဟင်"

"ငါ့ရင်ထဲမှာ နင်နဲ့ပတ်သက်တဲ့ ခံစားချက်က လတ်ဆတ်နေတုန်းလေ။ အမှန်ပြောရရင် New Yearညမှာ နင့်ဆီက တောင်းခဲ့တဲ့ အဖြေကို လိုချင်တာ"

"ကြာခဲ့ပြီလေ ရေးရယ်။ အဲ့ဒီကိစ္စက ကြာလွန်းခဲ့ပြီ"

"အင်းပါ ငါသိပါတယ်။ နင် အိမ်ထောင်တွေဘာတွေ ကျနေပြီလား"

"ဟင့်အင် အဲ့ကိစ္စကို မစဉ်းစားနိုင်သေးဘူးဆို ပိုမှန်မယ်။ ငါ့မိသားစုရဲ့ဘဝက ငါ့အပေါ်မှာ မူတည်နေတယ်လေ"

"ရည်းစားရော ရှိနေပြီလား"

ဒီလိုမေးလိုက်တော့ ရင်ခတ်ငြိမ်သွားတယ်။ တစ်ခုခုကို တွေးတောနေပုံပါပဲ။ အချိန်တော်တော်ကြာ နှုတ်ဆက်နေတဲ့ ရင်ခတ်ထံက စကားသံလေးထွက်လာတယ်။

"မရှိဘူးလို့ပဲပြောရမှာပေါ့။ မရှိတော့ဘူးဆို ပိုမှန်မယ်"

"အင်း"

မရှ်ိတော့ဘူးဆိုရုံနဲ့ စိတ်ထဲမှာ တော်တော်လေးနေလို့ကောင်းပြီး ကျေနပ်သွားတယ်။

"နောက်ရက်တွေမှာရော ငါနင့်ကိုတွေ့ခွင့်ရနိုင်မလား ရင်ခတ်"

"အင်း ရပါတယ်။ ငါအားတဲ့အခါပေါ့"

"ကျေးဇူး"

နှစ်ယောက်လုံးက ငြိမ်သွားတော့ စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ ပြောချင်စရာတွေအများကြီးပေမယ့် ဘာတွေပြောရမှန်းမသိဘူးဖြစ်နေခဲ့တယ်။ ရင်ခတ်မျက်နှာလေးကို တွေ့နေရရုံနဲ့ ကျေနပ်နေမိတာတော့ အမှန်ပဲ။

စကားဝိုင်းကို ရေးဘက်ကပဲစပြီး ပြန်လည်အသက်ဝင်စေခဲ့တယ်။ ရင်ခတ်နဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်။ ပြီးတော့ ရင်ခတ်အိမ်ကို ပြန်လိုက်ပို့ပေးခဲ့တယ်။

*********

ည၉နာရီအထိ ပြန်မလာသေးတဲ့ ရေးငယ်ကို အခွန် စိတ်ပူစွာနဲ့ ထိုင်စောင့်နေမိခဲ့တယ်။ ညနေကတည်းက ပြင်ဆင်ပြီးထွက်သွားတဲ့ ရေးငယ်ကိုကြည့်ပြီး စိတ်ထဲမှာ သိပ်ပြီးဘဝင်မကျလှဘူး။ ဘယ်သူနဲ့သွားတွေ့တာလဲလို့ မေးချင်ပေမယ့် မမေးဖြစ်ခဲ့ဘူး။ သူ့မှာလည်း သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့သူမို့ အရာအားလုံးကို လိုက်မေးနေရင် ချုပ်ချယ်ရာ ကျသွားမှာလည်းဆိုးတယ်။

ဒါပေမဲ့ ရေးငယ်အပြုံးလေးတွေက ကိုယ်တို့ကိုချစ်ပေးတုန်းကလို အပြုံးလေးတွေဖြစ်နေတယ်။ ဘယ်သူနဲ့သွားတွေ့မှာမို့ အပြုံးတွေက အသက်ဝင်လှပနေခဲ့တာလဲ ရေးငယ်။ အမှန်ပြောရရင် ညနေက ပြုံးရွှင်စွာထွက်သွားတဲ့ရေးငယ်ကိုကြည့်ပြီး ကိုယ်စိတ်ပူနေခဲ့တာအမှန်ပဲ။ ကိုယ့်ရေးငယ်လေးကို ဘယ်သူကများ ပြုံးစေခဲ့တာလဲ။

ဘောင်းဘီတိုတွေကို ကြိုက်နှစ်သက်စွာ ဝတ်ခဲ့တဲ့ရေးငယ်ကို ကိုယ်သဘောမကျဘူး။ ကိုယ်သဘောမကျဘူးလို့ပြောလို့ လေးနှစ်ကျော်ချောင်ထိုးထားခဲ့တဲ့ အဝတ်တွေကို နှစ်သက်ခုံမင်စွာ ပြန်ဝတ်နေတဲ့ ရေးငယ်ကို မဝတ်ပါနဲ့လို့ မတားမိခဲ့ဘူး။ ရေးငယ်စိတ်ချမ်းသာသလို နေပါစေဆိုပြီး လွှတ်ထားပေးခဲ့တာပါ။

ခွန်‌ဦးဝေဆိုတဲ့ ကိုယ့်အတွက် အချစ်ဆိုတာ ရေးငယ်နဲ့မှ ခံစားတတ်ခဲ့တာ။ ဒီကောင်လေးတစ်ယောက်တည်းကိုပဲ ချစ်ရကောင်းမှန်းသိခဲ့တာ။ ဒီကောင်လေးကလည်း ကိုယ့်ကို အချစ်တွေအများကြီးပုံပေးခဲ့တာ။ ဒီကောင်လေးရဲ့အချစ်တွေနဲ့ပဲ ကိုယ်ပျော်ရွင်ခဲ့တာ။ ခုတော့ ဒီကောင်လေးကပဲ ကိုယ့်အပေါ်အေးစက်သွားခဲ့ပြန်တယ်။

အတွေးတွေထဲ မျောလွင့်နေတဲ့အချိန် အိမ်ရှေ့မှာ ရပ်သွားတဲ့ ကားစက်သံကို ကြားလိုက်ရတယ်။ ခဏနေတော့ အိမ်ထဲကို ရေးငယ်ကဝင်လာတယ်။

"ဘယ်တွေသွားနေတာလဲ ရေးငယ်။ အရမ်းနောက်ကျနေပြီ"

အိမ်ထဲဝင်လာလာချင်း ဦးဝေကရေးကို ဆီးကြိုပြီးမေးလာတယ်။

"အသိတစ်ယောက်နဲ့သွားတွေ့တာ ဦးဝေ။ စကားပြောရင်းနဲ့ နောက်ကျလို့ နောက်ကျမှန်းမသိ ဖြစ်သွားတယ်"

"နောက်ကျလို့ စိတ်ပူနေခဲ့တာ"

"ကျွန်တော် ကလေးလေးမှ မဟုတ်တော့တာ"

"အရင်ဆို ဘယ်ကိုပဲသွားသွား ကိုယ်စိတ်မပူအောင်လို့ သွားမယ့်နေရာကို ပြောသွားနေကြ"

"အရင်ရေးခြယ်သူမှ မဟုတ်တော့တာ"

"Sorry ကိုယ်မေ့သွားတယ်ရေးငယ်"

"နေရာတကာလိုက်ပြီး စိတ်မပူစေချင်ဘူး။ ဦးဝေလည်း စိတ်ပင်ပန်းရသလို ကျွန်တော်လည်းနေရကြပ်တယ်"

"ဒါတော့ မဖြစ်ဘူးရေးငယ်။ ရေးငယ်က ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေ။ ကိုယ့်ပိုင်ဆိုင်မှုလေး တခုခုဖြစ်သွားမှာကို ကိုယ်စိုးရိမ်ရတာပေါ့။ ပြီးတော့ ရေးငယ်က သားတို့ပါးပါးလေ။ ရေးငယ်က ကိုယ့်အတွက်ရော သားတို့အတွက်ရော အရေးပါတာမို့ ခလုတ်မထိဆူးမငြိစေဖို့ စိတ်ပူရတယ်"

ကျွန်တော် ဦးဝေပေးတဲ့မေတ္တာတွေကို မလိုချင်ဘူး။ ဦးဝေရဲ့မေတ္တာတွေက ကျွန်တော်နဲ့လည်း မထိုက်တန်ပါဘူး။

"ကျွန်တော် အိပ်တော့မယ် ဦးဝေ။ အိပ်ချင်ပြီ"

အိပ်ဖို့ရာအတွက် အခန်းထဲကိုဝင်လာတော့ ချူတူးနဲ့ ရှူတူးကို မတွေ့ရတော့ပေ။

"ဦးဝေ"

ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဦးဝေကို လှမ်းအော်ပြီးခေါ်‌လိုက်တော့ ဦးဝေက အနားကို အမြန်ရောက်လာပေးတယ်။

"ဘာလို့လဲရေးငယ်"

"ကလေးတွေရော"

"မေမေတို့အိမ်ကို ပြန်အိပ်တယ်"

"ဘာလို့‌လဲ"

"အစကတည်းက ကလေးတွေက မေမေတို့အိမ်မှာ အိပ်တာလေ။ ရေးငယ်နေမကောင်းလို့ လွမ်းလို့သာ ဒီမှာ ခဏလာအိပ်ကြတာ"

"ဟင်"

"ဘာလို့လဲ"

"ကျွန်တော်နဲ့ဦးဝေ နှစ်ယောက်တည်း အိပ်ရမှာလား"

"အင်းပေါ့"

ဦးဝေနဲ့ နှစ်ယောက်တည်း အိပ်ရာမှာတဲ့လား။ ကျွန်တော် မအိပ်ချင်ဘူး။

"ရေးငယ်ဆီက ရေမွှေးနံ့တွေ ရတုန်းပဲ။ ကိုယ်ခေါင်းနည်းနည်း မူးလာတယ်ရေးငယ်"

"ကျွန်တော် ရေးချိုးလိုက်မယ်"

"ဉာဉ့်နက်နေပြီ။ အင်္ကျီပဲလဲလိုက်လည်း ရပါတယ်"

"ကျွန်တော်ကိုယ်တိုင်လည်း ရေးချိုးချင်လို့ပါ"

အမွှေးနံ့ မကြိုက်တဲ့သူအတွက် အဆင်မပြေတာကို နားလည်တာမို့ ရေးရေချိုးလိုက်ပါတယ်။ ရေချိုးပြီးလို့ အိပ်ဖို့ပြင်တဲ့အခါ ကုတင်ပေါ်မှာ လဲလှောင်းနေတဲ့ ဦးဝေကို တွေ့လိုက်ရတယ်။

အရင်က ဦးဝေနဲ့ရေးရဲ့ကြားမှာ ကလေးတွေရှိနေတာဆိုတော့ အိပ်ရတာ အဆင်ပြေပါသေးတယ်။ အခုက ဒီအခန်းထဲက ဒီကုတင်မှာ ဦးဝေနဲ့ရေးနဲ့ နှစ်ယောက်တည်း။ ဒီညကို ဘယ်လိုများ ကျော်ဖြတ်ရပါ့မလဲ။

ကလေးတွေကိုပဲ ပြန်ခေါ်အိပ်ရမလား။ ရေးပဲ အခန်းရှေ့မှာ ထွက်အိပ်လိုက်ရမလား။ ဘယ်လိုလုပ်ရပါ့မလဲ။ အတွေးတွေနဲ့အတူ အခန်းရှေ့ကိုထွက်ဖို့ခြေလှမ်းပြင်လိုက်တော့ ဦးဝေဆီက စကားသံထွက်လာတယ်။

"အပြင်ကို သွားအိပ်ဖို့ မတွေးနဲ့နော် ရေးငယ်။ တစ်ရက်တည်းနဲ့ ပြီးသွားမယ့်အရာမဟုတ်ဘူး။ အမြဲတမ်းအိမ်ရှေ့မှာ ထွက်အိပ်နိုင်တယ်ဆိုရင်တော့ ထွက်အိပ်ပါ မတားလိုဘူး။ ဒါပေမဲ့ ကိုယ့်ကိုရှောင်ဖို့သက်သက် အပြင်ကို ထွက်အိပ်တာဆိုရင်တော့ တစ်ညတည်းနဲ့ပြီးသွားမယ့်အရာမဟုတ်ဘူးနော်"

ဘာပဲဖြစ်ဖြစ် ဦဝေနဲ့ အတူတူအိပ်ရမယ်ဆိုပေမယ့် ဒီညတော့ မဟုတ်သေးဘူး။

ဦးဝေရဲ့စကားကို မကြားချင်ယောင်ဆောင်ပြီး လှည့်ထွက်လိုက်တယ်။

"ဧည့်ခန်းထဲမှာ ညသန်းခေါင်လောက်ဆို ခြေသံတွေကြားရတယ်လို့ အိမ်လည်လာတဲ့သူတိုင်းက ပြောကြတယ်"

အခွန့်ရဲ့စကားအဆုံးမှာ ရေးငယ်က ကုတင်ပေါ်ကို ပြေးတက်လာပါတယ်။ ဘယ်လိုပဲ အရင်ကအကြောင်းအရာတွေကို မေ့သွားတယ်ဆိုစေဦးတော့ သရဲကြောက်တဲ့စိတ်ကတော့ မပြောင်းလဲပေ။ ရေးငယ် သရဲကြောက်တတ်တာက ငယ်ငယ်ကတည်းကဆိုတော့ ဒီလိုအမူအကျင့်လေးတွေကတော့ မပြောင်းမလဲ ကျန်ရှိနေဦးမယ်ဆိုတာကို ကိုယ်သိတယ်လေ။

ကိုယ့်ကြောင့်ပြောင်းလဲခဲ့တဲ့ အရာတွေကို မေ့သွားတယ်ဆိုရင်တောင် ကိုယ့်ကြောင့်မဟုတ်တဲ့ မွေးရာပါ အမူအကျင့်လေးတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ။

အခွန့်ဘေးမှာ ကွေးကွေးလေးလှဲနေတဲ့ရေးငယ်ကိုကြည့်ပြီး ပြုံးလိုက်မိတယ်။ သရဲကြောက်တတ်တာလည်း သူ့အပြင်နှစ်ယောက်မရှိပေ။

အခွန့်ရဲ့အပြုံးကို မြင်သွားတဲ့ရေးငယ်က မယုံသင်္ကာတဲ့ မေးခွန်းလေးမေးလာတယ်။

"တကယ်လား။ ကျွန်တော်အပြင်ထွက်အိပ်မှာဆိုးလို့ တမင်ပြောတာလား ဦးဝေ"

"ကိုယ်က လူကြီးပါရေးငယ်‌ရယ်။ နောက်ပါ့မလား။ မယုံရင် ဧည့်ခန်းမှာ ထွက်အိပ်ကြည့်ပါ့လား"

ဦးဝေစကားကို မယုံဘူးဆိုပေမယ့် ထွက်လည်းမအိပ်ရဲပါဘူး။ မနက်မှ မေမေတို့ကို မေးကြည့်ရပေဦးမည်။

"ရေးငယ် မူးလာတဲ့ညက ဧည့်ခန်းထဲမှာ အိပ်တုန်းကတောင် ခြေသံလိုလို ကြားလိုက်မိသေးတယ်။ ရေးငယ်က မူးနေလို့သာ သတိမထားမိတာ။ ဒီအိမ်ကို ကိုယ်မဝယ်ခင်တုန်းက ဒီအိမ်မှာ ကောင်မလေးတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖူးတာ ရေးငယ်သိတယ်မဟုတ်လား"

"အင်း သိတယ်။ ကျွန်တော်တို့ဆယ်တန်းတုန်းက သူ့ကိုယ်သူ သတ်သေသွားတာ။ နာမည်က ထားအိခိုင်တဲ့"

"အင်း အဲ့ကောင်မလေးက အစွဲအလမ်းနဲ့သေတာဆိုတော့ ဘယ်လောက်ပဲ အမျှဝေဝေ မကျွတ်တာနေမယ်"

"ဆက်မပြောပါနဲ့တော့ဦးဝေ။ ကျွန်တော် ကြောက်လို့"

"ကိုယ်ဖက်ထားပေးရမလား"

"ဟင့်အင် ရတယ်။ ဒါပေမဲ့ လက်ကလေးတော့ ကိုင်ထားပေးလို့ရမလား"

အနားမှာ လူရှိတယ်ဆိုပေမယ့် လျစ်ဟာသွားမှာဆိုးတာကြောင့် လက်ကလေးတော့ ကိုင်ထားပေးစေချင်ပါတယ်။

"အင်း"

ရေးငယ်က တောင်းဆိုလာတော့ ရေးငယ်ရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ပေးထားလိုက်တယ်။

ဦးဝေက ရေးရဲ့လက်ဖဝါးကို ဆုပ်ကိုင်ပေးလာတဲ့အခါ ရှိန်းတိန်းဖိန်းတိန်း ခံစားချက်နှင့်အတူ နွေးထွေးမှုကိုပါ ခံစားလိုက်ရတယ်။ အမျိုးအမည်မသိတဲ့ ခံစားချက်လေးသေးသေးလေးကိုတော့ သတိမထားလိုက်မိဘူး။

ဟိုးအရင်က သရဲအကြောင်းပြောဖြစ်တဲ့နေ့တွေမှာဆို ရေးငယ်က အခွန့်ရင်ခွင်ထဲမှာ မှေးစက်နေကြပေါ့။ တစ်ခါတလေ ဧည့်ခန်းထဲမှာ ခြေသံကြားတယ်လို့ပြောလိုက်ရင် အခွန့်ကိုဖက်ပေးဖို့တောင်းဆိုပြီး ရင်ခွင်လေးထဲကို တိုးဝင်လာတတ်တယ်။ အဲ့ဒီညဆို ရေးငယ်က ကိုယ့်ရင်ခွင်ထဲက လုံးဝမထွက်တော့ဘူး။ ရေးငယ်ကို ဖက်ပြီးအိပ်ချင်တဲ့နေ့တွေမှာဆို ဧည့်ခန်းထဲမှာ ဘယ်တုန်းကမှ မကြားခဲ့ရတဲ့ ခြေသံကိုလည်း ကြားရတယ်လို့ပြောပြီး ညာ‌တာပါတေးနဲ့ ဖက်အိပ်ဖို့ ကြံစည်ခဲ့ဖူးတယ်။

ခုတော့ ရေးငယ်က လက်ကလေးပဲ ကိုင်ထားပေးပါတဲ့လေ။

ကျွန်တော် ဦးဝေနဲ့နှစ်ယောက်တည်း အိပ်ရမယ့် ဒီအခြေအနေကြီးကို သဘောမကျဘူး။ ပိုဆိုးတာက ဦးဝေရဲ့လက်ကို ကိုင်ထားရတာက ရေးကို အဆင်မပြေစေဘူး။ ဒီလိုအနေအထားကြီးက ကျွန်တော့်ကို စိတ်ကျဉ်းကျပ်စေသလို အနေရလည်းခက်စေတယ်။ ရင်ခုန်တာလား ရင်တုန်တာလားမသိပေမယ့် မနှစ်မြို့တဲ့ ခံစားချက်ကြီးကိုလည်း တပြိုင်နက်တည်း ခံစားနေရပြန်တယ်။ ပြီးတော့ ကျွန်တော်နေရတာ ခံစားချက်က တစ်မျိုးဖြစ်နေတယ်။ ကျွန်တော် ဒီညတော့ အိပ်လို့ပျော်မယ် မထင်ဘူး။ မနက်ဖြန်တော့ ချူတူးနဲ့ရှူတူးကို ပြန်ခေါ်အိပ်မှပါ။

အခွန့်ဘေးမှာ ပက်လက်လေးလှန်ပြီး မျက်လုံးကိုစုံမှိတ်ထားတဲ့ကောင်လေးက မျက်လုံးအိမ်လေးတွေလှုပ်နေတယ်။ ဒီကောင်လေး အိပ်ချင်ယောင်ဆောင်နေပြန်ပါပြီ။

ပန်ရောင်သန်းနေတဲ့ ရေးငယ်ရဲ့နှုတ်ခမ်းလေးက ကျွန်တော့်ကို ဆွဲဆောင်နေတယ်။ ကျွန်တော်လေ ရေးငယ်ရဲ့ အထိအတွေ့တွေကို လွမ်းတယ်။ ကျွန်တော့်ရဲ့ အသွေးအသားဆန္ဒက ရေးငယ်ကို တောင့်တနေတယ်။ သားတို့ရှိတုန်း ဒီလိုစိတ်က ထိန်းချုပ်လို့ရခဲ့ပေမယ့် အခန်းထဲမှာ ရေးငယ်နဲ့နှစ်ယောက်တည်းရှိနေတဲ့အခါ ဆန္ဒတွေကို ထိန်းချုပ်ဖို့က ခက်ခဲနေတယ်။

သွေးသားဆန္ဒရဲ့အလိုကို မှိန်ဖျော့ဖျော့အလင်းရောက်အောက်မှာတောက်ပနေတဲ့ ရေးငယ်ရဲ့နှုတ်ခမ်းလေးတွေက ဖြားယောင်းနေခဲ့တယ်။ ဖြူလျလျ လည်တိုင်လေးက ကျွန်တော့်ကိုအသုံးတော်ခံဖို့ စောင့်နေသယောင်ယောင်။ ပါးလျလျအဖြူရောင် အင်္ကျီစလေးရဲ့အောက်က ပန်းနုရောင်ချယ်ရီသီးလေးတွေက တမင်မြင်‌သာစေဖို့ရာ အတင့်ရဲစွာနဲ့ လျစ်လျပ်ပြနေသည့်အလား။

စိတ်တွေကို ထိန်းချုပ်ဖို့ခက်လောက်တဲ့အထိ ရေးငယ်ရဲ့အလှတရားက မီးရောင်ဖျဖျအောက်မှာ အနုစိတ်စီချယ်ထားသလို လှပနေခဲ့တယ်။ ကျွန်တော့်စိတ်တွေကို ဒီ့ထက်ပိုပြီး ထိန်းချုပ်လို့မရတော့ဘူး။ ကျွန်တော်ရေးငယ်ကို ပြင်းပြစွာ တောင့်တလာတယ်။

စိတ်ရဲ့အလိုကို ခန္ဓာကိုယ်က သတိလက်လွတ်စွာ လိုက်လျောလိုက်တဲ့အခါ ကျွန်တော့်နှုတ်ခမ်းတွေက ရေးငယ်ရဲ့ နှုတ်ခမ်းပေါ်ကို ထပ်တူကျသွားတယ်။

ရင်တုန်စွာနဲ့ အိပ်လို့မပျော်နိုင်တာကြောင့် မျက်လုံးကို စုံမှိတ်ကာ ငြိမ်သက်နေတဲ့အချိန် နှုတ်ခမ်းတွေနွေးခနဲ ဖြစ်သွားတယ်။ အလန့်တကြားနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဦးဝေရဲ့မျက်နှာကို နီးကပ်လွန်းစွာ တွေ့လိုက်ရတယ်။ မျက်လုံးစုံမှိတ်ကာ အနမ်းတွေခြွေချနေတဲ့ ဦးဝေက ရေးရဲ့မျက်ဝန်းတွေကို မမြင်နိုင်ခဲ့ဘူး။

အံဩလွန်းစွာ ငေးကြည့်နေမိတဲ့အချိန် ဦးဝေရဲ့လျှာဖျားက ရေးရဲ့ပါးစပ်ထဲကို နူးညံ့စွာတိုးဝင်လာခဲ့တယ်။ ဦးဝေရဲ့လျှာဖျားက ရေးရဲ့လျှာကို ရစ်ပတ်လာတဲ့အခါ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးက ရေးရဲ့အသွေးအသားထဲမှာ နေရာယူလာတယ်။

ကျွန်တော်အခု ဘယ်လိုခံစားချက်ကြီးကို ခံစားနေရတာလဲ။ ပြီးတော့ ကျွန်တော် အခုဘယ်အခြေအနေထိရောက်ဖို့ ဆွဲခေါ်ခံနေရတာလဲ။ ပြီးတော့ ဦးဝေ ဘယ်ကိုဦးတည်နေတာလဲ။

အတွေးမျိုးစုံခေါင်းထဲဝင်လာပြီး အသိစိတ်လည်း ခဏတာလွတ်သွားတယ်။ ဦးဝေပေးတဲ့ ခံစားချက်အထိအတွေ့တွေက ရေးရဲ့ခံစားချက်ကို မွှေနှောက်နေခဲ့တယ်။ ထိုအချိန်ခဏ အခိုက်အတန့်လေးမှာ ဦးဝေရဲ့လက်တွေက တစ်စုံတစ်ရာဆီသို့ နယ်ကျွန်ဖို့ ဦးတည်လာတယ်။

မျောလွင့်နေတဲ့အသိစိတ်က အထိအတွေ့ရဲ့ အရသာကို သိသိသာသာခံစားလိုက်ရတဲ့အခါ . . .

"ဦးဝေ"

OMG . . . My Future Husband is Him !!!Where stories live. Discover now