Part 6 (U+Z)

5.5K 473 38
                                    

#Unicode

"သား ကိုယ့်ဆိုင်ကိုယ် ပြန်‌ဦးစီးဖို့ လုပ်တော့လေ"

"ဟာမေမေကလည်း ဦးဝေလုပ်နေတာပဲဟာ"

"သားရယ် ကိုယ်ချင်စားတရားမရှိလိုက်တာကွယ်။ သားခွန်ခမျာ Company ကြီးတစ်ခုလုံးကို ဦးစီးနေရတဲ့အပြင် သားဆိုင်သေးသေးလေးကိုလည်း ပြေးကြည့်ပြီး စီမံခန့်ခွဲပေးရသေးတယ်။ သူ့ခမျာ ဘယ်လောက်တောင် ပင်ပန်းရှာလိုက်မလဲ။ သားလည်း နေကောင်းနေပြီပဲဟာ အလုပ်ပြန်လုပ်ဖို့တွေးတော့လေ"

"သားက အတိတ်မေ့နေတာကို ဒီအလုပ်တွေ ဘယ်လုပ်တတ်ပါတော့မလဲ မေမေရ"

"သားခွန် ပြန်သင်ပေးမှာပေါ့သားရယ်။ ကိုယ်က ကြိုးစားသင်ယူရမှာပေါ့"

"ခုလောလောဆယ်တော့ မလုပ်ချင်သေးဘူးမေမေ။ ခဏ အနားယူချင်သေးတယ်"

"ကြာကြာတော့ အနားမယူနဲ့။ ကိုယ့်ဆိုင်ကို ကိုယ့်ဘာကိုယ် အလုပ်ပြန်လုပ်ဖို့ပြင်"

"ဟုတ်မေမေ"

ဆိုင်အလုပ်တွေ လုပ်ရအောင်လည်း တစ်ခုမှ မသိတော့သည်မို့ ရေးအတွက် အဆင်မပြေပေ။ ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာများကြောင့် အလုပ်မလုပ်ချင်သေးပေ။ ခဏလောက် အနားယူပြီးမှ အလုပ်ပြန်လုပ်နိုင်ဖို့ သေချာစဉ်းစားရပေဦးမည်။ ခုတော့ ဦးဝေလုပ်ပါလိမ့်မည်။

"ကလေးတွေကိုလည်း ထမင်းလေးဘာလေးခွံ့ ရေလေးဘာလေး ချိုးပေးလေသားရယ်။ သားသမီးဆိုတာ မိဘလုပ်ပေးတာကိုပဲ လိုချင်ကြတာ"

"သားမှ မလုပ်တတ်တာ မေမေကလည်း"

"ဘယ်သူကရော မွေးလာကတည်းက လုပ်တတ်နေလို့လဲ။ အတိတ်မေ့နေပေမယ့် အကုန်မေ့သွားတာမှ မဟုတ်တာ။ လုပ်ရင်းနဲ့ပဲ တဖြည်းဖြည်း သတိရလာမှာပေါ့"

"သားအတိတ်မေ့နေတာရော ဟုတ်ရဲ့လားမေမေရယ်။ အရာအားလုံးကို အစိမ်းသက်သက်လို ခံစားနေရတယ်။ ဘယ်အရာကမှ သားနဲ့ရင်းနှီးမနေဘူးမေမေ။ ကလေးတွေနဲ့ဦးဝေဆိုတာလည်း သားဘဝထဲက ဗြုန်းစားကြီး ရောက်ချလာကြသလိုပဲ"

"ရှင်လည်း အတိတ်ကို အမြန်သတိရမှ ဖြစ်မှာပါဟယ်။ ရုပ်ရှင်တွေထဲကလို ဒုတ်နဲ့တစ်ချက်လောက် ရိုက်ပေးရမလား"

OMG . . . My Future Husband is Him !!!حيث تعيش القصص. اكتشف الآن