Part 23 (U+Z)

5.9K 414 50
                                    

#Unicode

ရှူတူးလေးဆေးရုံက ဆင်းလာပြီးနောက်ပိုင်းမှာ ဦးဝေကရေးကို သိသိသာသာရှောင်နေခဲ့တယ်။ မေမေကလည်း ရေးကိုစကားမပြောသလို မျက်နှာချင်းတောင် မဆိုင်တော့ပေ။ ရေးကပြုပြင်ပြောင်းလဲပါတော့မယ်ဆိုကာမှ အားလုံးကရေးကို လျစ်လျူရှူပြီး ဥပေက္ခာပြုထားသတဲ့လား။

အရာရာကိုပြောင်းလဲဖို့ မဖြစ်‌နိုင်သေးပေမဲ့ ပြောင်းလဲလို့ရတဲ့ ပြောင်းလဲဖို့လွယ်တဲ့အရာကို ပထမဦးဆုံးစတင်ပြောင်းလဲကြည့်ဖို့ ကြိုးစားလိုက်တယ်။ အဲ့ဒါကတော့ ကလေးတွေနဲ့ဦးဝေကို ဂရုစိုက်ပေးခြင်းပါ။ ရေးကဂရုစိုက်ခံလူသားပဲဖြစ်ခဲ့တာမို့ ဘယ်သူ့ကိုမှဂရုစိုက်မပေးဘူးတာ‌ကြောင့် နည်းနည်းလေးတော့ ခက်ခဲတယ်။

ရုံးသွားတော့မယ့်ဦးဝေအတွက် မနက်စာပြင်ပေးဖို့ နှပ်ကော်ဖီလေး ဖျော်လိုက်တယ်။ နှပ်ကော်ဖီအပြင် ဘာမှမလုပ်တတ်တာမို့ မနက်စာကို ကြီးငွေဆီကသွားသယ်လိုက်ပါတယ်။ ကြီးငွေပေးလိုက်တဲ့မနက်စာကို စားပွဲပေါ်မှာနေရာချပြီး ပြင်ဆင်လိုက်တယ်။ သိပ်တော့မပင်ပန်းဘူးပဲ။

အိပ်ရာနိုးလာတဲ့ ရှူတူးနဲ့ချူတူးကို မျက်နှာသစ်ပေးတော့မှ ဇာတ်လမ်းကစတာပါ။ ကလေးသေးသေးလေးရဲ့မျက်နှာကို ဘယ်လိုသစ်ပေးရမှန်းမသိဘူးလေ။

"မင်းတို့နှစ်ယောက်ကို အရင်နေ့တွေက ဘယ်သူမျက်နှာသစ်ပေးတာလဲ"

"ဖွားရီးရေ"

"မင်တို့ ကိုယ်ဘာကိုယ် မသစ်တတ်ဘူးလား"

"တစ်တတ်ရယ်ရေ"

"အာ့ဆို ကိုယ့်ဘာကိုယ် သစ်ကြည့်ပါ့လား"

"ဟုတ်"

ကလေးနှစ်ယောက်ရဲ့စကားကို ယုံကြည်ပြီး ဘေးကနေထိုင်ကြည့်လိုက်တာက ရေးရဲ့မဟာအမှားပင်။ လက်ခုပ်ထဲကိုရေထည့်ပြီး အားရပါးရသစ်လိုက်တဲ့ ကလေးနှစ်ယောက်ရဲ့ရေတွေက ဘေးမှာထိုင်နေတဲ့ရေးကို လာစင်ပါတယ်။

"မျက်နှာသစ်ခိုင်းတာလေ ချူတူးရှူတူးရ။ ငါ့ကိုရေနဲ့ပက်ခိုင်းတာမဟုတ်ဘူးလေ"

"အဟီး ချောတီးပါပါး"

ဆောတီးပါပါးလို့ပြောပြီး ရယ်နေတဲ့ကလေးနှစ်ယောက်ကိုကြည့်ပြီး အသဲယားလာတာမို့ ပါးလေးကိုဖျစ်လိုက်တော့ ကလေးတွေက သဘောတကျနဲ့ တခစ်ခစ်ရယ်နေပါတော့တယ်။

OMG . . . My Future Husband is Him !!!حيث تعيش القصص. اكتشف الآن