Part 30 (U+Z)

2.6K 165 14
                                    

#Unicode

"သား အကြာကြီးအိပ်မပျော်ပါနဲ့နော်။ မေမေ့သားလေး ရယ်မောပျော်ရွှင်နေတာကို မေမေအမြန်ပြန်မြင်ခွင့်ရချင်တယ်။ မေမေ့သားလေး ‌သူငယ်ချင်းတွေနဲ့အတူတူ ကော်ဖီဆိုင်လေးဖွင့်ချင်တယ်ဆို။ ကျောင်းပြီးခါစမို့ သူငယ်ချင်းတွေနဲ့အတူတူ ခရီးတွေထွက်ချင်တယ်ဆိုသားရယ်။ အဲ့ဒါတွေအများကြီးကို သားလုပ်ဖို့ဆို အမြန်ပြန်နိုးလာရမယ်လေနော်။ သားအိပ်ပျော်နေတာကို မေမေအကြာကြီး မကြည့်ချင်ဘူးသားရယ်။ ကြည့်လည်း မကြည့်နိုင်ဘူး။ မေမေရင်‌တွေနာတယ်။ မေမေ့ကိုချစ်ရင် မြန်မြန်ပြန်နိုးလာပေးနော်"

ငိုနေတဲ့မေမေ့ကို မငိုပါနဲ့လို့ပြောချင်တယ်။ မေမေ့ပါးပေါ်မှာ စီးကျနေမဲ့ မျက်ရည်တွေကို သုတ်ပေးခွင့်ချင်တယ်။ ကျွန်တော်နိုးနေပါပြီမေမေလို့ ရေးပြောချင်လိုက်တာ။

ဒေါ်ရေးငယ်သားဘေးမှာ သားကိုစကားတွေပြောပြီး ငိုနေတုန်း သားလက်ကလေးလှုပ်သွားတာကို မြင်လိုက်ရတယ်။ ဘုရား ဘုရား မေမေပြောနေတာတွေကို သားလေး ကြားများ ကြားနေရသလားကွယ်။ မေမေ အမြင်များ မှားသွားတာလားကွယ်။ သေချာအောင်လို့ သားကို စကားတွေထပ်ပြောကြည့်ဖို့ ကြိုးစားလိုက်တယ်။

"သား သားလေး မေမေပြောတာကို ကြား‌လားဟင်"

!ဟုတ်မေမေ သားကြားနေရပါတယ်!
မေမေမကြားနိုင်ပေမဲ့ ရေးဖြေနေခဲ့မိတယ်။

"သားကြားရင် မေမေ့ကိုလက်ကလေး လှုပ်ပြပါ့လားသားရယ်"

‌ဒေါ်ရေးငယ်ပြောလိုက်တော့ သားလက်ကလေး လှုပ်သွားတာကို မြင်လိုက်ရတာမို့ ဝမ်းသာအားရနဲ့ သားကုတင်ဘေးက ခလုတ်‌ကလေးကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ နှိပ်နေမိပါတော့တယ်။

ချက်ချင်းဆိုသလို ဆရာဝန်နဲ့သူနာပြုဆရာမလေးတွေ အခန်းထဲကို ပြေးဝင်လာကြတယ်။

"ဘာဖြစ်လို့လဲအန်တီ"

"သားလက်ကလေး လှုပ်သွားတယ်ဒေါက်တာ။ အန်တီအမြင်မှား‌နေမှာဆိုးလို့ သေချာသွားအောင် 'မေမေပြောတာကိုကြားရင် သားလက်ကလေး လှုပ်ပြပါ'လို့ ပြောတာကို လှုပ်ပြလာတယ်ဒေါက်တာ"

OMG . . . My Future Husband is Him !!!Where stories live. Discover now