Part 19 (U+Z)

4K 359 28
                                    

#Unicode

မနက်ဝေလီဝေလင်းလောက်မှာ ရေးငယ်ရဲ့ ငြီးသံသဲ့သဲ့လေးကြောင့် အခွန်အိပ်ရာကနေ နိုးလာခဲ့ရတယ်။ နဖူးပေါ်လက်တင်ပြီး စမ်းကြည့်လိုက်တော့ ကိုယ်တွေပူနေပါတယ်။ အနာရှိန်ကြောင့် ဖျားနေပါပြီ။

အသားနာမှာ သိပ်ကြောက်တဲ့ကောင်လေးက ဒီလိုဒဏ်ရာတွေအများကြီးရတဲ့အထိ ရန်ဖြစ်ခဲ့ရတဲ့အကြောင်းအရင်းက ဘာများပါလိမ့်။ စိတ်ဆိုးရင် ဘာကိုမှ မမြင်တတ်တဲ့ အကျင့်လေးရှိတာမို့ ရန်ဖြစ်နေတုန်းမှာ နာတာကို မေ့နေခဲ့ပုံပါပဲ။ ခုတော့ အကျိုးဆက်က ဒဏ်ရာတွေကြောင့် ဖျားရတဲ့အထိပါပဲ။

သိုက်ကိုဖုန်းဆက်ပြီး အိမ်ကိုခေါ်လိုက်ရတယ်။ ရေးငယ်အတွက် ဆရာဝန်ကိုအိမ်ပင့်ရမယ်လေ။

ဆရာဝန်မလာခင် သားတွေကိုအိပ်ရာနှိုးပြီး မေမေတို့အိမ်ကို ပို့ပေးထားလိုက်တယ်။

"သားခွန် ရုံးမသွားဘူးလား"

"ရေးငယ်နေမကောင်းဘူးမေမေ"

"ဟင် ဘယ်လိုဖြစ်တာလဲ"

"ပါးပါးညက ရန်ချစ်ရာတာ ဖွားရီး"

"ဟေ ဟုတ်လား သားခွန်"

"ဟို . . . ဟုတ်တယ် မေမေ"

"အေးအေး မြေးတွေကို ပြင်ဆင်ပေးပြီးရင် အဲ့ဘက်ကို မေမေလာခဲ့ဦးမယ်"

"ဟုတ်မေမေ"

"သိုက်ကလေးကို ခေါ်ထားသေးလားသား"

"ဟုတ်မေမေ ကျွန်တော်ခေါ်ထားပါတယ်။ ခဏနေရင် ရောက်လာတော့မှာ"

"အေးအေး မေမေခဏနေ လာခဲ့မယ်"

"ဟုတ်"

ရေးငယ်ရန်ဖြစ်လာတာကို မပြောဖို့တွေးထားပေမဲ့ ရှူတူးက အရင်ပြောလိုက်တာမို့ တားချိန်မရလိုက်ပေ။ မေမေတော့ ရေးငယ်‌ကို ဆူဦးမယ်ထင်တယ်။

ခဏကြာတော့ အခွန်ခေါ်ထားတဲ့သိုက်က ရောက်လာခဲ့တယ်။

"ဘယ်သူဘာဖြစ်လို့လဲ အခွန်"

"ရေးငယ်ဖျားနေလို့"

"အင်း မင်းလည်းငါ့ကိုခေါ်ဖို့ သတိတော့ရသေးသားပဲ"

အိမ်ကိုရောက်လာလာချင်းပဲ သိုက်ရဲ့ စကားနာထိုးမှုကို အရင်ခံရပါတယ်။

OMG . . . My Future Husband is Him !!!Where stories live. Discover now