Part 14 (U+Z)

4.3K 357 44
                                    

#Unicode

"ဦးဝေ"

"ဟင်"

"ကျွန်တော်အရင်က ဆိုင်မှာဘာလုပ်လဲဟင်"

"တစ်လမှာ Menu အသစ်တစ်မျိုးလုပ်တယ်။ မုန့်အသစ်တစ်မျိုးဖန်တီးတယ်"

"ကျွန်တော်ကလား"

"အင်း"

"မုန့်လုပ်တတ်တယ်လား"

"အင်း"

"ကျွန်တော်လိုလူမျိုးက မုန့်လုပ်တတ်တယ်ဆိုတာ စဉ်းစားစရာပဲ။ ကျွန်တော်က စားပဲစားချင်တာ မလုပ်ချင်ဘူး"

"အင်း ရေးငယ်က မုန့်လုပ်တာတော်တယ်လေ။ ရေးငယ်လုပ်တဲ့ ချောကလက်ကိတ်ဆို အရမ်းစားလို့ကောင်းတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ရေးငယ်လုပ်‌တဲ့ ချောကလက်ကိတ်လေးကို စားလိုက်ရရင် စိတ်ညစ်ပြေတယ်"

"‌ဦး‌ဝေအပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူးနော်"

"ကိုယ်က အဲ့လိုပြောတတ်တဲ့သူလား"

"ဟုတ်တော့ မဟုတ်ဘူး"

"အင်း"

ရေးပိုင်ဆိုင်တယ်လို့ ပြောကြတဲ့ Cafeဆိုင်နဲ့ ပန်းဆိုင်လေးမှာ အလုပ်ပြန်လုပ်ဖို့ရာအတွက် ဦးဝေက ဆိုင်ကိုလိုက်ပို့ပေးတယ်။ ပြီးတော့ အလုပ်နဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ရေးကို ဦးဝေက အကုန်သင်ပေးမှာမို့ ဒီနေ့တော့ ဦးဝေရုံးမသွားပါ။

"ကျွန်တော်အခုဘာလုပ်ရမလဲ ဦးဝေ"

"ရေးငယ်က မုန့်လည်းမလုပ်တတ်တော့ဘူးဆိုတော့ ကောင်တာပဲထိုင်။ ငွေသိမ်းတာပဲလုပ်။ စာရင်းလည်းစစ်ရမယ်။ ဒီလအတွက် ဝင်ငွေထွက်ငွေ စာရင်းကို ရေးငယ်ကိုယ်တိုင်ပဲလုပ်ရမယ်"

"မလုပ်တတ်ဘူး"

"ကိုယ်သင်ပေးမှာပေါ့။ ပြီးတော့ ရေးငယ်ရဲ့ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရေးငယ်ကိုယ်တိုင်မှာရမယ်။ ဘာပစ္စည်းတွေ လိုအပ်လဲ ဘာတွေကျန်သေးလဲဆိုတာလည်း စစ်ရမယ်။ ကိုယ်တို့ပစ္စည်းတွေမှာနေကြ သူဆီကပဲ ယူရမှာ။ အဲ့ဒါက လွယ်တယ်"

"အင်း။ ပန်းဆိုင်ကရော"

"ပန်းဆိုင်ကတော့ ပန်းဆိုင်မှာ လုပ်နေကြ အာကာရှိတယ်လေ။ သူသင်ပေးလိမ့်မယ်။ ပန်းက ကိုယ့်ဆီကယူတဲ့ဖောက်သည်ရှိသလို ကိုယ်ကလှမ်းမှာပြီးယူနေကြ ပန်းခင်းတွေ ပျိုးခင်းတွေလည်းရှိတယ်"

OMG . . . My Future Husband is Him !!!Where stories live. Discover now