#Unicode
"သား"
"ဗျာ"
"မေမေတို့ နယ်အလှူသွားမှာမို့ ကလေးတွေကို သားတို့နဲ့ ခဏပြန်ထားခဲ့ဦးမယ်။ မေမေတို့သွားမှာ တစ်ပတ်လောက်ကြာမှာ။ သားခွန်ကလည်း ရုံးတက်နေရတာဆိုတော့ ကလေးတွေ ဝေယျာဝစ္စကို သာပဲလုပ်ပေးပြီး သားပဲကျောင်းလိုက်ပို့ပေးရမှာ။ အိမ်မှာ ကြီးငွေတစ်ယောက်ပဲ ကျန်ခဲ့မှာမို့ အိမ်မှာသွားအိပ်ပေးလိုက်နော်"
"ဟုတ်မေမေ"
"ဒါဆို မေမေတို့သွားပြီ"
"ဟုတ်"
အရင်လိုအခြေအနေသာဆို သားပါလိုက်ချင်တယ်လို့ ပြောမိမှာပါ။ ခုတော့ ကလေးတွေကို ကိုယ်နဲ့အပ်ထားခဲ့တာမို့ လိုက်ချင်တာတောင် လိုက်လို့မရပေ။
မေမေတို့သွားပြီး သိပ်မကြာခင်မှာပဲ ဦးဝေကဖုန်းဆက်လာတယ်။
"ရေးငယ် ကိုယ်အလုပ်မှာ စာရင်းတွေလုပ်ရမှာမို့ အိမ်ပြန်နောက်ကျမယ်။ ကုမ္ပဏီမှာအိပ်ရင်လည်း အိပ်ဖြစ်မှာမို့ ရေးငယ်က မေမေတို့အိမ်မှာ ကြီးငွေနဲ့ သွားနေလိုက်နော်။ သားတို့ကို ရေးငယ်ကပဲ စောင့်ရှောက်ထားပေးပါ"
"ဟုတ် ဦးဝေ"
"မေမေတို့ ရွာကိုသွားကြပြီလား"
"ဟုတ် သွားကြပြီ"
"အင်း တစ်ခုခုဆို ကိုယ့်ကိုဖုန်းဆက်လိုက်နော်"
"ဟုတ်"
အဲ့တော့အိမ်မှာ ရေးနဲ့ကလေးတွေနဲ့ပဲ ကျန်ခဲ့တာပေါ့။ ဒါဆို ဒီကလေးတွေကို ရေးကပဲ အကုန်လုပ်ပေးရတော့မှာပေါ့။ ဦးဝေသိပ်ရက်စက်တယ်။
"ကဲချူတူးနဲ့ရှူတူး"
"ဂျာပါးပါး"
"အပြင်သွားရအောင်"
"ဘယ်ကိုရဲပါပါး"
"ကမ်းနားလမ်းကို မုန့်သွားစားမယ်"
"အိုခေးးးးး"
အိုခေးဆိုပဲ။ တတ်လည်းတတ်ကြတဲ့ကလေးတွေ။
ရေးတို့သားအဖသုံးယောက် ကမ်းနားလမ်းကို တကူးတကလာပြီး မုန့်စားကြတာပါ။ ဘယ်သူမှမရှိဘူးဆိုတော့ ကိုယ်တွေသားအဖ လျှောက်လှိမ့်ရုံပါပဲ။ ဒီကလေးတွေကိုထိန်းဖို့ ကိုယ်တာဝန်ကျတယ်လေ။
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။