Part 35 (U+Z)

2.1K 133 10
                                    

#Unicode

ဆောင်းညရဲ့ လေနုအေးလေးက ရေးရဲ့နှာသီးဖျားလေးတွေကို လာရိုက်ခတ်နေတယ်။ ရန်ကုန်ဆောင်းက မချမ်းပေမဲ့ ညရဲ့လေနုအေးလေးတွေကတော့ လတ်ဆတ်တယ်။ အပြင်မှာ အေးချမ်းနေပေမယ့် ရေးရဲ့ရင်ထဲမှာတော့ ပူလောင်မှုက ပြင်းပြနေတယ်။

ညတွေက ရှည်ကြာလိုက်တာ။ အိပ်မပျော်တဲ့ညတွေကို ရေတွက်ရရင် သူတို့သားအဖဆီကပြန်လာရတဲ့နေ့ မေမေ့ကမ္ဘာမှာ ပြန်နိုးထလာရတဲ့နေ့ကတည်းကဆိုပါတော့။

ရန်ကုန်မြို့ကြီးအိပ်မောကျနေပါ‌ပြီ။ ရေးရဲ့နှလုံးသားလေးပဲ အိပ်မောမကျနိုင်သေးတာ။ ဟိုဘက်အိမ်က ရေးကမ္ဘာကြီးလည်း အိပ်မောကျနေလောက်ရောပေါ့။

ရေးကတော့ အိပ်မပျော်နိုင်သေးတာမို့ အိမ်ရှေ့ကိုထွက်ကာ ကင်မရာတစ်လုံးနဲ့ ညရဲ့အလှကို သိမ်းဆည်းနေမိတယ်။ စိတ်ကြိုက်ဓာတ်ပုံရတော့ ဒန်းပေါ်မှာ အမောဖြေ‌ရတယ်။ ဓာတ်ပုံရိုက်လို့မောတဲ့အမောတော့ မဟုတ်ဘူး ဒီအမောက အလွမ်းမော။

ဦးပြုံးချိုကြီးရဲ့ အခန်းတံခါးဝကို လှမ်းကြည့်လိုက်တော့ စာကြည့်မီးလေးလင်းနေသေးတယ်။ တစ်ခြမ်းပဲ့လလေးနဲ့ ကြယ်လေးတွေကို ထွက်ကြည့်ပါဦးလား။ ကျွန်တော်နဲ့အတူ သူတို့လေးတွေလည်း ခင်ဗျားရဲ့အပြုံးချိုချိုလေးကို မျှော်နေရောပေါ့။ အခန်းတံခါးလေးကိုဖွင့်ပြီး တစ်ချက်လောက်လှမ်းကြည့်ပါဦးလား ကိုပြုံးချို။ ခင်ဗျားမျက်နှာလေးကို အိပ်ရာဝင်ခါနီး မြင်ခွင့်လေး ပေးသနားလှည့်ပါဦးလား ကျွန်တော့်ရဲ့ဦးဝေ။

တစ်ခြမ်းပဲ့လလေးကို လှမ်းမျှော်ကြည့်တော့ ကျွန်တော်နှလုံးသားလည်း သူ့လိုတစ်ခြမ်းပဲ့နေတာကို သိလိုက်ရတယ်။ ညရဲ့အလှက လနဲ့ကြယ်ရှိမှ ပြည့်စုံသလို ကျွန်တော့်ဘဝရဲ့အလှက ခင်ဗျားနဲ့သားတို့ရှိမှ ပြီးပြည့်စုံမှာဦးဝေ။ ဘဝကလှလိုက်တာဆိုတာ ခင်ဗျားနဲ့မှဖြစ်မှာ။

တစ်ခြမ်းပဲ့နဲ့တောင် လကလှနိုင်ပေမယ့် ကျွန်တော့်ဘဝကတော့ မလှပနိုင်ဘူးဦးဝေ။ ကျွန်တော်ကိုယ်တိုင်က ခင်ဗျားမပါရင် လှပမှုကို မဖန်တီးနိုင်တော့တာပါ။ ကျွန်တော်လေ ခင်ဗျားကိုချစ်လိုက်တာဗျာ။

OMG . . . My Future Husband is Him !!!Where stories live. Discover now