အခန်း ၁၀၂

623 83 10
                                    

[Unicode]

လေနတ်ဘုရားရော မိုးကြိုးမုန်တိုင်းရောတွင် ‘လက်ထောက်’ဟူသောလူ မရှိပေ။ လေနတ်ဘုရား ဝမ်ဇယ်၏ လက်အောက်တွင် စေလွှတ်ရေးကပ္ပတိန် ၁၀ ယောက်ရှိသည်။ ပုံမှန်ဆိုလျှင် ထိုလူများက သီးသန့်ဆောင်ရွက်ကြပြီး နိုင်ငံတစ်လွှားတွင် တစ်နေရာစီ ရှိနေကြခြင်းပင်။ ဌာနချုပ်တွင် အခြေချနေသည့် ကျန်းကျောင်းနှင့် အရှေ့ပိုင်းခရိုင်များတွင် အဓိက တာဝန်ဆောင်ရွက်သည့် ကုယွဲ့ရှီးမှအပ မည်သူကမျှ သူ့ကို အာရုံမစိုက်မိကြ။

မိုးကြိုးမုန်တိုင်းအဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာ အထူးကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်သည်။ မိုးကြိုးမုန်တိုင်း၏ ဘော့စ်ဖြစ်သူ ရှန်းလင်သည် ဌာနချုပ်တွင် ဘယ်တုန်းကမျှ မျက်နှာလာမပြ။ သူ့တပ်စုများက မြို့စောင့်တပ်ကြီးများတွင်သာ အခြေချပြီး မူမမှန်စွမ်းအင်များကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးအဖြစ် သူ့လူများကို အလျင်အမြန် စေလွှတ်ရန် အမြဲအသင့်ပြင်ထားသည်။ နှစ်သစ်ကူးပွဲအတွက် အတူဆုံချိန်မှလွဲ၍ သူတို့အနေဖြင့် တစ်ယောက်ကိုတစ်ယောက် တွေ့ရရန် မျှော်လင့်ထားလို့မရပေ။ မိုးကြိုးမုန်တိုင်းအဖွဲ့က ပူးပေါင်းမစ်ရှင်တွင် သူတို့၏ ပိုင်နက်ကို ကျော်လာရခြင်းသည် ကြီးမားသော ကိစ္စတစ်ခုခုရှိနေခြင်းကြောင့်သာ ဖြစ်၏။

ယေဘုယျအားဖြင့် ဆိုင်မျက်နှာစာ အပြုအမူတိုင်းကို ဆောင်ရွက်ရပြီး အခြားတပ်ဖွဲ့နှစ်ခုလိုမျိုး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရသည့် အခွင့်အလမ်းမျိုး သိပ်မရှိသော မိုးကြိုးသွားအဖွဲ့တွင်သာ ဧည့်ကြို၊ လုံခြုံရေးနှင့် အစရှိသည်တို့ကို ဆောင်ရွက်ရသော လူအနည်းငယ်သာရှိသည်။ လီချန်က ပါးနပ်လျှင်ပင် သူ့အနေဖြင့် အရာရာကို သူတစ်ယောက်တည်း မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် ဌာနချုပ်က သူ့အတွက် လက်ထောက်တစ်ယောက် ပံ့ပိုးပေးထား၏။

လက်ထောက်၏ မျိုးရိုးနာမည်က ယွီဖြစ်သည်။ သူ့တွင် လှပသောမျက်နှာ၊ မြင့်မားသော ပညာအရည်အချင်းတို့ရှိပြီး မိုးကြိုးသွားအဖွဲ့တွင် တတိယအဆင့် အကျိုးပြုတံဆိပ်ကို ရရှိထားသည်။ အတော်လေး တောက်ပေနေသော CV မျိုးပင်။ အားလုံးက သူ့ကို နောက်တက်မည့် ရှောင်းကျုန်းဟု ပြောကြသည်။ ထို့အပြင် ထိုလူသည် လီချန်ကို အတော်လေး ကူညီပေးသည်။ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သူပင်။ ယေဘုယျအားဖြင့် သူသည် နှိမ့်ချတတ်ပြီး အားလုံးအပေါ် ယဉ်ကျေးသည်။ မောက်မာသော သခင်လေးရှောင်းတစ်ယောက်နှင့် ဝမ်ဇယ် ၁၀ ယောက်၏ မြှောက်လဒ်ထက်ပင် ပို၍နာမည်ကြီး၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now