အခန်း ၆၆

880 175 31
                                    

[Unicode]

"ငါပြောတာ ရှင်းရဲ့လား"

အဖြူရောင်မြူခိုးများက ရွှမ်းကျီး၏ အသိစိတ်ကို လွှမ်းခြုံထားလျက်ရှိသည်။ သူ့မျက်လုံးများရှေ့ရှိ ပိန်းပိတ်အောင်မှောင်မည်းသော အမှောင်ထုထဲတွင် ကလေးတစ်ယောက်၏ အသံကိုသာ ကြားနေရသည်။

ကလေးအသံသည် လူပျိုဖော်ဝင်ရန် လိုသေးပုံပေါ်သော်လည်း သူသည် လူပျိုပေါက်လေးပုံစံနှင့်မတူဘဲ အတော်လေးရင်းနှီးနေပုံပေါ်သည်။ ရွှမ်းကျီးတစ်ယောက် ပြောလိုက်သည့်စကားလုံးများကို သတိထားဆင်ခြင်မိနေသည်။ သူ၏ အရင်အလုပ်အပိုင်မှ ရရှိခဲ့သည့် အလေ့အကျင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် အနှီကောင်လေးသည် လူကြီးတစ်ယောက်၏ စကားအသံအတိုင်း တုပနေကြောင်း သိရှိသွားရသည်။ ကောင်လေးသည် ပြတ်ပြတ်သားသား ပီပီသသရွတ်လိုက်ရင်း သူ့စကားများကို လေသံဖျော့ဖျော့ဖြင့် တမင်တကာ အဆုံးသတ်လိုက်လေသည်။ သူ့ပုံစံကို အရွယ်မတိုင်မီ ဉာဏ်ထက်မြက်လွန်းပုံ ပေါက်နေစေ၏။

"မင်း ငါပြောတာကို နားထောင်နေလား"

ကလေးငယ်က ထပ်မေးလိုက်သည်။

ရွှမ်းကျီး၏ မျက်လုံးများရှေ့တွင် ရုတ်တရက် တောက်ပလာခဲ့ပြီး ကြည်လင်နေသောကောင်းကင်မြင်ကွင်းသည် သူ့မြင်ကွင်းထဲသို့ ချက်ချင်းဝင်ရောက်လာခဲ့သည်။

ထို့နောက် မျက်လုံးများသည် မျက်တောင်ခတ်လိုက်ပြီး ရွှမ်းကျီးမျက်လုံးရှေ့ရှိ မြင်ကွင်းကို တစ်ခဏမျှ ဖုံးကာလိုက်သည်။ ပုံမှန်အားဖြင့် လူတို့သည် မိမိတို့ မျက်တောင်ခတ်သည်ကို သတိမထားမိကြပေ။ ရွှမ်းကျီးအနေဖြင့် အခြားလူတစ်ယောက်၏ မျက်လုံးများမှတစ်ဆင့် ကြယ်များကို ကြည့်ရှုနေခြင်းဖြစ်ကြောင်း အလျင်အမြန် သဘောပေါက်သွားခဲ့၏။

တခြားတစ်ခုကို စိတ်ရောက်နေသည့် နောက်ထပ် လူငယ်အသံတစ်သံ ရှိနေသေး၏။

"နားထောင်နေတယ်၊ နားထောင်နေတယ်"

အရွယ်ရောက်သူကဲ့သို့ စကားပြောရန် ကြိုးစားနေသော ကောင်လေးသည် ရှေးဆန်ဆန် သက်ပြင်းချလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now