အခန်း ၉၇

762 129 15
                                    

[Unicode]

မတော်တဆဖြစ်သွားသည်မှာ အလွန်မြန်ဆန်လွန်းသည်။ ထူးဆန်းသော ထိုကြေးခွံသည် မည်သည့်ကိရိယာပေါ်မှာမှ မပေါ်လာသော်လည်း ချက်ချင်း မြည်ဟီးတော့သည်။ မည်သူကမျှ အလင်းအလျှင်ကို မကျော်နိုင်ပေ။ ထို့ကြောင့် ဘေးနားတွင် ပြုံနေသော လူများအနက် မည်သူကမျှ အချိန်မီ မတုံ့ပြန်လိုက်နိုင်ပေ။

ရှန့်လင်ယွမ်းမှလွဲ၍

ရှန့်လင်ယွမ်းသည် သူ့အကြည့်တို့ကို ရွှမ်းကျီး၏ ခန္ဓာကိုယ်ပေါ်တွင် ထားထားရင်း အချိန်ပမာဏကို အတိအကျ ထိန်းချုပ်နေခဲ့သည်။ ကြိမ်နှုန်းသည် အခြားလူများထက် နှစ်ဆပိုမြင့်သည်။ ရွှမ်းကျီးကို အချိန်အကြာကြီး ငေးကြည့်နေခြင်းက မသင့်တော်သော်လည်း တကယ်တော့ သူသည် မိတ်ဆွေဟောင်း တစ်ယောက်ပင်။ သူ့ကို လျှော့ကြည့်ခြင်းကသာ သဘာဝမကျပေလိမ့်မည်။

သို့သော် သူသည် သူ့အသိဉာဏ်ပင်လယ်ကို ရွှမ်းကျီးပေါ်တွင် ဖြန့်ကျက်ထားသည်။ သူ၏ မူလဇာစ်မြစ် ချီယွမ်၏ အယောင်အဆောင်အောက်တွင် သူ၏ အသိဉာဏ်ပင်လယ်ကို ရွှမ်းကျီးနှင့်အတူ တောက်လျှောက်စီးဆင်းနေသည့် ချီယွမ်၏ အငွေ့အသက်နှင့် ခွဲခြားမရပေ။ ရွှမ်းကျီးသည် ချီယွမ်နှင့်အတူ ပေါင်းစည်းနေသည်မှာ နှစ် ၃၀၀၀ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင် သူသည် ၎င်းကို အလွန်နေသားကျနေပြီဖြစ်သည်။ ရှန့်လင်ယွမ်းအနေဖြင့် မည်သူမှမသိဘဲ ပေါ်ပေါ်ထင်ထင် သိက္ခာရှိရှိဖြင့် ချောင်းကြည့်နိုင်၏။

ထို့ကြောင့် ရှန့်လင်ယွမ်းသည် တစ်ပြိုင်တည်းဆိုသလို လှုပ်ရှားလိုက်ခြင်းဖြစ်ပြီး ရွှမ်းကျီးကို မီးတောက်ထံမှ ကာကွယ်ပေးရန်အတွက် လက်ကိုဆန့်ထုတ်လိုက်သည်။

ထိုမီးတောက်အလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်ရချိန်တွင် ရှန့်လင်ယွမ်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားခဲ့သည် —- ကောင်းကင်ဘုံမိစ္ဆာခန္ဓာကိုယ်ကို ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ အခြေခံအယူ တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးအစားသတ်မှတ်ထားသည်။ အကယ်၍ သူ့ကို အခိုင်အမာ ဖိနှိပ်ထားပြီး ချည်နှောင်ထားလျှင်ပင် အခြားရှုထောင့်ကကြည့်ပါက သူသည် ကမ္ဘာပေါ်တွင် မြင်ရခြင်းမရှိ ခက်ခဲနက်နဲသော ကောင်းကင်ဘုံဥပဒေဿ၏ အခြေခံယူဆမှုများနှင့် အနီးစပ်ဆုံးလူပင်။ မီးတောက်ထဲတွင် ရောနှောဝင်ရောက်နေသည့် ဤအခြေခံယူဆမှုကြီးသည် သူ့ကို ဆွဲခေါ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် ညှာတာမှုအကင်းမဲ့ဆုံးနှင့် ပြောင်းလဲ၍မရသော. အချိန်စီးကြောင်း ဖြစ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now