အခန်း ၆၇

852 179 30
                                    

[Unicode]

အရှင့်သား…အရှင့်သား…

အရှင်မင်းကြီး

အရှင်မင်းကြီး၊ အရှင်မင်းကြီးက လူသားအားလုံးရဲ့ မျှော်လင့်ချက်ပါ…

လူသားအားလုံးရဲ့ မျှော်လင့်ချက်ပါ…

အရှင်မင်းကြီး ကျွန်တော်မျိုးတို့ကို ဦးဆောင်လမ်းပြပေးပါ…

ရွှမ်းကျီးမျက်လုံးများရှေ့ရှိ လူမဆန်သော မြင်ကွင်းသည် တစ်စစီပြိုကွဲသွားခဲ့သည်။ သို့သော် သူ့အနေဖြင့် အသိပြန်မဝင်လာနိုင်ခင်မှာပင် နောက်အခိုက်အတံ့တွင် မြင်းစောင်းထဲသို့ ကျရောက်သွားခဲ့သည်။ သူသည် ဓားဝိဉာဉ်လေး၏ မျက်လုံးများမှတစ်ဆင့် မြင်နေရဆဲဖြစ်သည်။ မြင်ကွင်းသည် စင်တီမီတာအနည်းငယ် ပိုမိုမြင့်သွားသောကြောင့် ပိုင်ရှင်ငယ်လေးသည် အနည်းငယ် အသက်ပိုကြီးလာပုံပေါ်သည်။

ရွှမ်းကျီး၏ စိတ်သည် ယခုလေးတင် ငယ်ရွယ်သော ခန္ဓာကိုယ်ထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုမလေ့လာနိုင်ခင်မှာပင် သူ့နောက်ကျောကို တုတ်နှင့်ရိုက်လိုက်မှုကို ခံစားလိုက်ရသည်။ ထိုရိုက်ချက်သည် ဒဏ်ရာမရစေနိုင်သော်လည်း ကလေးတစ်ယောက်ကို ဟန်ချက်ပျက်သွားစေရန် လုံလောက်သည်။ ရှန့်လင်ယွမ်းငယ်လေးခမျာ သတိလက်လွတ်ဖြစ်သွားပြီး ဒယိမ်းဒယိုင်ဖြစ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားရှာ၏။

ရွှမ်းကျီးသည်လည်း လန့်သွားပြီး ရေရွတ်လိုက်သည်။

မင်းမေ…

မတ်မတ်ရပ်စမ်း

အမျိုးသမီးတစ်ယောက်၏ ရေခဲတမျှ အေးစက်သော အသံသည် အနောက်မှထွက်ပေါ်လာခဲ့သည်။ ရှန့်လင်ယွမ်းငယ်လေးသည် သိမ့်သိမ့်တုန်ယင်သွားပြီး အလိုလျောက်တုံ့ပြန်မှုအရ မတ်မတ်ရပ်လိုက်၏။  

ဂါဝန်တရှပ်ရှပ်သံက နောက်မှထွက်ပေါ်လာခဲ့သည်။ ယခုလေးတင် အရိုက်ခံလိုက်ရသောကြောင့် ကောင်လေး၏ လည်ပင်းသည် တောင့်တင်းလျက်ရှိသည်။ အသံလာရာအတိုင်း မျက်လုံးထောင့်စွန်းမှ ဘေးသို့ မသိစိတ်၏ စေ့ဆော်မှုအရ ကြည့်လိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now