အခန်း ၂၀

846 151 5
                                    

[Unicode]

ဒါရိုက်တာဟွမ်သည် သူ့နောက်တွင် ခြေလှမ်းတစ်ဝက်အကွာမှ လိုက်လာသော ရှောင်းကျန်းတစ်ယောက် အလျင်အမြန် မီလာချိန်တွင် တံခါးပေါက်ကို ဖွင့်ခါနီးဖြစ်‌နေသည်။

ကျွန်တော့်ကို ခွင့်ပြုပါ

ရှောင်းကျန်းက အတွင်းပိုင်းတွင် ဂါထာမန္တန်များ ထွင်းထုထားသည့် ရိုးရှင်းသော လက်စွပ်ထူထူတစ်ကွင်းကို သူ့လက်တွင် ဝတ်ဆင်ထားသည်။ လက်စွပ်က တံခါးနှင့်ထိသွားသောအခါ စူးရှတောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုက မန္တန်စာသားများကိုဖြတ်၍ လှစ်ခနဲပြေးသွားသည်။ တံခါးဘောင်က ကျွီခနဲမြည်သွား၏။ မမှိတ်မသုန်သော မျက်နှာအမူအရာနှင့်အတူ ရှောင်းကျန်းက ဦးဆောင်ဝင်သွားပြီး ဒါရိုက်တာဟွမ်အတွက် တံခါးပေါက်ဖွင့်ပေးထားလိုက်သည်။ သူက အသံနိမ့်ကာ ပြောလိုက်သည်။

ဒီမှာ ဘာကိုမှမထိပါနဲ့။ ဖုန်လိုင်အစည်းအဝေးအတွင်းမှာ ဘာမှမလုံခြုံဘူး

ဒါရိုက်တာဟွမ်မျက်နှာက ပို၍တည်ကြည်လေးနက်သွားသည်။ ထိတ်လန့်ခြင်းတော့မရှိချေ။ ရှောင်းကျန်းပုခုံးများကို ပုတ်လိုက်ကာ ခြေလှမ်းကျဲကျဲဖြင့် ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်--- ဤနေရာသည် စံချိန်မီမိုတယ်တစ်ခုအလယ်ရှိ ညီလာခံစင်တာဖြစ်သည်။ အဆောက်ဦးက သုံးလွှာမြင့်ပြီး တစ်ခုလုံးကို ငှားထားခြင်းဖြစ်သည်။ အဝင်ပေါက်တွင် ယာယီသင်္ကေတတစ်ခု ရှိနေပြီး ၎င်းပေါ်တွင် ဖုန်လိုင်ယဉ်ကျေးမှုနှင့် အနုပညာ ညီလာခံဟု ရေးထား၏။

ဒါရိုက်တာဟွမ်က ရှောင်းကျန်းနှင့် ကွင်းဆင်းဝန်ထမ်းအနည်းငယ်ကို ခေါ်ဆောင်ပြီး အထဲသို့ဝင်သွားသည်။ သူတို့နောက်ရှိ ဂိတ်ပေါက်က ချက်ခနဲမြည်ကာ အလိုလျောက်ပိတ်သွားသည်။ ဂိတ်ပေါက်ပိတ်သွားချိန်တွင် သူတို့ဦးခေါင်းများ ရေအောက်တွင် မြုပ်သွားသည့်အလား ဖြစ်သွားသည်။ ညီလာခံအဆောက်ဦးအပြင်ဖက်ရှိ ပတ်ဝန်းကျင်အသံများက လုံးဝတိတ်သွား၏။

ကွင်းဆင်းဝန်ထမ်းက ထူးခြားစွမ်းရည်မရှိသည့် တစ်ဦးတည်းသော သာမန်လူဖြစ်သော ဒါရိုက်တာဟွမ်ကို သတိကြီးစွာဖြင့် အဖွဲ့အလယ်တွင် ဝန်းရံလိုက်သည်။ ရှောင်းကျန်းက သူတို့ရှေ့ဆုံးမှ ဦးဆောင်သွားလိုက်သည်။ ပုံမှန်မဟုတ်သော စောင့်ကြည့်ကိရိယာများပေါ်ရှိ အချက်ပေးမီးများက ဆက်လက်၍ မှိတ်ချည်လင်းချည်ဖြစ်နေသည်။ ရုတ်တရက် ရှေ့ဆုံးရှိရှောင်းကျန်းက ရပ်လိုက်ပြီး လှေကားခွင်အဝင်ပေါက်ရှိ ကျောက်ရုပ်တုကို မော့ကြည့်လိုက်သည်---ကျောက်ရုပ်တုသည် ဟော်တယ်လ်ညီလာခံအဆောက်ဦး၏ အလှဆင်ပစ္စည်း အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လွင့်ပါးကျနေသည့် အဝတ်စားများ ဝတ်ဆင်ထားသော နတ်သမီးဖြစ်သည်။ ကျောက်သားက အတော်လေး ဈေးချိုပြီး သူမမျက်နှာအမူအရာက အတော်လေး မကြည်မသာပုံစံဖြစ်နေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now