အခန်း (၅၄)

612 105 1
                                    

[Unicode]

တောင်ဘက်ပင်လယ်ဘေးတွင် ရှန့်လင်ယွမ်းသည် နေရာကွယ်တစ်ခုကို ရှာတွေ့သွားပြီး အေးအေးဆေးဆေး ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ ရုပ်သေးမန္တန်ကို အသုံးပြုပြီး ငါးအချို့ဆီသို့ သူ့စိတ်ကိုသူ ချည်နှောင်လိုက်သည်။

ရေမျက်နှာပြင်အောက်တွင် ငါးမျက်လုံးများမှတစ်ဆင့် လုချ်ငါးသည် သူ မျှော်လင့်ထားသည့်အတိုင်း မှော်ပစ္စည်းကို ထုတ်ယူလိုက်ကြောင်း မြင်လိုက်ရ၏။

ပင်လယ်ရေအောက်ပုလဲသည် နို့နှစ်ရောင်ဖြစ်သည်။ ဘောလုံးကဲ့သို့ လုံးဝန်းနေပြီး မျက်နှာပြင်တစ်လွှားတွင် ပုလဲရောင်ပြောင်ပြောင်လေး ရှိနေသည်။ ၎င်းကို အလွန်ဒဏ်ခံနိုင်သော ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ဖြန့်လိုက်သည့်အခါ ၎င်းသည် တစ်ဘက်စီတွင် (၃)မီတာမက ကျယ်ဝန်းပြီး ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှသော အပြားတစ်ချပ် ဖြစ်လာခဲ့၏။

အသွင်အပြင်ကို ကြည့်ရုံဖြင့် ၎င်းသည် တကယ်ကိုပင် ပါးဟပ်နှင့် ဆင်တူပေ၏။

ရှန့်လင်ယွမ်းသည် အသစ်အဆန်းကို စိတ်ဝင်စားမှုဖြင့် ကြည့်ရှုနေလေသည်။ သူသည် ဤကဲ့သို့ ဆန်းဆန်းပြားပြား တီထွင်ထားမှုကို မကြားဖူးပေ။ သူ့နှောင်းပိုင်းလူများက ဖန်တီးထားကြောင်း သဘောပေါက်သွား၏။ အလွန်ပြောင်မြောက်သော အတတ်ပညာဖြစ်သော်လည်း ၎င်းကို သမိုင်းမတိုင်ခင်ခေတ်က အဓိပ္ပာယ်မရှိသော မူလဇာတ်လမ်းကို ပေးအပ်ထားသည်မှာ အလွန်ထူးဆန်းလွန်း၏။

ရှန့်လင်ယွမ်းသည် လုချ်ငါးက အားလုံးပေါ်သို့ ပါးဟပ်ကို ဆွဲငင်ပေးနေသည်အား ကြည့်ရှုလိုက်သည်။ ၎င်းသည် လူများနှင့် လှေတိုကို ပိတ်ကျဲအလွှာပါးပါးဖြင့် ဖုံးအုပ်ထားသည့်အလား။ ထို့နောက် ၎င်းသည် အရည်ပျော်သွား၏။

လူဖြစ်စေ၊ အရွယ်အစားအမျိုးမျိုးရှိသော ကုန်သေတ္တာများဖြစ်စေ သို့မဟုတ် လှေဖြစ်စေ ပါးဟပ်ဖြင့် ဖုံးအုပ်ထားသော အရာအားလုံးသည် ပုလဲရောင်ပြောင်ပြောင်ကို ထုတ်လွှတ်နေကြသည်။ လူအများက လှေပေါ်ရှိနေလျက်နှင့်ပင် လှေသည် ရွှန်းရွှန်းစိုနေသည့် ပူဖောင်းအလား ရေမျက်နှာပြင်အောက်သို့ ဆင်းသွားသည်။ အသေးဆုံးသော လှိုင်းဂယက်ကိုသာ ဖြစ်ပေါ်သွားစေခဲ့၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now