အခန်း ၉၀

685 142 27
                                    

[Unicode]

ဝိဉာဉ်ရှာဖွေရေး သည် ဒဏ္ဍာရီများတွင် ရေးထားသလိုမဟုတ်ပေ။ လူတစ်ယောက်၏ စိတ်ကို ဖွင့်ကြည့်ပြီး ၎င်း၏ ဆန္ဒကို စစ်ဆေးကြည့်ခြင်းမျိုးမဟုတ်။ တကယ်တော့ ဖိအားများသည့် အခြေအနေအောက်တွင် လူ့ဦးနှောက်သည် ဗလာကျင်းသွားတတ်ပြီး ဘာကိုမျှ ရှာမတွေ့နိုင်ပေ။ ဤအချက်သည် ထုန်ရှင်းချောင် ရုပ်သေးများအတွက် အထူးတန်ပြန်မန္တန်ဖြစ်သည်။ အကယ်၍ ရုပ်သေးနှင့် ထုန်ရှင်းချောင်မန္တန်တို့ကို အတူပူးတွဲထားပြီး အနှေးနှင့်အမြန် မန္တန်ဆရာ ပါဝင်နေလျင် ထုန်ရှင်းချောင်မန္တန်ကတစ်ဆင့် ၎င်း၏ သခင်ဖြစ်သူကို ခြေရာခံနိုင်၏။

အကယ်၍ ရှန့်လင်ယွမ်းသာ ရုပ်ရှင်ထဲက ဗီလိန်တစ်ဦးဖြစ်ခဲ့လျင် သူသည် စကားအရှည်ကြီး ပြောပြီး သေဆုံးမည်မဟုတ်။ ကျန်းကျောင်းသည် မက်ဆေ့ကို တစ်ဝက်သာဖတ်ရသေးပြီး X-ray အမြင်ရှိသည့် ကုယွဲ့ရှီးသည်ပင် ရှန့်လင်ယွမ်းက တစ်စုံတစ်ခုကို ဖမ်းလိုက်သည်ဟု ခပ်ရေးရေးမြင်လိုက်ရုံသာရှိသေးချိန်တွင် ရှန့်လင်ယွမ်းသည် ဝိဉာဉ်ရှာဖွေရေးကို အပြီးသတ်ပြီးပြီဖြစ်၏။

သစ်သားရုပ်လေးသည် အသံမထွက်အောင် ညည်းညူလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည့် အသေးစားပရိုဂျက်တာတစ်ခုနှယ် ဖြစ်လာခဲ့ပြီး သူ့နောက်ကျောဘက်တွင် လူအစစ်၏ ခန္ဓာကိုယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ကျွီခနဲမြည်သံနှင့်အတူ ယန့်ချိုးရှန်းတစ်ယောက် ဘရိတ်ဆောင့်အုပ်မိသွားသည်။ သည်တစ်ကြိမ်တွင် သူသည် ကားကို တကယ်ပင်ရပ်တံ့လိုက်ခြင်းဖြစ်ပြီး လမ်းဘေးမှ စူပါမားကတ်ကိုပင် ဝင်တိုက်လုနီးပါး ဖြစ်သွားရ၏။

ခါးပတ်ပတ်တတ်သောအကျင့်မရှိသည့် ကွင်းဆင်းဝန်ထမ်းများသည် ပြောင်းဖူးပေါက်ပေါက်ဖောက်စက်အဖြစ် ပြောင်းသွားရလုနီးပါးပင်။

သို့သော် ပြောင်းဖူးပေါက်ပေါက် အစေ့များသည် သူတို့ဘေးပတ်ပတ်လည်ရှိ အစီအစဉ်မကျမှုတို့ကြောင့် အလုပ်ရှုပ်နေလျက်ရှိပြီး ညည်းညူချိန်မရှိကြပေ။

ကျီးချွင်း

ကျီးချွင်း

အိုး သောက်ချေး

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now