အခန်း ၃၀

688 129 10
                                    

[Unicode]

ဒုန်ချွမ်းလေဆိပ်တွင် ပုံရိပ်မျိုးစုံသည် လေနတ်ဘုရား ဟူသော စာလုံးများ ရေးသားထားသည့် လေယာဉ်ပေါ်မှ ဆင်းလာကြသည်။ အရပ်ဝတ်အရပ်စားများကို ဝတ်ဆင်ထားကြပြီး ဒုန်ချွမ်း၏ မြို့နယ်နမိတ်ထဲသို့ မသိမသာ ခေါ်သွားမည့် ကားပေါ်သို့ တက်သွားကြ၏။

သူတို့ထဲတွင် ကလေးမျက်နှာနှင့် လူငယ်တစ်ယောက် ရှိနေသည်။ သူသည် အတော်လေး ခေတ်ဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လမ်းလျှောက်ရင်း ပီကေဝါးနေကာ လည်ပင်းတစ်ဝိုက်တွင် အချိန်ဖမ်းနာရီကို တွဲလောင်းဆွဲထားသည်။ ထိုလူသည် လေနတ်ဘုရားပထမအဖွဲ့၏ ကပ္ပတိန်ကျန်းကျောင်း ဖြစ်သည်။ သူ့ဘေးတွင်မူ မျက်နှာပေါ်၌ လေယာဉ်မှူးများ ဝတ်ဆင်လေ့ရှိသည့် မျက်မှန်ကို တပ်ထားသည့် အမျိုးသမီးကွင်းဆင်းဝန်ထမ်း ဖြစ်သည်။ သူ့မျက်လုံးများနှင့် မျက်ခုံးများက အမြဲအိပ်ချင်နေပုံပေါ်စေသော်လည်း ကျန်းမာရေးမကောင်းသည့် အသွင်အပြင်ကြောင့် အလုပ်ထုတ်ခံရခြင်းမျိုး မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤအချက်သည်လည်း ထူးခြားသော လက္ခဏာဖြစ်သောကြောင့်ပင်။ ဟုတ်ပါသည်။ သူသည် ချီယွမ်ဆေးရုံတွင် ရွှမ်ကျီကို ကူညီပေးခဲ့သည့် လေနတ်ဘုရား ဒုတိယအဖွဲ့၏ ကပ္ပတိန်ကုယွဲ့ရှီး ဖြစ်၏။

သူတို့နှစ်ယောက်လုံးသည် တာဝန်ချခံရသည့် မည်သည့်နေရာတွင်မဆို ကိုယ်တိုင်ညွှန်ကြားနိုင်သော အထူးအေးဂျင့်များဖြစ်သည်။ သို့သော်လည်း ဤခရီးတွင် သူတို့သည် ထောက်ပံ့ပေးရမည့် ကဏ္ဍကသာ ပါဝင်ရမည်။ သူတို့ကို ဦးဆောင်နေသူမှာ ကျစ်လျစ်ပြီး ကြွက်သားထူသော နောက်ကျော၊ ကျယ်ပြန့်သော ပုခုံးများ၊ ဆံပင်ရိတ်ထားသော ဦးခေါင်းနှင့် အသားညိုသော မျက်နှာရှိသူ ဖြစ်သည်။ စီးကရက်တစ်ခုကို သူ့ပါးစပ်ထဲတွင် တဲတဲလေး ခဲထားသေးသည်။ ပထမအကြည့်တစ်ချက်နှင့်ပင် ယောင်္ကျားသားတွေထဲက ယောင်္ကျား ဟူသော စကားလုံးကို စိတ်ထဲတွင် ပေါ်လာစေသည့် အသွင်အပြင်မျိုး ရှိသူပင်။ သူ၏ တည်ရှိနေမှု တစ်ခုလုံးသည် အကြမ်းပတမ်းခံနိုင်ပုံကို ပေါ်လွင်နေစေ၏။

ဤလူ၏ မျိုးရိုးနာမည်သည် ဝမ်။ နာမည်အပြည့်အစုံမှာ ဝမ်ကျဲ ဖြစ်သည်။ သူ၏ ထူးခြားစွမ်းရည်မှာ ရေအမျိုးအစားဖြစ်ပြီး ယခုအချိန်တွင် လေနတ်ဘုရားအထူးတပ်ဖွဲ့များ၏ ခေါင်းဆောင်ဖြစ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now