အခန်း ၇၅

1K 146 14
                                    

[Unicode]

ဤအခိုက်အတံ့မတိုင်ခင်က ရွှမ်းကျီးအနေဖြင့် အလွန်ဆုံးစိတ်ကူးမိသည်မှာ အောင်ဘာလေထီမှ ယွမ် ၅ သန်းပေါက်ပြီး သူ့အခွန်ခများကို ပေးချေပြီးနောက် ကျန်ရှိမည့်ပိုက်ဆံကို အသုံးပြုကာ မြို့အနောက်ပိုင်းအဖျားနားတွင် ညစ်ပတ်၍မှောင်သော တိုက်ခန်းငယ်လေးတစ်ခုကို ဝယ်ယူခြင်းဖြစ်သည်။ နောက်မှသာ သူ့အကြွေးများကို တဖြည်းဖြည်း ဆပ်သွားမည်သာ။ ဤသို့သောနေ့မျိုး ရောက်လာမည်ဟု မည်သူထင်အံ့နည်း။

ရှန့်လင်ယွမ်းသည် ရွှမ်းကျီးက လက်ညစ်ပတ်လေးများကို တိတ်တဆိတ် ဖယ်ထုတ်လိုက်၏။

ဒီအစီအရင်တစ်ခုလုံးကို မင်းနဲ့ ဆွဲဆက်ထားတာ။ အဲဒါကြောင့် မင်းရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က အဲဒါတွေကို လွှမ်းမိုးဖို့ မထိန်းထားနိုင်ဘူးဆိုရင်— ဥပမာ အိပ်ပျော်သွားတာမျိုးပေါ့— အဲဒီလိုဆိုရင် မင်းရဲ့ ဒီအိမ်က သူ့ရဲ့ မူလပုံစံ  ပြန်ဖြစ်သွားလိမ့်မယ်

ရွှမ်းကျီးက တွေးလိုက်သည်။

ဒီလိုအခြေအနေမျိုးနဲ့ အိပ်နိုင်တဲ့သူ ရှိသေးလို့လားမြို့အလယ်ခေါင်ကြီးမှာ နန်းတော်အရွယ်အစားရှိတဲ့ အိမ်ကြီးလေ— ကိုယ်ပျံချင်သလောက် ပျံလို့ရတဲ့‌ နေရာမျိုးကြီးမှာလေအိပ်ပျော်နိုင်ရင်တောင်မှ စိတ်လှုပ်ရှားလွန်းလို့ နိုးလာမှာပဲ

ကျွန်တော် အိမ်မှာရှိနေသရွေ့ မျက်လုံးတောင် ပိတ်မှာမဟုတ်ဘူး

ရွှမ်းကျီးသည် ရှန့်လင်ယွမ်းကို ဆိုဖာဆီသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။ မူလက ဧည့်ခန်းနေရာတစ်ဝက်ခန့်ကို နေရာယူထားသည့် ထိုအဝတ်ဆိုဖာသည် ယခုအခါတွင် ဘွန်စိုင်း (သက်ကြီးပင်ပု) ရှုခင်းထဲရှိ လွမ်းဆွေးဖွယ်ရာထောင့်တစ်နေရာတွင် အဆင်တန်ဆာတစ်ခုနှယ် ထီးထီးကြီးရှိနေလေသည်။ ထို့နောက် သူ့တွင်ရှိသမျှ အချိုရည်များနှင့် မုန့်သရေစာအားလုံးကို ထုတ်ယူလာပြီး ပိရှရှေ့တွင် ချပေးလာတော့သည်။

ဒီနေ့ အတန်းချိန်က ဘာသင်ရမှာလဲဆိုတာ ပြောပြကြည့်ပါ့လား။ ကျွန်တော်တို့တွေ အပ်ပေါက်ထိုးတာကိုပဲ ဆက်လေ့ကျင့်ရဦးမှာလား။ ကျွန်တော် ပျံနိုင်တယ်၊ ခုန်နိုင်တယ်၊ ၇၂၀ ဒီဂရီ ခြေထောက်လေပေါ်မြှောက်ပြီးဆက်တိုက် ကနိုင်တယ်

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now