အခန်း ၇၁

1.1K 170 8
                                    

[Unicode]

အားလုံးက မော်နီတာရှိရာသို့ တစ်ဟုန်ထိုးပြေးသွားကြသည်။ ဒါရိုက်တာရွှမ်း၏ အံ့ဖွယ်စွမ်းဆောင်မှုများကို ချီးကျူးရန် အလွန်အလုပ်ရှုပ်လျက် ရှိကြ၏။

ဝရမ်းပြေးယင်ရိတွင် အမြင်အာရုံအနည်းငယ် ရှိနေခဲ့သည်။ သို့သော် သက်ရှိများကို အကန့်အသတ်နှင့် မြင်ရခြင်းမျိုးပင်။ သူ၏ မြင်ကွင်းထဲတွင် အရာဝတ္ထုများမရှိသလို ပရိဘောဂများလည်း မရှိပေ။ သူ့ဘေးမှ ဖြတ်သွားသော လူများ၊ တိရစ္ဆာန်များနှင့် အပင်များသည် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် ပုံရိပ်များသာ ဖြစ်ကြသည်။ ၎င်းတို့၏ အစွန်းများသည် ဝေးဝါးနေကြပြီး အများစုမှာ အဖြူအမည်းပုံရိပ်များသာ။ တချို့က အတော်လေးတုန်ခါနေကြသည်။ အချို့ကမူ အတော်လေး တောက်ပကြသည်။ သို့သော် မျက်နှာများနှင့် လူပုံများကို ခွဲခြားရန် နည်းလမ်းမရှိပေ။

သူ့စိတ်ထဲရှိ ပုံရိပ်သည် အနည်းငယ်လှုပ်ခါနေပြီး အသံသည်ကား စီးဆင်းနေသော ရေလိုပင်။ ၎င်းတို့သည် ခရီးသွားများ ဖြတ်သန်းသွားလာနေကြသည့် အပျော်စီးသင်္ဘောပေါ်တွင် ရှိနေကြပုံပေါ်သည်။ အသံများနှင့် ကင်မရာတဖျပ်ဖျပ်ရိုက်သံများက မရပ်မနား ကျွက်ကျွက်ညံနေလျက်။ လူများသည် ပင်လယ်အနီးရှိ ထူးဆန်းသော မြင်ကွင်းအကြောင်း တတွတ်တွတ်ပြောနေကြခြင်းဖြစ်၏။

ယင်ရိ၏ မြင်ကွင်းအဆုံးတွင် ရှိနေသည်မှာ တောင်ပုံသဏ္ဌာန်အရာဝတ္ထု၏ ဧရာမအရိပ်ကြီးပင်။ လူတစ်ယောက်၏ မျက်လုံးများနှင့်မတူသော ယင်ရိ၏ မျက်လုံးထဲတွင် ထို တောင် ၏ အစွန်းများသည် ဓားဖြင့် ခုတ်ဖြတ်ထားသည့်နှယ် ထင်ရှားလွန်းနေပြီး တစ်ခုလုံး ပိန်းပိတ်အောင် မှောင်မည်းနေသည်။ အလယ်တွင်မူ တောင်ကို တွဲဆက်ထားသည့် နှလုံးပုံကဲ့သို့ အခဲအနီရင့်ရောင်တစ်ခု ရှိနေ၏။

သူက ရှန်ကျွန်းအဖြစ်အပျက်မှာ တကယ်ပါဝင်ခဲ့တာပဲ

သူက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ကပ္ပတိန်ယန့်ကို ခြယ်လှယ်ဖို့အတွက် ကျီးချွင်းကို အသုံးချခဲ့ရတာလဲ

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now