အခန်း ၈၇

901 143 7
                                    

[Unicode]

ဝေ့ယွင်သည် မိုးကြိုးပစ်ခံရသလို ဖြစ်သွားကြောင်း ရွှမ်းကျီး ခံစားမိသည်။ ထိုပုဂ္ဂိုလ်သည် မတ်တပ်ရပ်နေပြီး အတွင်းဆောင်ထဲသို့ အလောတကြီးဝင်သွားခဲ့ကာ ဝါးပေလိပ်အပုံများအကြား ခေါင်းစိုက်နေလေ၏။ အချိန်အတော်ကြာအောင် မှတ်စုများကို ရှာဖွေနေခဲ့ပြီး သူတစ်ကိုယ်တည်း မရပ်မနား ရေရွတ်နေ၏။

ရွှမ်းကျီးသည် နေ့တစ်ဝက်မျှ သူ့ဘေးတွင် လှည့်ပတ်နေပြီး "တူသောဇာစ်မြစ်" နှင့် "ယဇ်ပူဇော်မှုဆိုင်ရာမီးဖိုကြီး"ကဲ့သို့သော လူသားဘာသာစကားနှင့် မတူသည့် အရာတို့ကို ရေရွတ်နေသည်ကို နားထောင်နေရလေသည်။ သူသည် ဝေ့ယွင်၏ စကားများကို နားမလည်ချေ။ ကောင်းရှန်းမင်းသား၏ မျက်နှာအရောင်ပြောင်းလဲမှုများကို စိတ်လှုပ်ရှားစွာသာ ကြည့်နေမိသည်။ တဖျပ်ဖျပ်လက်နေသော ဖယောင်းတိုင်မီးများက သူ့ပုံရိပ်ကို အလင်းဟပ်နေလေသည်။ ဝေ့ယွင်၏ မျက်နှာသည် သင်္ချိုင်းတွင် နေရာမရသည့် လူသေ၏ မျက်နှာနှယ် ရုပ်ဆိုးနေ၏။

ရှိသမျှ စာလိပ်များကို အစအဆုံး ခွဲခြားပြီးနောက် မင်းသားသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိပြီး မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက် လဲကျသွားတော့သည်။ သူ့လည်ချောင်းထဲမှ စကားတစ်ခွန်းကို အတင်းညှစ်ထုတ်လိုက်တော့၏။

"တုန်...အရှင့်သား ဒီမှာရှိလား"

ရွှမ်းကျီးသည် ရှေ့သို့ ချက်ချင်း လှမ်းလိုက်သည်။

"အင်း အင်း ရှိတယ်။ တစ်ခုခုရှာတွေ့လို့လား။ ပြောလေ"

သို့သော် ဝေ့ယွင်သည် သူ့ကို ဖောက်ထွင်းကာ နံရံပေါ်ရှိ မညီမညာအရိပ်ကိုသာ စိုက်ကြည့်နေလေသည်။ ဖယောင်းတိုင်မီးအလင်းရောင်တို့သည်ကား တဖျပ်ဖျပ်လှုပ်ခတ်လျက်။ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်အလား။ အရိပ်သည် မငြိမ်မသက်ဖြင့် ပုံပျက်နေသည်မှာ တစ္ဆေတစ်ကောင်နှယ်။

"ဟုတ်ပြီ ဟုတ်ပြီ အစ်ကိုဝေ့ယွင်"

ရွှမ်းကျီး၏ သွေးကြောများက ထောင်မတ်နေလေပြီ။ အနည်းငယ်မျှ ထပ်ကြာလျှင် သူ့အနေဖြင့် စိတ်မရှည်လွန်းသဖြင့် မီးထတောက်တော့မည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now