အခန်း ၂၈

552 120 21
                                    

[Unicode]

ရှန်လင်းယွမ်သည် အိပ်မက်ထဲတွင် စကားပြောနေသည့်နှယ် တီးတိုးရေရွတ်နေသည်။

မင်းဆိုရင်ရော ဘယ်လိုလုပ်မှာလဲ

သူသည် ရွှမ်ကျီကို မေးနေပုံပေါ်သော်လည်း တစ်ချိန်ထဲမှာပင် မြင်ကွင်းမှ ဖုံးကွယ်ထားပြီး သူတို့ကို တိတ်တဆိတ် လေ့လာနေသော လေထဲရှိဖြစ်တည်မှုတစ်ခုကို မေးနေပုံလည်းပေါ်၏။

ရွှမ်ကျီသည် ဂူအပေါက်ဝဆီသို့ ကြည့်လိုက်သည်။ ရှို့ဟွေမှတ်ဉာဏ်လောကထဲတွင် ဂူသည် နတ်ဆရာသင်္ချိုင်း မဖြစ်သေးသလို မြေအောက်တွင်လည်း မြှုပ်နှံမခံရသေးပေ။ အလင်းဖျော့ဖျော့က အပေါက်ဝတွင် ခပ်မှိန်မှိန် လင်းနေပြီး ရှန်လင်းယွမ်၏ မျက်နှာတစ်ဝက်ကို အလင်းထဲတွင် ကွယ်ထားကာ ကျန်တစ်ဝက်ကို အမှောင်ထဲတွင် ရှိနေစေသည်။ ထင်ရှားပြတ်သားပြီး ချောမွေ့သော မျက်နှာကောက်ကြောင်းများကို ထုတ်ဖော်ပြသနေ၏။

ခြေသံများက အပေါက်ဝမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က နတ်ဆရာဘာသာစကားဖြင့် ပြင်းပြင်းထန်ထန် အော်လိုက်သည်။

ရှန်လင်းယွမ်၏ ခေါင်းကိုက်မှုသည် ပို၍ဆိုးလာပုံပေါ်သည်။ သူ့နှဖူးကို အေးစက်စက် ဂူနံရံပေါ်တွင် ဖိထားနေရသည်။

ရွှမ်ကျီ : သူ ဘာပြောလိုက်တာလဲ

ရှန်လင်းယွမ်သည် ဗလုံးဗထွေး ဖြေလိုက်သည်။

ယဇ်ပလ္လင်က ပွင့်သွားပြီ။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ အရင်ဝင်လိမ့်မယ်

ယဇ်ပလ္လင် ဟုတ်လား

ယဇ်ပလ္လင်ဆိုတာက နတ််ဆရာမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေပဲ

ရှန်လင်းယွမ်အသံကို လူများ၏ ဆူညံသံများနှင့် ခြေသံများက ဖုံးလွှမ်းသွားလုနီးပါး။ နှစ်ပေါင်းထောင်ချီကွာသော အနာဂတ်မှ ရောက်လာသော ပွဲကြည့်ပရိသတ်များအမြင်တွင် ကြောက်စိတ်မွှန်ပြီး အထိတ်တလန့်ဖြစ်နေသော နတ်ဆရာများ အပြေးအလွှားသွားနေကြသည်မှာ ရေလွှမ်းမိုးမှုကြောင့် အုပ်လိုက်အမောင်းခံရသည့် တိရစ္ဆာန်များအလား။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now