အခန်း (၅၁)

597 105 0
                                    

[Unicode]

ယွိယန်မြို့သည် ယွိကျိုးကျွန်း၏ စီရင်စုဆိုင်ရာ မြို့တော်တစ်ခု ဖြစ်သည်။ ယုန်အန်းတွင် ဆောင်းတွင်းရောက်ပြီဖြစ်သော်လည်း အပူလျော့ပိုင်းဒေသဖြစ်သော ယွိယန်သည် နွေရာသီ၏ တောက်ပပြီး အနွေးထွေးဆုံးသော အချိန်တွင်သာ ရှိနေသေးသည်။ ယွိယန်ခရိုင်အသစ်တွင် အမြန်ပြင်အစားအစာကဖေးသည် အင်တာနက်ပေါ်တွင် ရေပန်းစားလျက်ရှိသည်။ ထိုစနေ၊တနင်္ဂနွေတုန်းက အလုပ်မရှိသော လူငယ်များသည် နံနက်ခင်းတွင် ပထမဆုံးအနေဖြင့် နံနက်စာနှင့် နေ့လယ်စာ နှစ်နပ်ပေါင်းစားရန် အပြင်ဘက်တွင် တန်းစီနေကြသည်။ ဘော့စ်သည် သူ့ဆိုင်၏ ရတနာကို ချောင်းကြည့်လိုက်ရင်း လူတန်းကြီးကို ပျော်ရွှင်စွာ ဧည့်ခံနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆံပင်ရှည်နှင့် အမျိုးသားတစ်ယောက်က ဆိုင်သို့ ရောက်လာခဲ့သည်။ ထိုလူသည် လိပ်ပြာပုံစံအဆင်တန်ဆာနောက်ကို ပြေးလိုက်နေသော ငှက်ဝဝလေးပုံစံရှိသော အဆင်တန်ဆာကို အချိန်အကြာကြီးအထိ ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေခဲ့သည်။ ဘော့စ်သည် မော့ကြည့်လိုက်ပြီး ထိုအမျိုးသားနှင့် မတော်တဆ မျက်လုံးချင်းဆုံသွားခဲ့သည်။ ထိုမျက်လုံးများက ဘော့စ်၏ အသက်ရှူသံများကို အဝေးသို့‌ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက်မှသာ ဘော့စ်သည် သတိပြန်ဝင်လာခဲ့ပြီး ခဏကြာပြီးနောက်တွင် ဆိုင်ပြင်ဘက်သို့ ပြေးထွက်ကာ ဧည့်သည်ကို အထဲဝင်ထိုင်လိုခြင်း ရှိမရှိ မေးလိုက်၏။

ထိုအမျိုးသား ပထမဆုံးလုပ်ဆောင်ခဲ့သည်မှာ သူ့အနေဖြင့် ပိုက်ဆံ သို့မဟုတ် ဖုန်းတို့ကို ယူမလာခဲ့သော်လည်း တစ်ခဏကြာအောင် ယွိယန်တွင် နေထိုင်ရန် လိုအပ်ကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ဤနေရာတွင် ခေတ္တတည်းခိုပြီး ဆိုင်တွင် ကူညီပေးနိုင်ကြောင်း တောင်းဆိုခဲ့သည်။

ထိုလူသည် ဤအခြင်းအရာများကို ပြောဆိုရာတွင် အနည်းငယ်မျှပင် ကသိကအောက် မဖြစ်ပေ။ အစားအစာအတွက် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိခြင်းသည် ပျော်စရာကောင်းပြီး လုံးဝအနေမခက်သည့်အလား။

ပုံမှန်ဆိုလျှင် ဤသို့သော လူမျိုးသည် အလိမ်အညာကောင် သို့မဟုတ် စိတ်ဖောက်ပြန်နေသော လူသာ ဖြစ်လိမ့်မည်။ သို့သော် ဘော့စ်၏ ကြည့်ရှုလေ့လာချက်အရ ထိုဧည့်သည်သည် စံနမူနာထားထိုက်သော ကြေညာသူ၏ အသံဖြင့် ပြောဆိုနေခြင်းဖြစ်ပြီး သူ၏ ရုပ်သွင်ပြင်သည် အလွန်ကို ထင်ပေါ်နေလွန်းသည်။ အထူးသဖြင့် မျက်စိနောက်စရာကောင်းသော ဆံပင်ရှည်များ ဖြစ်သည်။ မဖြစ်နိုင်သည့်အချက်များကို ထည့်မတွက်ဘဲ ဘော့စ်သည် သုံးသပ်ချက်တစ်ခု ထုတ်လိုက်သည်။ ၎င်းသည် ရသစုံရှိုးသာ ဖြစ်လောက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now