" ရှောင်းပစ်ထားရင် မနေတတ်တဲ့ကောင်ပါကွာ "

" သည်ယောက်ျားကို ရှောင်းကလည်း မပစ်ရက်ပါဘူး။ ချစ်ပဲချစ်တာ "

အချစ်ပိုစွာ မျက်နှာတစ်ခုလုံး တမွမွနမ်းမိသည့်အခါ သူ၏နှုတ်ခမ်းများက ဝမ်ရိပေါ်၏ နှုတ်ခမ်းများကြားတွင် ရုန်းမထွက်နိုင်ခြင်းနှင့် အဆုံးသတ်သည်။ ရှည်လျားသည့်အနမ်းများက မောဟိုက်ခြင်းနှင့်အတူ ပြီးဆုံး၏။ ဒါကိုပင် အားမရသေးပုံပေါ်သည့်ဝမ်က သူ၏စိုစွတ်နေသည့် နီရဲရဲနှုတ်ခမ်းကို အနမ်းတိုများပေးနေသေးသည်။

ချစ်ရသည့်ဝမ်က သူ၏လုပ်ဆောင်ချက်များကြောင့် ရှောင်းပါး၏ အလေးပေးမှုကို တဖြည်းဖြည်းပိုရလာခဲ့သည်။ ဒါကို မနာလိုသူများရှိသကဲ့သို့ ဝမ့်အနားသို့ ကပ်ချင်လာကြသည့် မိန်းကလေးအချို့လည်းရှိပါသေးသည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာပင် မည်သည့်မဟုတ်မမှန်သတင်းမှ မထွက်စေသည့် ဝမ်က အပြင်လူများနှင့် ခပ်တန်းတန်းသာ ဆက်ဆံသည်ဆိုသည်က သိသာလှ၏။ သူ့ပါးကလည်း ဝမ့်အနားသို့ကပ်လာသည့်မိန်းကလေးများအပေါ် ဆက်ဆံသည့် ဝမ်၏အပြုအမူများကို သူနှင့်ရှောင်းမားအား ပြန်ပြောပြပါသည်။ ထိုအချိန်တိုင်း သူ့မှာ ရှိသမျှသွားများ ပေါ်သည်အထိ ပြုံးနေမိလွန်းလို့ မိဘများ၏စနောက်မှုများကိုပါ ခံရပါသေးသည်။ မည်သူနှင့်ယှဉ်ယှဉ် ဝမ်၏ရွေးချယ်မှုက သူပဲဖြစ်နေသည့်အခါ အတိုင်းအဆမဲ့ပျော်ရပါသည်။

တင်းတောင်။

မနက်ခင်းစောစောစီးစီးတွင် ဝမ်၏ရင်ခွင်ထဲတွင် အနားယူနေသည့် ရှောင်းကျန့်က တံခါးဘဲလ်အသံကြောင့် နိုးလာ၏။ တစ်ချိန်တည်းမှာပဲ မျက်မှောင်လေးကြုတ်လိုက်မိသည်။

" စောသေးတယ် ရှောင်း။ ဆက်အိပ်နေဦး။ ဘယ်သူလာတာလဲ ကိုယ်သွားကြည့်လိုက်မယ် "

နဖူးပြင်လေးမှ ခပ်နွေးနွေးအထိအတွေ့ကြောင့် ရှောင်းကျန့်၏ စိတ်မကြည်လင်မှုများက လွင့်စင်သွားရပြီး အပြုံးလေးတစ်ခု ပေါ်ပေါက်လာပါတော့သည်။ ဝမ့်စကားကို ခေါင်းညိတ်၍တုံ့ပြန်သည့်အခါ ဝမ်က ရှောင်းကျန့်ကို ဖက်ထားရာမှ ခွာ၍ အိပ်ရာပေါ်မှ ထသွားလေသည်။ ရှောင်းကျန့်ကတော့ ဘေးဘက်သို့ ပို့ခံထားရသည့်ဖက်လုံးကို ဆွဲယူဖက်၍ ပြန်အိပ်လိုက်ပါတော့သည်။

SwitchWhere stories live. Discover now