Chapter - 28

138 15 4
                                    

Unicode

အပိုင်း ၂၈။ ကိုယ့်ကောင်လေး

" ပိတ်ရက်မှာ ယွဲ့အိမ်ကကောင်မလေးနဲ့ သွားတွေ့ကြည့်မလား။ သူက သားကိုစိတ်ဝင်စားလို့တဲ့ "

ရှောင်းပါးက အလုပ်ကိစ္စနှင့် ခရီးထွက်သွားပြန်သောကြောင့် အိမ်တွင် သူနှင့် ရှောင်းမားသာ ကျန်ခဲ့သည်။ သူက ပုံမှန်အတိုင်း သာမန်ထမင်းစားဝိုင်းလေးကို ရရှိမည်ထင်ခဲ့သော်ငြား တကယ်တမ်းတွင် ရှောင်းမားဖြစ်သူက သူ့ကို ကြင်ဖက်သွားတွေ့ရန် စကားစလာခဲ့လေသည်။ ဘယ်လိုလုပ်မလဲ။ သူ့နှလုံးသားကို တစ်စုံတစ်ယောက်က အပြီးအပိုင်သိမ်းသွားခဲ့ပြီလေ။

" ကျွန်တော် စိတ်မဝင်စားဘူး "

" သွားမကြည့်သေးဘဲ ဘယ်လိုစိတ်မဝင်စားမှန်းသိမှာလဲ။ တွေ့ကြည့်ပါဦး။ အရင်နှစ်က သားမွေးနေ့ကို သူလာတုန်းကတောင် သားတို့အဆင်ပြေကြတယ်မလား "

" .... "

ဝမ်ရိပေါ်၏ ရင်ထဲ၌ မနာလိုမှုလေးတစ်ခုက တိတ်တခိုး ဖြတ်ပြေးသွားသည်။ စိုးရိမ်မှုအချို့ကပါ အနည်းငယ်ကပ်ပါလာသေး၏။

" လူမှုရေးအရ ဆက်ဆံပေးရုံပါပဲ "

" ကောင်မလေးက ချစ်စရာလေးပါ။ နောက်ခံလည်းကောင်းတယ်။ အရည်အချင်းလည်းရှိတယ်။ ဘယ်နေရာမကောင်းလို့လဲ "

" ဘယ်နေရာမှမကောင်းဘူး "

ဝမ်ရိပေါ်က အရည်အချင်းရှိသူကို သဘောကျပါသော်ငြား သူလေးစားလောက်သည့်အရည်အချင်းများစွာရှိသူကို တွေ့ခဲ့ဖူးပြီးပြီဖြစ်လေသည်။ ယခင်က သူ၏အနာဂတ်လက်တွဲဖော်က မည်ကဲ့သို့အခြေအနေပင်ဖြစ်နေပါစေ၊ သိတတ်နားလည်ပြီး သူနှင့်အတွေးအခေါ်များဖလှယ်နိုင်ရုံနှင့်တင် အဆင်ပြေသည်ဟု သူတွေးထားခဲ့သည်။ သို့သော် သူ၏ ပထမဆုံးအချစ်ပေါက်ဖွားလာချိန်တွင်တော့ အချစ်က တွေ့ကရာလူနှင့်တည်ဆောက်၍ မရနိုင်ကြောင်း နားလည်သိရှိသွားခဲ့လေပြီ။

" ရှောင်းကျန့်! အတောင်စုံတော့ ဆန့်ကျင်ချင်နေပြီပေါ့! "

" .... "

ဝမ်ရိပေါ်က ထမင်းကိုသာ ငုံ့စားနေလိုက်သည်။ သူအချိန်တွေကိုရစ်ပစ်ပြီး ကျောင်းသွားချိန်သို့ မြန်မြန်ကျော်ပစ်ချင်သည်​။ သူ၏နှလုံးသားက အချစ်လေးကို တွေ့မြင်နိုင်ရန် လောဆော်နေပါပြီ။

SwitchWhere stories live. Discover now