Chapter - 20

148 16 9
                                    

Unicode

အပိုင်း ၂၀။ ရုံးခန်းသို့အခေါ်ခံရသည့်ဝမ်ရိပေါ်

ပိတ်ရက်များတွင် ဝမ်ရိပေါ်က ရှောင်းမိဘများ၏ ကုမ္ပဏီတွင် လိုက်လေ့လာနေရပြီဖြစ်ပြီး ရှောင်းမိဘများကလည်း သူ၏တိုးတက်လာမှုကြောင့် ချီးကျူးကြသည်။ ရှောင်းကျန့်က စီးပွားရေးကိုစိတ်မဝင်စားသောကြောင့် သူတို့၏နေရာဆက်ခံရန်အတွက် စိတ်သောကရောက်နေခဲ့ရပုံပင်။

နေ့လည်စာကို ရှောင်းပါးနှင့်အတူ စားသောက်ဆိုင်တစ်ခုမှာ အတူသွားစားကြသည်။ စားသောက်ဆိုင်က အလွန့်အလွန်ကို ခမ်းနားလွန်းပြီး ပြင်ဆင်မှုများသည်လည်း ကြီးကျယ်လှပသည်။ သူ့အနေအထားအစစ်အမှန်နှင့်ဆို တံခါးရှေ့တောင် မရပ်နိုင်လောက်မည့် ဆိုင်ကြီးမျိုးပင်။ သခင်လေးရှောင်းအစစ်က သူ့ခန္ဓာကိုယ်ကို ယူထားရပြီး နဂိုအနေအထားနှင့် မိုးနှင့်မြေလို ကွာခြားသည့်ဘဝသည့် နေနေရပြီး သူကတော့ သခင်လေးရှောင်းခန္ဓာကိုယ်နှင့် ကောင်းစားနေရသည်မို့ ရှောင်းကျန့်အပေါ် တကယ်ပဲ အားနာမိပါသည်။

ခန္ဓာကိုယ်ပြန်လဲရန်အတွက် သူစဉ်းစားမိသည့် အခြားတစ်ခုတည်းသော ထူးဆန်းသည့်အရာမှာ ထိုနေ့က သူနှင့်ဝင်တိုက်မိခဲ့သည့်ကလေးမလေးပေးခဲ့သော ချိုချဉ်သာဖြစ်သည်။ သူထိုအရာကိုတွေးမိပြီးနောက် ထိုကဲ့သို့ ချိုချဉ်ကို တွေ့မိသမျှ ကုန်စုံဆိုင်များတွင် လိုက်ရှာပါသော်လည်း ရှာမတွေ့ခဲ့ပါချေ။ ချိုချဉ်အခွံကို သေချာမကြည့်မိခဲ့သောကြောင့် မည်သည့်တံဆိပ်ဆိုသည်ကိုလည်း မသိရဘဲ အစိမ်းရောင်ဖြစ်သည့် အခွံအရောင်နှင့်သာ ကြည့်ရှာနေရသောကြောင့် မတွေ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဆင်တူရိုးမားချိုချဉ်များကို ဝယ်စားကြည့်ပါသော်ငြား အရသာကတော့ သိသိသာသာကိုပင် ကွဲပြားနေလေ၏။ ထို့ကြောင့် ဝမ်ရိပေါ်မှာ ထိုချိုချဉ်ကိုရှာတွေ့တော့မှသာ ရှောင်းကျန့်ကိုပြောပြပြီး ထပ်စမ်းသပ်ကြည့်ရန် အားခဲထားခြင်းဖြစ်သည်။ ရှောင်းကျန့်က သူ့ကြောင့် အသုံးမဝင်သည့်နည်းလမ်းများကို ထပ်ခါထပ်ခါစမ်းသပ်ပြီးပြီမို့။

SwitchWhere stories live. Discover now