Chapter - 24

169 20 4
                                    

Unicode

အပိုင်း ၂၄။ အမူးသမားလေးနှစ်​ယောက်

" ဒါနဲ့ မင်းကို အရင်လာကြိုနေကျလူက ဘာဖြစ်သွားတာလဲ "

" လာကြိုနေကျလူ? "

သူပြောလိုက်သည့် တွေဝေသွားပုံရသည့် မော့ပေကျစ်က ခေတ္တမျှ စဉ်းစားသည်။ ထို့နောက် နားလည်သွားပုံဖြင့် ပြုံးဖြီးလာပါတော့သည်။

" ဟားဟား ငါ့အစ်ကိုကိုပြောတာလား။ အဲ့အဘိုးကြီး အရင်တစ်ပတ်ကတည်းက အလုပ်ကိစ္စဆိုပြီး ခရီးထွက်သွားပြီ။ အဲ့ဒါကြောင့် အခုလို လာကဲနေလို့ရတာလေ ဟဟ "

သူတို့နှစ်ယောက်စကားပြောနေသည်ကို​ ထောင့်တစ်နေရာမှကြည့်ရင်း မျက်နှာတစ်ခုလုံး မည်းနှောင်နေသူတစ်ယောက်လည်းရှိလေသည်။

" အဲ့ဒါ မင်းအစ်ကိုလား။ ငါထင်တော့ထင်ပါတယ်။ ငါပြောပြမယ် သိလား...အဲ့လူကြီးကလေ ငါမင်းနဲ့ အတူတူကျောင်းဆင်းလာရင် ငါ့ကိုပေါက်ထွက်မတတ်ကြည့်တာဟ။ အီးစ်...တွေးရင်းနဲ့တောင် ကြက်သီးထတယ် "

ရှောင်းကျန့်က ဆံပင်လေးများလှုပ်ရမ်းသွားသည်အထိ ခေါင်းလေးခါကာပြောရင်း ခွက်ထဲရှိ လက်ကျန်အားလုံးကို မော့သောက်လိုက်သည်။

" အဲ့အဘိုးကြီးက အရမ်းဇီဇာကြောင်တာ။ ငါ့ကိုဆို ဟိုဟာမလုပ်နဲ့၊ သည်ဟာမလုပ်နဲ့၊ ဟိုလူနဲ့မပေါင်းနဲ့၊ သည်လူနဲ့မပေါင်းနဲ့ နဲ့။ သူက ဆရာကြီးလား "

မျက်နှာလေးကြုတ်ပြီး လက်ညိုးတထောင်ထောင်နှင့်ပြောနေသည့် မော့ပေကျစ်က သူ၏မကျေနပ်ချက်များကို ပြန်တိုင်တန်းနေသလို။

" ငါ့မှာဆို အဲ့လိုပြောမယ့် အစ်ကိုတောင် မရှိဘူးကွ။ တစ်ယောက်တည်းနေရတာ ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ မင်းမသိလို့။ ငါပြောပြမယ် တစ်ဦးတည်းသောသားဖြစ်ရတာ အရမ်းဖိအားများတယ်။ သိတယ်မလားကွာ...မိဘတွေက မင်းအပေါ် အရမ်းမျှော်လင့်ချက်ထားတာ။ မင်းကလည်း သူတို့မျှော်လင့်ချက်ကို မဖျက်ဆီးချင်တော့ သူတို့ချပေးတဲ့ပုံစံခွက်ထဲမှာပဲနေရတာ။ မင်းမှာအစ်ကိုရှိလို့ မင်းအခုလို လွတ်လွတ်လပ်လပ်နေနိုင်တာ။ သူ့ကိုကျေးဇူးတင်လိုက်စမ်းပါကွာ... "

SwitchWhere stories live. Discover now