Chapter - 15

146 17 6
                                    

Unicode

အပိုင်း ၁၅။ ဒုတိယအကြိမ်မြောက်စမ်းသပ်မှု

ရှောင်းကျန့်နှင့် ဝမ်ရိပေါ်က ယခင်တစ်ခေါက်က ပန်းခြံနေရာတွင်ပဲ ထပ်ချိန်းဆိုကြသည်။ ဤတစ်ခေါက်စမ်းသပ်မှုကိုတော့ အောင်မြင်ရန် သူဆုတောင်းမိပါသည်။

" ဒီကိုလာ "

ဝမ်ရိပေါ်က ရှောင်းကျန့်ကို လူကွယ်ရာနေရာသို့ ဆွဲခေါ်လိုက်ပြီး သူတို့ကိုယ်ပေါ်သို့ ရေမွှေးဖြန်းလိုက်သည်။ အနံ့က အရမ်းမမွှေးဘဲ နူးနူးညံ့ညံ့မျိုးသာဖြစ်သော်ငြား ရေမွှေးမကြိုက်သည့်ရှောင်းကျန့်က မျက်ခွံကို မှိတ်၍ အသက်ရှူအောင့်ထားလိုက်မိသည်။ ထိုအချိန်မှာပင် သူ့နှုတ်ခမ်းဆီမှ ခံစားလိုက်ရသည့် ခပ်အိအိ အထိအတွေ့။

အသိစိတ်ပြန်ဝင်လာသည်နှင့် ရှောင်းကျန့်၏ မျက်ခွံများက ဆတ်ခနဲပွင့်လာပြီးနောက် ဝမ်ရိပေါ်ကို ပုခုံးမှ တွန်းထုတ်လိုက်သည်။ မရည်ရွယ်ပါသော်ငြား အတော်လေးအားထည့်လိုက်မိသည့်အခါ ဝမ်ရိပေါ်က မြက်ခင်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျသွားသည်။ မျက်လုံးဝိုင်းလေးများဖြင့် သူ့ရှေ့တွင် လဲကျသွားသည့်လူကို ကြည့်မိသည့်အခါ ထိုလူ၏ မျက်နှာကတော့ စိတ်ပျက်မှုများအထင်းသား။

" အသုံးမဝင်ပြန်ဘူး "

ထိုစကားကြားမှ ရှောင်းကျန့်က ဝမ်ရိပေါ်၏ ရည်ရွယ်ချက်ကို သတိထားမိသည်။ ခပ်ပြင်းပြင်းလှုပ်ခါနေသည့် နှလုံးသားက ရုတ်ခြည်းဆန်သည့်အပြုအမူကြောင့် လန့်သွား၍ ဖြစ်ပါလိမ့်မည်။

" ငါပြောခဲ့သားပဲ။ မင်းက အရမ်းစမ်းချင်နေတာကို "

" မစမ်းလို့မှမရတာ "

" .... "

ရှောင်းကျန့်က သက်ပြင်းတစ်ခုကို သဲ့သဲ့ချသည်။ သူလည်း သူတို့ခန္ဓာကိုယ်တွေ အမြန်ဆုံး မူလအတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်မိပါရဲ့။

" ငါထူးခြားတာတစ်ခုခု ထပ်တွေးမိရင် ပြောမယ်။ ငါသွားတော့မယ် "

ရှောင်းကျန့်ကပြောပြီးသည်နှင့် ဝမ်ရိပေါ်၏ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ အတန်းသို့သာ ပြန်လာခဲ့လိုက်သည်။ စမ်းသပ်မှုက နှစ်ကြိမ်လုံးမအောင်မြင်သည်မို့ နှစ်ယောက်လုံး၏စိတ်ထဲတွင် အနည်းနှင့်အများတော့ ထိခိုက်မှု ရှိကြမှာပင်။

SwitchWhere stories live. Discover now