Chapter - 25

146 18 10
                                    

Unicode

အပိုင်း ၂၅။ ကောလဟာလ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးနိုးလာသည့် ရှောင်းကျန့်က သူခွထားသည့်အရာက ဖက်လုံးမဟုတ်နိုင်ကြောင်း ခန့်မှန်းသိရှိပြီးနောက် မျက်လုံးများကို ဇက်ခနဲဖွင့်၍ ထကြည့်ရသည်။ ထိုအရာက သူ့ခန့်မှန်းချက်အတိုင်း တကယ့်ကို ဖက်လုံးတစ်ခုဟုတ်မနေဘဲ လူစင်စစ်ကြီးပင် ဖြစ်နေလေ၏။ လူတောင်မှ သူ့မျက်နှာ၊ သူ့ခန္ဓာနှင့်လူ။

" နိုးလာပြီလား "

အိပ်မှုံစုံမွှားထလာသည့် ဝမ်ရိပေါ်က သူ့မျက်နှာသူ ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့ဆံပင်ကို လှန်တင်၍ အိပ်ရာမှထကာ ကြမ်းပြင်ပေါ်သို့ ကျနေသည့် စောင်ကို ကောက်ယူ၍ ခေါက်သည်။

ရှောင်းကျန့်က မည်သည်ကိုမျှ ပြန်မဆိုနိုင်ဘဲ သူ၏ ကိုက်ခဲနေသည့်ခေါင်းကို ခပ်နာနာထုလို့ ဖြစ်ခဲ့သည့်အကြောင်းအရာများကို အတုံးအရုံးစဉ်းစားရသည်။ သူမနေ့ညက သောက်တာများသွားပြီး မော့ပေကျစ်နှင့် ဗရုတ်သုတ်ခများပြောနေချိန်တွင် မော့ပေကျစ်၏အစ်ကိုရောက်လာပြီး သူတို့ကို ကားပေါ်သို့ခေါ်သွားသည်အထိသာ မှတ်မိသည်။ ထပ်၍ ဘာကိုမှစဉ်းစားမရတော့သောကြောင့် သူအိပ်ပျော်သွားခြင်းသာ ဖြစ်ရမည်ဟု ခန့်မှန်းချက်ပြုလိုက်ပြီးနောက် မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ သိပ်မကြာခင် အခန်းထဲသို့ ဝမ်ရိပေါ်ပါရောက်ရှိလာပြီး သူ့ဘေးတွင် ရပ်၍ သွားတိုက်သည်။ သူအခုမှ သတိထားမိသည်က ရေချိုးခန်းထဲတွင် သွားတိုက်တံနှစ်ချောင်းရှိနေပြီး ယခုသူတိုက်နေသည့်တစ်ခုက ယခင်ကတည်းက သူအသုံးပြုနေကျတစ်ခုပင်ဖြစ်သည်။ ဝမ်ရိပေါ်သုံးနေသည့်တစ်ခုကတော့ အသစ်ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ပြီးနောက် ဝမ်ရိပေါ်က ခန္ဓာကိုယ်ချင်း လဲသွားပြီးနောက်တွင် သွားတိုက်တံအသစ်ပြောင်းသုံးခဲ့ကြောင်း ခန့်မှန်းလိုက်နိုင်သည်။ ထို့နောက် ရှောင်းကျန့်က သွားတိုက်ရင်း ပြုံးလိုက်မိသည်။ ယခင်က သူလည်း ဝမ်ရိပေါ်သုံးပြီးသားကြီးကို မသုံးချင်၍ သွားမတိုက်ဘဲ ပလုတ်သာ ကျင်းနေခဲ့ပြီး ထိုအကြောင်းကို အဖေဝမ်သိသွားသည့်အခါ ရှောင်းကျန့်က သင့်လျော်သည့် အကြောင်းပြချက်တစ်ခုပေးလိုက်သောကြောင့် သူ့အတွက် သွားတိုက်တံအသစ်ဝယ်ပေးခဲ့သည်။

SwitchWhere stories live. Discover now