Chapter - 3

210 27 5
                                    

Unicode

အပိုင်း ၃။ ဆန်ပြုတ်ချည်းသာသောက်နေရသော သခင်လေးရှောင်း

ပြန်လည်သတိရလာသည့်အခါ ကိစ္စအလုံးစုံကို သဘောပေါက်သွားသည့်ရှောင်းကျန့်က ကြံရာမရဖြစ်နေရသည်။ သူနှင့်ဝမ်ရိပေါ်က ရန်ဖြစ်ပြီး လှေကားပေါ်မှ ပြုတ်ကျသွားပြီးနောက် ခန္ဓာကိုယ်ချင်းလဲသွားခဲ့သည်။ သူက လက်ရှိ ဝမ်ရိပေါ်၏ခန္ဓာကိုယ်ထဲမှာဖြစ်ပြီး ဝမ်ရိပေါ်ကတော့ သူ့ခန္ဓာကိုယ်ထဲမှာဖြစ်သည်။ ရှောင်းကျန့်က ယခုချိန်ထိ တစ်ဖက်ကုတင်တွင် အေးအေးလူလူလှဲနေနိုင်သော ဝမ်ရိပေါ်ကို မျက်စောင်းထိုးသည်။

သောက်ကျိုးမပေးတဲ့ ဝမ်မျိုးရိုးနဲ့ကောင်။

" ရိပေါ် သားဗိုက်ဆာပြီလား။ ဒီမှာ အဖေဆန်ပြုတ်ပြုတ်လာခဲ့တယ် "

ဝမ်ရိပေါ်၏အဖေဖြစ်သူက ယူလာသည့်ထမင်းချိုင့်ကိုဖွင့်၍ သူ့ကိုခွံ့ရန်ပြင်သည်။ ရှောင်းကျန့်က အစက ဗိုက်မဆာသော်ငြား အဖုံးဖွင့်လိုက်သည်နှင့် အငွေ့တချို့နှင့်အတူ ဆန်ပြုတ်နံ့မွှေးမွှေးလေးကပါ လေထုထဲသို့ ရောနှောပါလာသောကြောင့် သူ့ဗိုက်က ဟာတာတာခံစားလိုက်ရသည်။ သို့သော် သူက ခွံ့ကျွေးမခံချင်တာကြောင့် ဖခင်ဖြစ်သူလက်ထဲမှ ချိုင့်ခွက်ကို လွှဲယူလိုက်ပြီး သူကိုယ်တိုင်သာစားသည်။ ပူနွေးနွေးဆန်ပြုတ်လေးက သူ့ဗိုက်ထဲသို့ ဝင်လာသည့်အခါ ကျေနပ်သွားသည့်ရှောင်းကျန့်က အပြုံးလေးတစ်ခုဖန်တီးသည်။ ရှောင်းကျန့်က သူနှစ်သက်သည့်အစာစားရချိန်တိုင်း ပျော်ရွှင်တတ်သည်။

" သခင်လေးအတွက် မစ္စစ်ရှောင်းက ကြက်ပေါင်းခေါက်ဆွဲပို့ထားပါတယ်။ သခင်လေး သုံးဆောင်တော့မလား "

ရှောင်းကျန့်၏ မိခင်ဖြစ်သူက မပြီးမြောက်သေးသည့်အလုပ်များရှိသေးသောကြောင့် သူ့သားကို စောင့်ရှောက်ပေးရန် လူတချို့ခေါ်ထားပေးခဲ့သည်။ ယခုလည်း သူတို့သခင်လေးက သူများစားနေသည်ကို ငေးကြည့်နေတာကြောင့် အလိုက်တသိမေးလိုက်ခြင်းပင်။ သခင်လေးက ခေါင်းညိတ်သည့်အခါ သူတို့လည်း ပူနွေးနွေးခေါက်ဆွဲကို ထုတ်၍ သခင်လေးကို စားနိုင်ရန် အသင့်ပြင်ပေးလိုက်သည်။

SwitchWhere stories live. Discover now