Chapter - 33

207 22 20
                                    

Unicode

အပိုင်း ၃၃။ ထူးဆန်းသည့်ကောင်မလေး

ရှောင်းမားက ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့ မူလအတိုင်းပြန်ဖြစ်စေရေးအတွက် အတတ်နိုင်ဆုံးကြိုးစားပေးပါသော်ငြား သူတို့လိုချင်သည့်သကြားလုံးပုံစံမျိုးကို ဘယ်မှာမှရှာမတွေ့ပါချေ။ အထက်လမ်းဆရာပေါင်းမျိုးစုံနှင့်ဆက်သွယ်ပြီး သူတို့နည်းလမ်းများအတိုင်း ကြိုးစားဆောင်ရွက်ခဲ့ပါသော်ငြား ထိုလုပ်ငန်းစဉ်ကလည်း အရာမရောက်ပါချေ။ ရှောင်းမားက သူတို့အတွက် အလွန်ကိုစိတ်မကောင်းဖြစ်နေပြီး တစ်သက်လုံးပြန်မပြောင်းနိုင်တော့ပါလျှင် ဝမ်ရိပေါ်ခန္ဓာနှင့်နေနေရသည့်ရှောင်းကျန့်ကို ခေါ်ထားမည်တကဲကဲလုပ်နေသောကြောင့် ရှောင်းကျန့်မှာ ဆက်လက်စောင့်ကြည့်ရန် တားနေရပါသေးသည်။

ဤကိစ္စများကို ရှောင်းပါးနှင့် အဖေဝမ်တို့ကတော့ လုံးလုံးမသိသေးပါချေ။ ရှောင်းပါးက ကုမ္ပဏီချဲ့တွင်ရေးအတွက်အလုပ်များနေခဲ့ပြီး အဖေဝမ်မှာလည်း အလုပ်များစွာလုပ်၍ ဆပ်လို့ကြေတော့မည့်အကြွေးများကိုဆပ်ရန်ကြိုးစားသည်။ သူတို့မှာ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသောကြောင့် ရှောင်းကျန့်တို့က တိုင်ပင်ပြီး လျှို့ဝှက်ချက်ကို သူတို့အား ပေးမသိခြင်းဖြစ်သည်။

သူတို့ဆက်ဆံရေးကလည်း အရင်တစ်ခေါက်အထင်လွဲမှုပြီးကတည်းက ရှင်းရှင်းလင်းလင်းဖြစ်သွား​လေသည်။ သို့သော် မိသားစုဝင်များကိုတော့ အသိမပေးရသေးပါချေ။ ဝမ်ရိပေါ်ကလည်း ဤနောက်ပိုင်းမှစပြီး ညအိပ်ချိန်မှလွဲ၍ ရှောင်းကျန့်ရှိရာတွင်သာ လာနေနေတတ်သည်။

ဒေါက် ဒေါက်။

ထွက်ပေါ်လာသည့် တံခါးခေါက်သံတစ်ခုကြောင့် အိမ်တွင် ဝမ်ရိပေါ်နှင့်အတူ နေ့လည်စာစားနေသည့် ရှောင်းကျန့်က တစ်ယောက်နှင့်တစ်ယောက် ပြိုင်တူကြည့်လိုက်ရကြသည်။ အချိန်ကိုကြည့်လိုက်သည့်အခါ အဖေဝမ်ပြန်လာချိန်မဟုတ်သေးသောကြောင့် ရှောင်းကျန့်က မျက်ခုံးလေးများကိုကျုံ့၍ တံခါးသွားဖွင့်လိုက်သည့်အခါ ကျစ်ဆံမြီးကို နှစ်ဖက်ခွဲကျစ်ထားသည့် မိန်းမငယ်လေးတစ်​ယောက်ကို တွေ့လိုက်ရသည်။ ရှောင်းကျန့်၏ မျက်နှာက ပို၍ပင်အလိုမကျဖြစ်လာပါ​တော့၏။ ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်သည့်အခါ ဝမ်ရိပေါ်က သူမသိကြောင်း ခေါင်းခါပြတာမို့ ရှောင်းကျန့်က အနည်းငယ်စိတ်လျှော့လိုက်သည်။

SwitchWhere stories live. Discover now