Chapter - 35

111 14 12
                                    

Unicode

အပိုင်း ၃၅။ ခင်ပွန်းလောင်းနှင့်တစ်နေ့တာ

ဝမ်ရိပေါ်ဆီက ကြားသိချက်အရ ရှောင်းပါးက ဝမ်ရိပေါ်အတွက် အလုပ်စီစဉ်ပေးခဲ့သည်ဟုဆိုသည်။ အောက်ခြေက စခိုင်းခဲ့သော်ငြား သူ၏လုပ်ဆောင်ရည်အလိုက် ရာထူးများ ပေးအပ်ခဲ့သည်။ ထိုသို့နှင့် ဝမ်ရိပေါ်က ရှောင်းပါး၏ ယုံကြည်ရသည့် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်လာခဲ့ပြီး တာဝန်များကို မျှယူပေးခဲ့သည်။ လစာကောင်းရလျက်နှင့်ပင် ချွေတာပြီး သုံးစွဲခဲ့သောကြောင့် ယခုတွင် ဝမ်ရိပေါ်က အတော်လေး စုမိဆောင်းမိရှိနေလေပြီ။ ထို့ကြောင့် ရှောင်းမားကလည်း သူတို့ကို သဘောတူပေးခဲ့ပြီး ယခုဆိုလျှင် ရှောင်းကျန့်တို့က စေ့စပ်ပြီးနေလေပြီ။

သူပြန်ရောက်လာကတည်းက ဝမ်ရိပေါ်က အလုပ်များနေလျှင်ပင် သူ့ကို အစာမှန်မှန်စားရဲ့လား စစ်ဆေးတတ်ပြီး အိမ်ပြန်ရောက်လျှင်လည်း သူ့အနားတွင်သာ ကပ်၍နေသည်။

" ရှောင်းက ကိုယ့်ကို အရင်လို မချစ်တော့ဘူးကွာ "

အလိုမကျသည့် ချစ်ရသူ၏ စကားသံကြောင့် ဒီဇိုင်းဆွဲရာမှာ မျောနေသည့် ရှောင်းကျန့်တစ်ယောက် စိတ်နှင့်လူနှင့် ပြန်ကပ်သွားပါတော့သည်။ ဝမ့်စကားကြောင့် သူဒီဇိုင်းဘက်တွင် အာရုံအစိုက်လွန်သွားပြီး ဝမ်ခေါ်သည်ကို စိတ်ထဲကသာပြန်ဖြေလိုက်မိမှန်း ချက်ချင်းပင်သတိရသွားသည်။ ထို့ကြောင့် သူ၏ကလေးကြီးကို ချော့ရန်အတွက် လပ်တော့ကို ပိတ်လိုက်ပြီး ဝမ်ရိပေါ်ရှိရာသို့ သွားလိုက်သည့်အခါ ဝမ်က သူ့လက်ကိုဆွဲချ၍ ပေါင်ပေါ်တွင် ထိုင်စေသည်။

" ကိုယ်ခေါ်နေတာကြာလှပြီကိုကွာ။ ရှောင်းက အကြင်နာမဲ့လိုက်တာ "

မျက်ခုံးများကို တွန့်ချိုး၍ ပြောလာသည့် ဝမ်က သူတပ်ထားသည့် မျက်မှန်ကို ချွတ်ပေး၍ နဖူးလေးကို နှိပ်နယ်ပေးသည်။

" ပုံထဲအာရုံနှစ်လိုက်မိလို့ပါ။ ဝမ့်ကို လျစ်လျူရှုမိသလိုဖြစ်သွားလား "

ပါးပြင်တစ်ဖက်ကို အနမ်းပေး၍ ချော့သည့်အခါ ပြေလျော့သွားသည့် မျက်ခုံးများကြောင့် ရှောင်းကျန့်က တိတ်တခိုးရယ်လိုက်မိပါသေးသည်။ သူတော့ တစ်နေ့တခြား ဤခင်ပွန်းလောင်းကို ချစ်မြတ်နိုးရလွန်းလို့ ဘယ်လိုလုပ်ရပါတော့မလဲ။

SwitchKde žijí příběhy. Začni objevovat