" ဘာတွေသဘောကျနေတာလဲ သခင်လေးရှောင်း "

" ဘာမှမဟုတ်ပါဘူး "

အိပ်ရာထခါစနှင့်မတူဘဲ ကြည်လင်နေသည့် ရှောင်းကျန့်မျက်နှာလေးက လန်းဆန်းသွားပြီဖြစ်ကြောင်းကို သက်သေပြလို့နေသည်။

မျက်နှာသစ်ပြီးသည့်ရှောင်းကျန့်က ရေချိုးရန်အတွက် ဝမ်ရိပေါ်ကို အပြင်ထွက်ရန် နှင်ထုတ်သည်။ ဒါကိုပင် ခေါင်းမာသည့် ဝမ်ရိပေါ်က လက်မခံဘဲ သူနှင်ထုတ်လေ၊ ပေကပ်နေလေဖြစ်၏။

" ငါလည်း ရေချိုးချင်တယ်လေကွာ "

" ဒါငါ့အိမ်။ ငါချိုးပြီးမှ မင်းချိုး "

" ဟေး အဲ့လိုပြောကြေးဆို မင်းယူထားတာ ငါ့ခန္ဓာကိုယ်နော်။ ငါ့ကိုယ်ငါ မကြည့်ဖူးတဲ့နေရာလည်း မရှိသလို မင်းခန္ဓာကိုယ်ကိုလည်း မမြင်ဖူးတဲ့နေရာ မရှိပါဘူးကွာ "

" !!!! "

မျက်နှာတစ်ခုလုံး ပန်းရောင်သန်းသွားသည့် ရှောင်းကျန့်က ရှက်နေခြင်းလား၊ ဒေါသထွက်နေခြင်းလားဆိုသည်ကို ဝေခွဲရခက်ပါပေ၏။

" မင်း အရှက်မရှိတဲ့ကောင်! မျက်နှာအရေထူတဲ့ကောင်! သွားစမ်း! ငါအရင်ချိုးမှာ! "

" အဟက် ဘယ်လိုလုပ်မလဲ။ ငါကလည်း နိုးနိုးခြင်း ရေချိုးတာက အကျင့်ဖြစ်နေပြီ "

" .... "

ဝတ်ထားသည့် ရှပ်အင်္ကျီကိုချွတ်ရင်း အနားသို့ တိုးကပ်လာသူကြောင့် ရှောင်းကျန့်က နောက်သို့ တဖြည်းဖြည်းဆုတ်ပါသော်လည်း ကြွေကပ်ထားသည့် နံရံနှင့် ထိကပ်သွားသောအခါ လမ်းဆုံးသို့ရောက်ပြီမှန်းသိလိုက်ရသည်။ အေးစက်မှုက ကြွေပြားမှတစ်ဆင့် ကျောပြင်ဆီသို့ ကူးစက်လာသည်။

" မင်း...မင်း...အဲ့လောက်ချိုးချင်နေရင် တစ်ယောက်တည်းချိုး။ မင်းပြီးမှ ငါချိုးတော့မယ် "

ကာထားသည့် ဝမ်ရိပေါ်ကို ကျော်၍ ထွက်သွားမည်ကြံသော်လည်း ထိုမျက်နှာအရေထူသည့်ဝမ်မျိုးရိုးကောင်က သူ့ကို အလွတ်မပေး။

" အိုး သခင်လေးရှောင်းက စိတ်အပြောင်းအလဲ မြန်လှချည်လား။ ကျွန်တော့်အတွက်နဲ့ အခုလို အလျှော့ပေးစရာမလိုပါဘူး။ နှစ်ယောက်လုံး အချိန်မပုပ်အောင်၊ ရေလည်းချွေတာပြီးသားဖြစ်အောင် အတူတူချိုးရင်ရော ဘယ်လိုလဲ? "

SwitchWhere stories live. Discover now