" ကျွန်တော်သုံးဖို့ ချန်ထားတာမလို့ အဖေစိတ်ချလက်ချသိမ်းထားလိုက်ပါ "

ထိုအခါ အဖေဝမ်ကို ဖောင်းကားနေသည့် စာအိတ်ကို ဖွင့်ကြည့်၍ ပိုက်ဆံများကို ထုတ်ရေသည်။

" အလုပ်အသစ်က သည်လောက်အများကြီးတောင် ရတာလား။ သားအတွက်ရော ချန်ထားလို့လား။ အဖေ့ကိုမလိမ်ပါနဲ့ "

ရှောင်းကျန့်က သူ့အတွက် စိတ်ပူနေပုံရသည့် အဖေဝမ်ကို အပြုံးတစ်ခုပါလက်​ဆောင်ထပ်ပေးရင်း သူ့အိပ်ကပ်ထဲမှ သူယူထားသည့် တစ်လမုန့်ဖိုးကို ထုတ်ပြလိုက်သည်။ ထိုအခါ အဖေဝမ်က တော်တော်လေးကို အံ့ဩသွားပုံရသည်။

" သား ဘာအလုပ်တွေလုပ်နေတာလဲ "

စိုးရိမ်စိတ်တွေ မပျောက်သေးသည့် မျက်ဝန်းက သူ့သားမဟုတ်တာတစ်ခုခုလုပ်မည်ကို စိုးရိမ်နေသယောင်။

" သား ပြိုင်ပွဲတွေမှာ အရွေးခံရတော့ သူငယ်ချင်းမလေးတစ်ယောက်က သူလည်း စန္ဒယားဝါသနာပါတာမလို့ သင်ပေးပါဆိုပြီး ကျွန်တော့်ကို ဂိုက်အဖြစ်ငှားလို့။ သူကချမ်းသာတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော့်ကို သည်လောက်ပေးနိုင်တာ "

ထိုအခါမှ စိတ်သက်သာရာရသွားပုံရသည့် အဖေဝမ်က ခပ်ဖွဖွပြုံးသည်။

" အဖေ့သားက တကယ့်ကို လူတော်လေးပဲ။ အနာဂတ်မှာ ထွန်းဖောက်မှာသေချာတယ် "

" သေချာတာပေါ့ "

ဂုဏ်ယူဝံ့ကြွားစွာနှင့်ပြောလာသည့် အဖေဝမ်ကို ရှောင်းကျန့်က ယုံကြည်မှုရှိစွာပြန်ပြောလာသည်မို့ အဖေဝမ်က သဘောတကျရယ်သည်။

" ဟုတ်ပါပြီဗျာ။ ညစာအဆင်သင့်ပဲနော်။ အဖေ သားအတွက် နွှေးထားပြီးသား "

" အင်း ကျွန်တော် ခဏနေ လာစားလိုက်မယ် "

ရှောင်းကျန့်က သူ၏နေ့ရက်များကို ကိုယ်တိုင်ဆွဲထားသည့် နေ့စဉ်အချိန်ဇယားအတိုင်း လုပ်ဆောင်သည်။ မနက်ဖြန်ကျလျှင်တော့ ပိတ်ရက်ပြန်ရောက်ပြီမို့ သူ့မှာ အားလပ်ချိန်ပေါများလာတော့မည်ဖြစ်ပါသော်လည်း အင်္ဂလိပ်စာအတွက် အဖွဲ့လိုက်ပရောဂျက်လုပ်စရာရှိသောကြောင့် သူအိမ်မှာနားနားနေနေတော့ နေနိုင်မယ်မဟုတ်ပါချေ။ သူတို့အဖွဲ့ထဲတွင် သူ၏ရှောင်းသခင်လေးခန္ဓာကိုယ်နှင့် ဝမ်ရိပေါ်နှင့် မော့ပေကျစ်တို့ပါ ပါနေသောကြောင့် သူတို့က ရှောင်းအိမ်တော်မှာတွေ့ရန် ချိန်းဆိုထားကြသည်။ သူတို့နှင့်ဆုံသည်ကလည်း တော်ရုံရေစက်တော့ မဟုတ်ပါပေ ဟု ရှောင်းကျန့်က တိတ်တဆိတ်တွေးလိုက်မိသည်။

SwitchWhere stories live. Discover now