Prologue

819 30 4
                                    

Unicode

[ Note: Prologue is just for you to know which type of story this is. You, of course, can skip this part if you don't want to get any spoiler. You won't miss any information by skipping this. ]

SWITCH

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

SWITCH

ကျောင်းကိုရောက်လာသည်မှာ သိပ်မကြာသေးသည့် ကျောင်းသားသစ်က ရှောင်းကျန့်၏ အဆင့်တစ် ဆိုသည့် မူပိုင်နေရာကို လုယူသည်မှာ နှစ်ကြိမ်မြောက်ရှိပြီ။ ရှောင်းကျန့်က ဒါကို န​ည်းနည်းလေးမှ မကျေနပ်ပါချေ။ သူသိတတ်သည့်အရွယ်ကတည်းက သူက အမြဲတမ်း အဆင့်တစ် ဆိုသည့် နေရာကို မောင်ပိုင်စီးထားခဲ့ခြင်းဖြစ်သည်။ ဘယ်လိုဖြစ်လို့ ဤဝမ်မျိုးရိုးနှင့်ကျောင်းသားနှင့်တွေ့မှ သူ့လိုသခင်လေးက သူ့ကိုယ်ပိုင်နေရာက ဆင်းပေးလိုက်ရတာလဲ။ ဒါက နည်းနည်းလေးမှ ယုတ္တိရှိမနေဘူး။

မကျေမချမ်းဖြစ်နေသည့် ရှောင်းကျန့်က သူ့စိတ်သူဖြေလျှော့နိုင်ဖို့ ထိုဝမ်မျိုးရိုးကျောင်းသားသစ်ကို သွားရှာသည်။ သူ ထိုကျောင်းသားဝမ်ကြောင့် မိခင်ဖြစ်သူဆီမှာ ဘယ်လောက်တောင် အဆူခံရပြီးပြီလဲ။ သူ၏ မူလရည်ရွယ်ချက်က ထိုကျောင်းသားကို သူ၏တရားဝင်ပြိုင်ဘက်အဖြစ် သတ်မှတ်ကြေညာချင်ရုံသာ။ သို့သော် ကိစ္စများက သူထင်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ မမျှော်လင့်ထားသော ရန်ပွဲတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး အတွေ့အကြုံမရှိသည့် နှစ်ဖက်လုံးက တော်တော်လေးအထိနာခဲ့သည်။

သူသတိပြန်လည်လာချိန်မှာ ခံစားလာရသည့် ခေါင်းမှ နာကျင်ကိုက်ခဲမှုကြောင့် အာမေဋိတ်သံတစ်ချက်ပြုပြီး လက်ဖြင့် အသာအယာ အုပ်ကိုင်မိသည့်အခါ စိုးရိမ်ပူပန်နေပုံရသည့် ယောက်ျားတစ်ယောက်အသံက သူလှဲနေရာ ကုတင်ဘေးမှ ထွက်ပေါ်လာသည်။ နှာခေါင်းထဲ တိုးဝင်လာသည့် ဆေးနံ့ကြောင့် သူဆေးရုံရောက်နေကြောင်းကို အလွယ်တကူပင် ခန့်မှန်းမိလိုက်သည်။

SwitchWhere stories live. Discover now