Extra (2)

771 18 2
                                    

Unicode.......

သည်နေ့က Super Sunday မလို့ ပထမတန်းတက်နေပြီဖြစ်သည့် သားနဲ့သမီးက ကျောင်းပိတ်သည်ဖြစ်လေရာ ညဉ့်ခေါင်တို့မိသားစုလိုက် shopping ထွက်ဖြစ်ကြလေသည်။အိမ်အတွက် လိုအပ်တာလေးတွေနှင့် ကလေးတွေအတွက် အဝတ်သစ်လေးတွေနဲ့ စာအုပ်လေးတွေလိုတာမို့ အတူလာဝယ်ခြင်းပင်။

ညဉ့်ခေါင်က လှည်းထဲ ကလေး‌တွေကိုထည့်၍တွန်းကာ လက်တစ်ဖက်က ယျာဉ်နှောင်း၏လက်ကိုကိုင်ထားလေသည်။ယျာဉ်နှောင်းက မီးဖိုချောင်သုံး ပစ္စည်းလေးတွေကို ကြည့်နေကာ ဘယ်ပစ္စည်းက ပိုကောင်း၊‌မကောင်း ရေးထားသည့် အညွှန်းလေးတွေကို ညဉ့်ခေါင်အား လက်တို့၍ ဖတ်ခိုင်းလေသည်။တစ်ချို့တလေကျ ညဉ့်ခေါင်လည်းမဖတ်တတ်ပြန်။ထိုင်းစာ၊ဂျပန်စာတွေ မသင်ထားမိတော့ တစ်ချို့တလေကျ မသိသည်မို့ ညဉ့်ခေါင်မှာ အီလည်အီလည်။ယူထားတဲ့ သူ့ယောက်ျား ညဉ့်ခေါင်ကို ဘာသာစကား (၁၂)မျိုးလောက်တတ်သည်လို့ ထင်နေတာတော့မဟုတ်ပေမယ့် သူ့ကိုအထင်ကြီးလွန်းသည့် ငယ့်အား အသည်းယားလွန်းလို့ ဆုပ်ကိုင်ထားတဲ့လက်လေးကို ညစ်လိုက်မိတာအခါခါ။

"သားလေး အဲ့တာတွေ မစားရဘူး chemical များတယ်"

လှည်းတဲ့ထိုင်လျက်ကနေ သူလက်လှမ်းမှီသလောက် လှမ်းဆွဲကာ တွေ့သမျှအကုန်ကောက်ထည့်နေတဲ့ ခေါင်ဦးလေးအား ညဉ့်ခေါင်က တွေ့ပါရက် မတားမိသည်မလို့ ငယ်က သူ့ဘက်အရင်လှည့်ကာ အံကြိတ်ပြ၍ သားလေးကိုလည်းဆူလိုက်သေးကာ မုန့်တွေကို ပြန်ချိတ်နေလေသည်။ခေါင်‌ဦးယံပြည့်ကတော့ ထုံးစံအတိုင်း သူလုပ်ချင်တာမလုပ်ရရင် နှုတ်ခမ်းလေးက စတင်ဆူလေပြီ။ညဉ့်ခေါင်မှာ ရယ်မိကာ 'ပြီးမှ ဖေဖေတို့ ဆိုင်မှာသွားစားကြမယ်'လို့ ပြောတော့မှ တွေ့ရာကောက်ဆွဲချင်နေသည့် သူ့လက်ကလေးများက လှည်းဘောင်ပေါ် ရောက်သွားလေတော့သည်။

"မောင် ဒါလေးကြည့် ဘယ်ဟာ‌ပိုကောင်းမယ်ထင်လဲ"

စာအုပ်ရောင်းသည့်ဘက် ရောက်လာသည်နှင့် သားနဲ့သမီးရေးဖို့ လေးကြောင်းမျဉ်းတွေ ရှာဝယ်နေသည့်ငယ်က ညဉ့်ခေါင်အားတိုင်ပင်လာသည်။နောက်က ညဉ့်ခေါင်ကို မကြည့်ဘဲ နာမည်မတူသည့်စာအုပ်နှစ်ဒါဇင်ကို လက်တစ်ဖက်စီကိုင်ပြီး ယှဉ်ကြည့်နေကာ မျက်မှောင်လေးတကုပ်ကုပ်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now