(29)(Uni+Zaw)

749 31 4
                                    

Unicode.......

အိုဂျီဆရာမပေးထားသော ဂျူးဒိတ်က နီးလာပြီမို့ တစ်ခုခုဆိုလျှင် အလျှင်မှီအောင် မိုးစွေဆွဲခြင်းကိုပြင်ထား၏။အဝတ်တစ်ချို့နှင့်လိုအပ်မယ်ထင်တာတွေကို ဆွဲခြင်းတစ်ခုထဲ ထည့်နေရင်း မျက်လုံးကလည်း ကုတင်ပေါ်မှာခြေထောက်ဆင်း၍ ဗိုက်ပူလေးကိုပွတ်ကာ ဘုရားစာရွတ်နေသည့် စုကိုလှမ်းကြည့်မိသည်။

ရှည်လျားတဲ့ဆံနွယ်တို့ကို ကပိုကရိုကလစ်ထိုး၍ သိမ်းထားသည်။ဗိုက်ဖုံးအင်္ကျီပန်းခရမ်းလေးနှင့် စုသည် လိုက်ဖက်လှသည်။ဘုရားစာရွတ်နေရင်းနှင့် စု၏မျက်နှာသည် တစ်ချက်မဲ့သွားသည်မို့ မိုးစွေစိုးရိမ်တကြီးထမိပါသည်။

"စု ဘာဖြစ်လို့လဲ"

"ကလေးက ခဏခဏကန်တယ်အစ်ကို ခါးစပ်တွေကိုက်နေတယ်"

"မွေးတော့မယ်ထင်တယ်"

မိုးစွေအမေ့ကို ဖုန်းလှမ်းဆက်ရတော့သည်။အမေက သူအပါအဝင်သားသုံးယောက်ဖွားထားသည့်မိခင်မို့ ပိုသိမည့်အားလျော်စွာ အလောတကြီးကပျာကယာမေးနေမိသည်။‌ဖွားတော့မည်က မှန်နေသည်မို့ ဆေးရုံကြိုတက်ထားဖို့ အမေကပြောလေသည်။သိပ်မကြာခင် အမေကလိုက်လာမည်ဟုဆို၏။

"အခန်းက ကိုယ်ကြိုယူပြီးသား ဆေးရုံကြိုတက်ထားကြမယ်နော်"

ခေါင်းညိတ်ပြသည့် စုကို ကြည့်ကာ မိုးစွေသက်ပြင်းသဲ့သဲ့ချမိသည်။နွမ်းလျနေသည့်ပုံလေးကို ကြည့်၍လည်းစိတ်မကောင်း။ကိုယ့်အတွက်နဲ့ သူ(မ)အများကြီး ပင်ပန်းနေပြီဖြစ်၏။

"ကိုယ်ဆေးရုံကိုဖုန်းဆက်ဦးမယ်"

Private ဆေးရုံမို့ ကြိုဖုန်းဆက်ထားတော့ အဆင်ပြေလှသည်။VIPလို့ မဆိုသာပေမယ့် လစဉ်လတိုင်းထိုဆေးရုံကို ထောက်ပံ့နေသူထဲက မိုးစွေလည်းအပါအဝင်မို့ အခန်းကကြိုပြင်ထားကြမှာဖြစ်သည်။ထို့ကြောင့် ဆေးရုံရောက်သည်နှင့် ထိုအခန်းကို ဦးတည်သွားရန်သာ။

"အစ်ကိုလေးတို့ရော လာမှာလားဟင်"

"ညဉ့်ခေါင်တို့က ခုမနက်ထွက်လာမှာဆိုတော့ နေ့လည်လောက်ရောက်မယ်။ဟန်သန့်စင်လည်း လာမှာ။စုရဲ့အဒေါ်က ဒူးနာနေတာဆိုတော့ လာနိုင်ရင် လာလိမ့်မယ်"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now