(18) (Uni + Zaw )

657 31 2
                                    

Unicode.......

"အစ်ကို ကျွန်တော်ကူပေးမယ်"

"ရပါတယ် သုတရဲ့ အစ်ကိုတစ်ယောက်တည်းလုပ်လို့ရတယ်။"

အခုမှမျက်နှာသစ်ပြီး‌ေအာက်ဆင်းလာပုံပေါ်သည့် သုတက ညဝတ်အင်္ကျီလေးတောင် မလဲရသေး။နဖူးပေါ်အုပ်နေတဲ့ ဆံနွယ်နက်နက်တစ်ချို့က ခပ်ရှုပ်ရှုပ်ရယ်ပါ။ပါးထက််မှာ ထင်းကာပေါ်နေသည့် စံပယ်တင်မှဲ့လေးနှင့် သုတက မနက်ခင်းစောစောမှာ သက်ရှိကြွေရုပ်လေးနှယ် ချစ်စရာကောင်းလှသည်။

"အာ မဟုတ်တာပဲဗျာ။ကျွန်တော်တို့လည်း စားမှာပဲ ကူပေးရမှာပေါ့။နောက်ပြီး အစ်ကိုယောက်ျားက သူ့ငယ့်ကို ခိုင်းစားပါတယ်ဆိုပြီး ကျွန်တော်တို့ကို မျက်‌ေထာင့်နီကြီးနဲ့ ကြည့်လိမ့်မယ်ဗျ။"

"ဟား ဖြစ်ရမယ် ဟုတ်ပြီ ဟုတ်ပြီ အစ်ကို့ကို ကန်စွန်းရွက်လေးကူခြွေပေးနော်"

"ဟုတ်"

ဤလိုနှင့် နှစ်ဦးသား မနက်စာရော၊နေ့လယ်စာအတွက်ပါ အတူတူချက်ပြုတ်ပြီးစီးသွားသည်အထိ အိမ်က နှစ်ယောက်က အခုချိန်ထိမနိုးသေး။ပုံမှန်ဆို မောင်က အစောကြီးထတတ်ပါရဲ့နှင့် အခုမှ အိပ်ပုတ်လုပ်နေသည်က ဘာသဘောလဲ။

"အစ်ကို မောင့်ကို သွားနှိုးလိုက်ဦးမယ်"

"ဟုတ် ကျွန်တော်လည်း ရေချိုးတော့မို့"

မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်အပြီး သွားနှိုးဖို့ပြင်ရတော့သည်။မနှိုးရင် ဘယ်အချိန်ထိ ဆက်အိပ်နေဦးမလဲ ယျာဉ်နှောင်းမပြောတတ်တော့။ရေချိုးမို့ဟု ဆိုလာသည့် သုတက သွားလေးစိကာရယ်ပြရင်း အပေါ်ထပ်သို့ တက်သွားလေရဲ့။

ယျာဉ်နှောင်းလည်း မောင်ရှိရာ အိပ်ခန်းဆီသို့ ဦးတည်ရင်း…

"မောင်ရေ ဘယ်အချိန်ထိ အိပ်နေမှာလဲဟင်"

ကုတင်ပေါ်ဘေးတစောင်းထိုင်လျက်  ခေါင်းအုံးတခြား ခေါင်းတခြား၊ကိုယ်တခြား စောင်တခြားဖြစ်နေကာ မှောက်ယက်အိပ်နေသည့် မောင့်ကို ကျောပြင်ကို လက်နဲ့ဖွဖွလှုပ်၍ နှိုးနေရသည်။

"မောင့်အဒေါ်ဆီသွားမယ်ဆို မောင်ရေ"

မှောက်ယက်အိပ်နေရာကနေ ပလက်လှန်လိုက်သည့်မောင်သည့် မျက်လုံးစူးစူးတို့ကလည်း ပွင့်လာပြီဖြစ်သည်။ရှုပ်ပွနေသည့် ဆံပင်တို့ကို လက်နဲ့သပ်ပေးရင်း

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now