(6) (Uni+Zaw)

1.2K 43 4
                                    

Unicode.........

အေးစိမ့်နေတဲ့အခန်းတွင်းတစ်နေရာက အချိန်ကြာမြင့်စွာဖွင့်လျက်ထားရှိနေသည့် aircon လေကြောင့်။အေးစက်စက်နှဲ့စိမ်းသက်သက်လေနှင့် နည်းတူ တိတ်ဆိတ်နေကြသည့် လူသားနှစ်ယောက်က ကုတင်ရဲ့တစ်ဖက်တစ်ချက်ဆီမှာ။တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေခဲ့တဲ့ ထိုအခန်းငယ်မှာ ကုတင်ပေါ်က လူသားနှစ်ယောက်က မလှုပ်မယှက်။ညဉ့်ခေါင်က ငယ့်မျက်နှာကိုတရှိုက်မက်မက် ကြည့်နေခဲ့ပေမဲ့ မျက်နှာလွဲခဲပစ်လုပ်နေသူ ယျာဉ်နှောင်းက အခန်းရဲ့နံရံကိုသာ မျက်နှာမူထားလျက်။

စိတ်ဆိုး၊စိတ်ကောက်ခြင်းဟာ မောင်နဲ့ချစ်သူသက်တမ်းအတွင်းမှာ ယျာဉ်နှောင်းနှင့်တော်တော်လေးအကျွမ်းဝင်နေခဲ့သည်မို့ အခုလိုထပ်ပြီးစိတ်ဆိုးနေရခြင်းက ယျာဉ်နှောင်းနဲ့မစိမ်းသက်တော့။မနေနိုင်သူက အတင်းရော၊ကာရော ယျာဉ်နှောင်းကို လိုက်ချော့တတ်ပေမဲ့ အခုတော့စိုက်ကြည့်နေရုံမှလွဲ ဘာစကားမှပြောမလာ။မသိမသာတစ်ချက်၊တစ်ချက်ခိုးခိုးကြည့်နေမိသည်တွင် မြင်နေရသည့် စိတ်ရှုပ်နေသည့်မျက်လုံးအစုံတို့ကြောင့် ယျာဉ်နှောင်းမှာ စိတ်မကောင်း။(၁)ပတ်။အိမ်ထောင်သက်သည် (၁)ပတ်သာလျှင် ရှိခဲ့သေးသည်။ထိုတစ်ပတ်အတွင်းမှာ ကတောက်ကစဖြစ်နေရတာလည်း မနည်းခဲ့။စိတ်အခန့်မသင့်တိုင်း ယျာဉ်နှောင်းနဲ့ စကားများရသည်မှာလည်း ညဉ့်ခေါင်၏ ကဲကဲပိုမှုတွေကြောင့်။

ဘယ်အရာကိုမဆို ငယ့်ကိုစိတ်ပူလို့ပါ ဆိုသည့် အကြောင်းပြချင်နှင့် ယျာဉ်နှောင်းကို ဘာမှမလုပ်စေချင်။မီးဖိုခန်းထဲ သူကိုယ်တိုင်ပဲ ဝင်ချင်သလို အိမ်ကအလုပ်ကိစ္စမှန်သမျှ သူပဲလုပ်ချင်သည်။ယုတ်အစွဆုံး ယျာဉ်နှောင်းအား ကိုယ့်အင်္ကျီတောင် ပေးမလျှော်သည်မို့ ယျာဉ်နှောင်းမောင့်ကို ကောက်နေသည်မှာ အပြစ်လို့ မဆိုသာဘူးမလား။

တစ်စတစ်စ အောင်မြင်နေတဲ့Showroomကို မောင်တစ်ယောက်ဦးစီးရသည်။တစ်ခါတစ်လေ အလုပ်များလွန်းလို့ ညဖက်တွေအိပ်ရေးပျက်နေရသည်မှာ အိမ်ထောင်မကျခင် ချစ်သူဘဝကတည်းက ယျာဉ်နှောင်းအသိ။ဤသည်ကို အိမ်အလုပ်တွေထိပါ လုပ်ချင်လာသူက ငယ်ထိခိုက်မှာ မလိုချင်ဘူးဆိုသည့် စကားတွေနှင့် ယျာဉ်နှောင်းလုပ်သမျှကို ပိတ်ပင်သည်။မီးဖိုခန်းဝင်ရင် အပူလောင်တတ်သည်က အစချီကာ သူ့ရဲ့စိတ်ပူနိုင်စွမ်းတွေက ပြောမကုန်တော့။အဝတ်လေးများ လျှော်မိရင် ငယ့်လက်နုနုလေးတွေ နာကုန်မယ်က စသည်။လက်နဲ့နည်းနည်းလေးဖွတ်ပြီး အဝတ်လျှော်စက်ထဲထည့်သည်တွင် တော်တော်လေးလက်နာစရာကိစ္စများ ပါခဲ့သလားတော့ မပြောတတ်တော့။

"ချစ်သော...."(S2)(married life)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin