(9) (Uni+Zaw)

1K 32 0
                                    

Unicode..........

🚨This part contains mature scenes.🚨

•••••••••

ငယ့်၏ ခေါင်းညိတ်လက်ခံလိုက်မှုအဆုံး နှုတ်ခမ်းထူတွေရဲ့ ဦးတည်ရာသည် ချယ်ရီရောင်နှုတ်ခမ်းပါးလေးဆီဖြစ်သည်။ကျွမ်းကျင်စွာ နှုတ်ခမ်းပါးလေးအားခြယ်လှယ်နေမှုအဆုံး မွတ်သိပ်လာသည့် အနမ်းကြမ်းကြမ်းတို့သည့် ခန္ဓာကိုယ်တစ်နေရာကို ပူလောင်ပြင်းပြလာစေ၏။

"မောင်~~"

"ဗျာ"

လည်ပင်းသားနုနုကို ငုံထွေးနေစဉ် မောဟိုက်သံလေးနံ့အတူ ခေါ်လာသံလေးကြောင့် ညဉ့်ခေါင် ငယ့်ကိုကြည့်လိုက်မိသည်။ရဲမှည့်နေသော မျက်နှာနုနုသည် ညဉ့်ခေါင်ကိုပြောစရာတစ်ခုခုရှိနေဟန်။

"ဧည့်...ဧည့်ခန်းထဲမှာပဲ....ဟို..ဟိုဟာ...လုပ်...လုပ်မလို့လား.."

ထစ်ထစ်ငေါ့ငေါ့နဲ့ဆိုလာတဲ့ စကားသံလေးအဆုံး ညဉ့်ခေါင်ရောက်ရှိနေသည့် နေရာကိုကြည့်မိသည်။ဖြစ်ချင်သည့်စိတ်ဆန္ဒတို့ပြင်းပြလာသည်အခါ ညဉ့်ခေါင်ဘာမှသိပ်မတွေးနိုင်ခဲ့ပဲ ငယ့်အပေါ်စိတ်ကြိုက်ပြုမူနေခြင်းသာ။ငယ်ပြောကာမှ သတိရမိတော့ ငယ့်မျက်နှာအားကြည့်ကာ မချိပြုံးပြုံးပြပြီးသည့်နောက်

"ဟဲ မောင် လောသွားတယ်"

ဆိုပြီးသည့်စကားနောက် ဆွေ့ခနဲပွေ့ချီခံလိုက်ရသော ကိုယ်ငယ်သည် ရုတ်တရပ်မို့ လန့်ဖြန့်ကာ လက်နှစ်ဖက်ကလည်ပင်းထက် ချိတ်မိလျက်သား။အပေါ်ကနေ ဖိထားသူက ဂျိုင်းအောက်ကနေ ပင့်မချီသည်တွင် ယျာဉ်နှောင်း၏ ခြေထောက်နှစ်ဖက်သည် မောင့်ခါးကိုခွမိသွားလျက်။ယျာဉ်နှောင်း၏ ကိုယ်ငယ်သည် တကယ်ကိုသေးသေးကွေးကွေးလေးဖြစ်သည်မို့ အခုပုံစံလေးသည့် ညဉ့်ခေါင်၏ရင်ဘတ်ပေါ်မှာ ဖားပျံလေးတွယ်ကပ်နေသည့်အလား။

"မောင်!အောက်ပြန်ချပေး! ငါဘာသာလမ်းလျှောက်...အွန့်!"

စကားတောင်ဆုံးအောင်မပြောလိုက်ရပဲ သိမ်းပိုက်ခံလိုက်ရသည့် နှုတ်ခမ်းပါးလေးသည့် နှုတ်ခမ်းထူတွေ၏ ကျွမ်းကျင်ခြယ်လှယ်စွာ စားသုံးခြင်းကို မလွန်နိုင်စွာ ခံလိုက်ရလေရဲ့။ပိုမိုနက်ရှိုင်းလာသည့် ခပ်ကြမ်းကြမ်းအနမ်းတို့ကြောင့် မောင့်လည်ပင်းထက် ဖက်တွယ်ထားသော ယျာဉ်နှောင်း၏လက်နုနုလေးသည် ပိုမိုတင်းကြပ်လာသည်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now