(3) (Uni+Zaw)

1.5K 71 22
                                    

Unicode.......

လေပြည်လေးတွေက ပတ်ဝန်းကျင်တစ်ခွင် ခပ်ငြိမ့်ငြိမ့်လေးတိုးဝှေ့တိုက်ခတ်နေသည်။အုတ်ခဲလေးတွေကို သေသေသပ်သပ်နှင့် လှလှပပစီရီထားသော မြင့်မားသော အုတ်တံတိုင်းခတ်ထားသည့် အိမ်ရှေ့တစ်နေရာ၌ စိုက်ပျိုးထားသော အပင်ငယ်လေးတွေနဲ့အတူ ကျယ်ဝန်းလှသော ခြံကျယ်ကြီးထဲ၌ မျက်စိတစ်ဆုံးမြင်တွေ့နိုင်သည့် ဖွေးဖွေးလှုပ်အောင်စိုက်ပျိုးထားသော နှင်းဆီဖြူငယ်လေးတွေက လေပြည်လေးတွေနဲ့အတူ ယိမ်းနွဲ့ကခုန်နေသည်။

အဖြူရောင်နှင့်ခဲရောင်ကို စပ်ကာဆေးသုတ်ထားသည့် အမြင်ဆန်းသည့် နှစ်ထပ်ခွဲ တိုက်မြင့်လေး။မှန်အကြည်လေးကို လိုက်ကာပါးဖုံးကွယ်ထားသည့်၊အပြင်ဘက်ကနေတောင်မြင်ရနိုင်သည့် သေသပ်လှပသည့် ဧည့်ခန်းတစ်နေရာ။နိုင်ငံခြားခေတ်မှီအိမ်လေးတစ်အိမ်လို လှပနေသည့် ထိုအိမ်ကလေးမှာ ချစ်မေတ္တာတွေစတင်လာတော့မည့် ရိပ်မြုံလေးတစ်ခု။တစ်နည်းအားဖြင့်ဆိုရလျှင်တော့ တစ်ယောက်ပေါ်တစ်ယောက်မေတ္တာသက်ဝင်နေကြပြီဆိုကတည်းက သက်ဆုံးတိုင်ပေါင်းဖက်ကြဖို့ရန် ရည်ရွယ်ထားကြသည်မို့ မေတ္တာမပျက်တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးနေရင်းအသက်တွေကြီးသည့်အခါ မပူမပင်နေထိုင်နိုင်ဖို့ရန်ရည်စူးကာဝယ်ခဲ့ကြသည့် ထိုအိမ်ငယ်လေး။လှပလွန်းသည့်အပြင် အပင်ငယ်လေးတွေများပြားလွန်းသည့် ထိုအိမ်လေးဟာ အမြင်အေးစေသည့်အပြင် နေချင်စရာလေးဖြစ်နေပေတော့သည်။

ကျယ်ဝန်းလှသည့် ထိုခြံကျယ်ကြီးအတွင်း မီးရောင်လေးတွေတလက်လက်နှင့်။အစီအရီသေသေသပ်သပ်ချကာထားသည့်စားပွဲခုံဝိုင်းလေးတွေနဲ့အတူ ပိတ်ပါးဖြူလေးတွေနှင့်လှလှပပစည်းနှောင်ထားသည့် ထိုင်ခုံလေးတွေ။နှင်းဆီဖြူလေးတွေကို လှပစွာအလှဆင်ထားသည့် ထို dinner party လေးက တကယ့်ကိုခမ်းနားလွန်းသည်။

မနက်က နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီးကြပြီမို့ ညနေဘက်မှာ party ပွဲလေးကျင်းပဖို့ပြင်ဆင်နေကြတာဖြစ်သည်။နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးစဉ်ကလည်း ညဉ့်ခေါင်တစ်ယောက် အစ်ကိုယျာဉ်နှောင်းရေးထိုးထားသောလက်မှတ်လေးကို လက်နှင့်ခပ်ဖွဖွထိကာ တရှုံ့ရှုံ့ငိုသေးသည်ကြောင့် သူတို့တွေဝိုင်းစနေခဲ့ကြသေးတာ။အိမ်မက်တစ်ခုလိုသာ ထင်နေသေးသည်လားမသိ။အခုချိန်ထိ ပြင်ဆင်နေတဲ့ညဉ့်ခေါင်တစ်ယောက်ပွဲချိန်နီးနေတာတောင် အောက်ကိုဆင်းမလာသေး။ထို့ကြောင့် သူတို့တွေပင် ပွဲ၏ အဓိကသတိုးသားကြီးကိုသွားခေါ်ဖို့ပြင်ရလေတော့သည်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now