(31)(Uni+Zaw)

819 31 0
                                    

Unicode......

"အား ညောင်းလိုက်တာ!"

"မောင် ဖယ်ကွာ"

အခန်းထဲ ရောက်ရောက်ချင်း ကုတင်ပေါ်အကြောဆန့်လှဲတာတောင် ယျာဉ်နှောင်းကို အပါဆွဲ၍ သူ့ရင်ခွင်အောက်ထည့်‌ပစ်တာမို့ ယျာဉ်နှောင်းစိတ်တိုတိုနှင့်အော်လိုက်သည်။သူ့ကို ကြည်နေတာများမှတ်လို့။ယျာဉ်နှောင်းရှက်နေတာသိပါရက်နှင့် မိုးစွေရှေ့မှာတောင် မထိတထိလိုက်စနေတာမို့ အဲ့မှာထဲက စိတ်ကမကြည်တော့။ပါးလေးထိလိုက်၊နားလေးထိလိုက်နဲ့ တော်တော်လေးကို အူမြူးနေပုံ။ကြည့်မရလို့ ဗိုက်ကြောလိမ်ဆွဲလဲ အဲ့ကိုယ်တော်ချောက နည်းနည်းလေးမှမှုတာမဟုတ်။ထို့ကြောင့်ပြန်လာတဲ့တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောတော့လည်း အငြိမ်မနေဘဲ လူကိုလိုက်စသည်။ယားတတ်တာသိပါရက်နှင့် ခါးကိုလာလာတို့သည်ကြောင့် ရိုက်ထုတ်ရတာ အခါခါ။

"အင်းးးး မောင်! ဖယ်!ရေချိုးမလို့"

"နောက်ပြီးမှချိုး"

လည်ပင်းသားတွေကို ငုံခဲနေကာ လက်ကအငြိမ်မနေပဲ အင်္ကျီအောက်လျှိုဝင်ပြီး လိုက်ပွတ်သပ်နေတာမို့ လူကမရိုးမယွဖြစ်လာရသည်။မောင်ရင်ဘတ်ကိုတွန်းကာဖယ်နေသော်လည်း အပေါ်ကနေတက်ဖိထားသည်မို့ လှုပ်မရတော့။

"ဖယ်တော့ အ့! မောင် ငါရေချိုးမလို့ပါဆို!"

လည်ပင်းကိုငုံကာ ကိုက်လိုက်သည်ကြောင့် ဆစ်ခနဲ။အာငွေ့နွေးနွေးက လည်ပင်းတစ်ဝှိုက်ဖြန့်ကျက်နေကာ ကြာလာတော့ လူက စပ်ဖျင်းဖျင်းဖြစ်လာသည်။တစ်ကိုယ်လုံးကလည်း ကပ်စေးနေသည်လို့ခံစားနေရသည်မို့ မနေတတ်ဖြစ်လာသည်။ရင်ဘတ်ကိုတွန်းနေသော်လည်း တွန်းတဲ့လက်ကိုတောင် ဆွဲကိုက်သည်မို့

"အ့! မောင် မင်းက တကယ်ခွေး! ဖယ်ပါဆို!"

ပြောနေသော်လည်း လှုပ်ရှားနေမှုက ရပ်မသွား။ယျာဉ်နှောင်းအင်္ကျီကြယ်သီးအား သုံးလုံးလောက်ဖြုတ်၍ ရင်ဘတ်ဆီ မျက်နှာကပ်လာသည်ကြောင့် ပြောမရမဲ့အတူတူ အလိုတော်ကျ ငြိမ်ပေးရန်ပြင်လိုက်စဉ်

ဒေါက်! ဒေါက်!

"အစ်ကိုလေး! အောက်မှာ အစ်ကိုလေးအမေရောက်နေလို့ ကြီးကြီးကဆင်းခဲ့ပါဦးတဲ့"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now