(16)(Uni + Zaw )

829 32 3
                                    

Unicode .....

တစ်ခုသော ညနေခင်းတစ်ခုဝယ် ဝေဝေဆာဆာပွင့်ဖူးနေသော ပိတောက်ပန်းများကိုကြည့်၍ ဘုရားပန်းတင်ဖို့ ပြင်‌နေသူသည် နောက်ဖေးရှိ ဝါးလုံးတစ်လုံးကို ဆွဲမလို့ ပိတောက်ပင်ရှိရာသို့ ဦးတည်သည်။အသွားအလာသိပ်မရှိ၍ စုပြုံနေသော ချုံနွယ်တွေသည် လမ်းတစ်လျှောက် ပြည့်နှက်နေသည်မို့ ယျာဉ်နှောင်းမှာ ဝါးလုံးဖြင့်ဟိုဖယ်၊ဒီဖယ်။စိုစွတ်စွတ်မြက်ပင်တွေနှင့်အတူ စိုထိုင်းနေတဲ့မြေပြင်ကြောင့် သွားရလာရအခက်အခဲရှိသည်ကိုပင် ယျာဉ်နှောင်းမှာ ဇွဲမလျော့သေး။

လိုရာခရီးကိုသာ အရောက်နှင်နေသည့်ခြေလှမ်းပိုင်ရှင်သည် ဂျင်းဘောင်းဘီခပ်ပွပွအတိုလေးကိုဝတ်ထားသည်။ပြောင်ရှင်းနေသည့် ‌ခြေတလုံးဥဥအား ညဉ့်ခေါင်မြင်လျှင် သွေးတက်ဖွယ်ပင်ရှိ၏။

ထီးထီးမားမားရှိနေသည့်ပိတောက်ပင်နားအရောက် မှီရာ ပိတောက်ခက်ကို ဝါးရင်တုတ်ဖြင့်လိမ်ကာ ခူးနေလျက်။ဘုရားပန်းကပ်ဖို့ အလုံအလောက်နီးပါးလောက်ရပြီဆိုကာမှ ယျာဉ်နှောင်းမှာ အိမ်ထဲပြန်ဝင်ဖို့ပြင်သည်။ချုံနွယ်တွေကို ကျော်ခွသွား၍ အိမ်ထဲပြန်အရောက် ယားစိစိ ခြေတလုံးပြင်သည် အသည်း၊အူတွေပါ ကလိကလိဖြစ်ရသည်အထိ။ပိတောက်ပန်းခက်တွေကို အမြင့်တစ်နေတင် ‌ယား‌နေသည့်ခြေတလုံးကို လှမ်းကုတ်ဖို့လက်အလှမ်း မြင်လိုက်ရသည့် နီပြောင်ရဲအကောင်ခပ်သေးသေး။

"အားးးးး မောင်ရေ"

ကျယ်လောင်စွာ အော်ဟစ်နေသည့် အသံသည် အိမ်အတွင်းကို ပျံ့နှံ့သွားသည်။ရေချိုးခန်းထဲ၌ အဝတ်လျှော်နေသော ညဉ့်ခေါင်မှာ ချစ်ရသူအသံအား ကြားမိခိုက် ရေချိုးခန်းထဲမှ အလျှင်သုတ်ကာ အသံကြားရာဆီ ပြေးရလေရဲ့။

လက်ကောက်ဝတ်တစ်လျှောက် ဖွေးဖွေးလှုပ်နေတဲ့ ဆပ်ပြာမြှုပ်လည်း မဆေးနိုင်အား၊ခြေထောက်တွေ ရေစိုနေသည်ကိုလည်း သတိမထားမိတော့။အလျှင်အမြန် ငယ့်ဆီပြေးလေတော့ ကြမ်းပြင်နဲ့ချောကာ ဘုန်းခနဲ ခွေးကျ,ကျခံနည်း မှီရာလက်ရမ်းတစ်ခုကို ဆွဲကိုင်မိလို့သာ တော်သေးသည်။

"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ငယ် ဟင်"

မြင်လိုက်ရသည့် မျက်ရည်တွေစို့နေသော ငယ့်မျက်နှာလေးအားကြည့်၍ ညဉ့်ခေါင် ကပျာကယာမေးလိုက်သည်။ဘူးသီးလုံးလောက် ခိုသီးနေသော မျက်ရည်ဥကြီးကို လက်နဲ့ခပ်ဖွဖွဆွဲသုတ်ပေးလိုက်တော့ ရှိုက်သံတွေကြားကမှ စကားသံခပ်တိုးတိုး။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now